Home » » ဩဂုတ်လလယ်အထိ နိုင်ငံခြားခရီးသွားဝင်ရောက်မှု တစ်သန်းအထိရှိလာ

ဩဂုတ်လလယ်အထိ နိုင်ငံခြားခရီးသွားဝင်ရောက်မှု တစ်သန်းအထိရှိလာ

Written By Unknown on Sunday, September 1, 2013 | 7:17 PM

၂၀၁၃ ခုနှစ် ဩဂုတ်လလယ်အထိ မြန် မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင် ရောက်မှုမှာ တစ်သန်းနီးပါးရှိလာ ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာတင်ရွှေက ပထမအကြိမ်ပြည်ထောင်စုလွှတ် တော်သတ္တမပုံမှန်အစည်းအဝေး ၁၈ရက်မြောက်နေ့တွင် ပြောသည်။
ဟိုတယ်နှင့် ခရီးသွားဝန်ကြီး ဌာနဒုတိယဝန်ကြီး ဒေါက်တာ တင်ရွှေက '' နိုင်ငံခြားသားခရီး သွားတိုးတက်မှုက ဒီနှစ်မိုးတွင်း ကာလမှာတောင်မှ အတော်လေး ဝင်နေတယ်။ ဩဂုတ်လယ်အထိ ဆိုရင် ကိုးသိန်း၊ ရှစ်သောင်းအ ထိကို ရှိနေတယ်။ ဒီလိုတိုးတယ် ဆိုပေမယ့် ဟိုတယ်လုပ်ငန်းရှင်တွေ အခန်းခတွေမတက်ဖို့ကို လုပ် ဆောင်နေပါတယ်''ဟုဆိုသည်။

ယင်းကဆက်လက်ပြော ဆိုရာတွင် ဩဂုတ် ၂၈ရက်မှစတင် ကာ ထိုင်းနိုင်ငံနယ်စပ်ပတ်စ် ပို့နှင့် ဗီဇာဖြင့် တရားဝင်နိုင်ငံခြား ခရီးသွားဝင်ရောက်ရန်အတွက် ဂိတ်ပေါက်လေးခုအား ထပ်မံခွင့် ပြုခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံဘက်မှ လည်း အဆိုပါနယ်စပ်ဂိတ်ပေါက် များထပ်မံခွင့်ပြုနိုင်ရန် လုပ်ဆောင် သွားရန်ရှိနေကြောင်း၊ မြန်မာ နိုင်ငံ၏ ဟိုတယ်လုပ်ငန်းတိုးတက် လာသည့်အတွက် ဘွဲ့ရလူငယ်အ များစုမှာလည်း ဟိုတယ်လုပ်ငန်း ပိုင်းတွင် ယခင်နှစ်များထက် ပိုမို စိတ်ဝင်စားလာကြသော်လည်း စီမံအုပ်ချုပ်မှုပိုင်းတွင် အားနည်း ချက်များရှိနေသေး၍ ဖြည့်ဆည်း လုပ်ဆောင်သွားရန်ရှိနေသည် ဟုဆိုသည်။

ဟိုတယ်လုပ်ငန်းရှင် ဦးဇော် ထိုက်အေးက'' နိုင်ငံခြားသားဝင် လာတာနဲ့အမျှ ဟိုတယ်လုပ်ငန်း ကပွင့်လင်းလာတာပဲ၊ အခုလဲလုပ် ငန်းရှင် တော်တော်များများက ဟိုတယ်လုပ်ငန်းကိုစိတ်ဝင်စား လာကြပြီ။ ရန်ကုန်မှာဆိုလဲ ဟို တယ်အသစ်တွေ အများကြီး ထပ်တိုးတည်ဆောက်နေတယ်၊။နောက်လဲ ထပ်တိုးဖို့တွေရှိနေ တာ လုပ်ငန်းရှင်တွေက သူ့အစီ အစဉ်နဲ့သူလုပ်နေကြတာပါ''ဟု ဆိုသည်။
ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာတင်ရွှေက ယခု နှစ်တွင် ဝန်ကြီးဌာန၏ လျာထား ချက်သည် ၁ဒသမ၈သန်းဆိုသော် လည်း နိုင်ငံတော်မှ နှစ်သန်းအ ထိတိုးရန် မျှော်မှန်းထားကြောင်း သိရသည်။

ယခု ၂၀၁၃ဘဏ္ဍာနှစ် ဇွန် လအထိ မြန်မာနိုင်ငံအတွင်းဝင် ရောက်လာသည့် နိုင်ငံခြားသားခရီး သည်ဦးရေခုနစ်သိန်းအထိရှိနေ ရာ နှစ်လတာကာလအတွင်း သုံး သိန်းနီးပါးအထိ ထပ်တိုးလာခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ သိရသည်။

နိုင်နိုင်ဇော် ၊သြဂုတ်(၃၁) ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ
Yangon Media Group