Home » » ချင်းပြည်နယ်သို့ ကွင်းဆင်းလာသည့် သမ္မတရုံးဝန်ကြီးများထံ ပြည်နယ် အစိုးရ တင်ပြရန် မရှိဟုဆို

ချင်းပြည်နယ်သို့ ကွင်းဆင်းလာသည့် သမ္မတရုံးဝန်ကြီးများထံ ပြည်နယ် အစိုးရ တင်ပြရန် မရှိဟုဆို

Written By Unknown on Monday, September 23, 2013 | 1:03 PM

ကလေး၊ စက်တင်ဘာ ၂၂

မြန်မာနိုင်ငံတွင် ဒေသဖွံ့ဖြိုးတိုးတက်မှု အနှေးဆုံးဖြစ်သော ဒေသများတွင် အပါအဝင်ဖြစ်သည့် ချင်းပြည်နယ် ဟားခါးမြို့သို့ နိုင်ငံတော် သမ္မတရ...ုံးမှ ပြည်ထောင်စုဝန်ကြီးများ ဖြစ်သော ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်းတို့သည် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရောက်ရှိ လာသော်လည်း ချင်းပြည်နယ် အစိုးရအနေနှင့် ၎င်းတို့ထံ တင်ပြရန် ကိစ္စရပ်များ မရှိကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
“ဒီကနေ့ပဲ ကလေးမြို့ကနေ ဟားခါးကို ရောက်ပါတယ်။ ရခိုင်ဘက်ကို သွားခဲ့သလို ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တွေကို နယ်မြေ ကွင်းဆင်း လေ့လာနိုင်ဖို့ အတွက်လို့ သိရပါတယ်” ဟု ပြည်နယ် သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်ငြိမ်းက ဆိုသည်။

အဆိုပါ ဝန်ကြီးနှင့် အဖွဲ့သည် မြို့နယ်အလိုက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ပြည်နယ် အစိုးရအနေနှင့် တင်ပြစရာများ မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သမ္မတရုံးဝန်ကြီးများနှင့် တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပလက်ဝမြို့နယ်မှအပကျန် ရှစ်မြို့နယ်မှ တက်ရောက်မည်ဖြစ်ပြီး ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြုလုပ်ခဲ့စဉ်က တက်ရောက်ခဲ့ပြီး ဖြစ်ကြောင်း ဦးကျော်ငြိမ်းက ရှင်းပြသည်။

ဖေဖော်ဝါရီလ အတွင်းကလည်း ချင်းပြည်နယ်သို့ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် သမ္မတရုံးဝန်ကြီးများ ရောက်ရှိခဲ့ပြီး ချင်းပြည်နယ်တွင် လေယာဉ်ကွင်း ဖောက်လုပ်ရေး အပါအဝင် လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေးနှင့် လျှပ်စစ်မီး ရရှိရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

မြတ် (ကလေး)

The Voice Weekly