မလေးရှားနိုင်ငံက တရားမ၀င်နေထိုင် အလုပ်လုပ်ကိုင်နေသူများကို စီမံချက်နဲ့ ဖမ်းဆီးထားတဲ့ အယောက် ၂၄၀၀ ထဲက ၅၅၅ ယောက်ဟာ မြန်မာ နိုင်ငံက ဖြစ်တာကို တွေ့ရှိခဲ့တဲ့အတွက် မြန်မာသံရုံးက စိစစ်နေပြီး မြန်မာနိုင်ငံသား မှန်ကန်တယ်ဆိုရင် မြန်မာနိုင်ငံကို ပြန်ခေါ်ဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတဲ့ အကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦး ရဲထွဌ် ရဲ့ Facebook စာမျက်နှာမှာ ဖေါ် ပြထားပါတယ်။
မလေးရှားနိုင်ငံမှာ စက်တင်ဘာ ၁ ရက်နေ့ကစပြီး တရားမ၀င်နေထိုင် အလုပ်လုပ်ကိုင်နေသူများကို စီမံချက်နဲ့လူပေါင်း ၈၁၀၀ ကို ဖမ်းစီးခဲ့ပြီး အဲဒီထဲက တရားဝင် အလုပ်လုပ်ခွင့် အထောက်အထား မ ရှိသူ အယောက် ၂၄၀၀ ကို သက်ဆိုင်ရာ ဌါနေ နိုင်ငံတွေ ကို ပြန် ပို့ဖို့ စီစဉ်သွားမယ်လို့ သိရပါတယ်။
အဲဒီ ထိန်းသိမ်းထားတဲ့အထဲက မြန်မာနိုင်ငံ ၅၅၅ အင်ဒိုနီးရှားနိုင်ငံသား ၇၁၇ ယောက်ဘင်္ဂလားဒေ့ရှ်နိုင်င ၃၈၇ ယောက်၊ နီပေါနိုင်ငံ က ၂၂၉ ယောက် နဲ့ ကျန် တဲ့ လူတွေက ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တရုတ်၊ နိုင်ဂျီးရီးယားနိုင်ငံ ကဖြစ် ကြတယ်လို့ ပါရှိ ပါတယ်။
မြန်မာနိုင်ငံက အဖမ်းခံရတဲ့အထဲက အများစုဟာ ချင်း တိုင်းရင်းသားတွေ ဖြစ်ကြတယ်လို့ လဲ သိ ရ ပါတယ်။ အခုလို တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေ မလေးရှားမှာ ၇ သိန်းလောက် ရောက် ရှိ နေ တဲ့ အတွက်၊ ၃လ ကြာ စီမံကိန်း နဲ့ အယောက် ၅သိန်းကို ဖမ်းစီး ပြန်ပို့မှာဖြစ်တယ်လို့ သိ ရ ပါတယ်။
ABC Radio Australia