Home » » ဝေးလံသောဒေသများရှိ တိုင်းရင်းသား ကလေးများ၏ အသိပညာဖွံ့ဖြိုးရေးမြှင့်တင်ရန် အရေးတကြီးလိုနေ

ဝေးလံသောဒေသများရှိ တိုင်းရင်းသား ကလေးများ၏ အသိပညာဖွံ့ဖြိုးရေးမြှင့်တင်ရန် အရေးတကြီးလိုနေ

Written By Unknown on Monday, September 9, 2013 | 4:28 PM

ဝေးလံခေါင်ဖျားဒေသများရှိ တိုင်း ရင်းသားကလေးများ၏ အသိ ပညာဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင် ပေးရန် အရေးတကြီးလိုအပ်နေ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် ကြည်က ပြောသည်။

စက်တင်ဘာ ရရက်က နေ ပြည်တော် တပ်ကုန်းမြို့နယ် မြန် မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ပြုလုပ်သော တိုင်းရင်းသားလူမျိုး များ ရုပ်သံလိုင်း အကြိုစမ်းသပ် ထုတ်လွှင့်ခြင်းအခမ်းအနားတွင် ယင်းသို့ပြောကြားခြင်းဖြစ်သည်။

''တိုင်းရင်းသားလူမျိုးစု များရဲ့ ရုပ်သံလိုင်းတွေတိုးချဲ့လွှင့် ပေးလိုက်တာဟာ ပြန်ကြားပေး ရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေး ရန်ဆိုတာထက် ပိုပြီးအရေးကြီး တာက ဘာလဲဆိုရင် အသိပညာ ဖွံ့ဖြိုးတိုးတက်လာအောင် ပြုလုပ် ပေးခြင်းဖြစ်တယ်။ အသိပညာဖွံ့ ဖြိုးတိုးတက်ရေးဟာ မြို့ကြီးတွေ မှာပဲ လုပ်နေရတဲ့အလုပ်မျိုးမဟုတ် ပါဘူး။ အသိပညာဖွံ့ဖြိုးတိုးတက် ရေးစဉ်းစားကြည့်ရင် ဟိုးဝေးလံ ခေါင်ဖျားဒေသတွေမှာရှိတဲ့ တိုင်း ရင်းသားကလေးတွေကို မြင်ဖို့လို ပါတယ်။ မြို့ပေါ်မှာ ရှိနေတဲ့လူ တွေရဲ့ အသိပညာဖွံ့ဖြိုးတိုးတက် ရေးဟာ ပြည်တွင်းမှာရှိနေတဲ့ လက်ရှိမီဒီယာအားနဲ့ အထိုက်အ လျောက် လုံလောက်မှုရှိတယ်လို့ ပြောလို့ရပေမယ့် ဝေးလံခေါင် ဖျားမှာရှိနေတဲ့ တိုင်းရင်းသား ကလေးတွေရဲ့ အသိပညာဖွံ့ဖြိုး တိုးတက်ရေးဟာ ဘာနဲ့ပဲ ကူညီ ဆောင်ရွက်ပေးထားထား လုံ လောက်မှုရှိတယ်လို့ ပြောလို့မရ နိုင်ပါဘူး။ ဒါကြောင့် ဒါကို မြှင့် တင်ပေးဖို့ အရေးတကြီးလိုအပ် နေပါတယ်လို့ တောင်းဆိုတာ ဖြစ် ပါတယ်။ ဒီနေရာမှာ မြန်မာ့အ သံချည်းပဲ၊ ပြန်ကြားရေးဝန်ကြီး ဌာနကချည်းပဲ လုပ်ပေးလို့မရ ပါဘူး''ဟု ပြောကြားခဲ့သည်။

၎င်းအပြင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်ပြောကြား ချက်များတွင် ''တစ်တိုင်းတစ်ပြည် လုံး ဖွံ့ဖြိုးတိုးတက်မှုဟာ မြို့ကြီး များ ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ ဆို လိုခြင်းမျိုးမဟုတ်။ တိုင်းနဲ့ပြည် နယ်ဒေသများအားလုံး ကျေးလက် ဒေသများပါမကျန် အဝေးဆုံးအ ခေါင်ဖျားဆုံးရောက်နေတဲ့ နေ ရာဒေသတွေပါမကျန် ယင်းဒေသ တွေမှာရှိနေတဲ့ ကလေးသူငယ် တွေ၊ သက်ကြီးရွယ်အိုတွေပါ မကျန် အကုန်လုံးရဲ့အသိပညာ ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်''ဟု ထည့်သွင်းပြောကြားခဲ့သည်။

မောင်ပိုင် ၊ နေပြည်တော် ၊ စက်တင်ဘာ (၈)
Yangon Media Group