Home » » ရေလွှမ်းနိုင်သည့် နေရာ ၂၀ ခန့်ရှိနေဟု ဒေါက်တာ ထွန်းလွင်ပြောကြား

ရေလွှမ်းနိုင်သည့် နေရာ ၂၀ ခန့်ရှိနေဟု ဒေါက်တာ ထွန်းလွင်ပြောကြား

Written By Unknown on Thursday, September 26, 2013 | 4:15 PM

ရန်ကုန် ၊ စက်တင်ဘာ ၂၅ ။ ။ မြန်မာ နိုင်ငံတွင် ရေဖုံးလွှမ်း နိုင်ခြေမြင့် မားလျက်ရှိသည့် နေရာပေါင်း ၂ဝခန့်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒပညာရှင် ဒေါက် တာထွန်းလွင်က ပြောကြားလိုက် သည်။

အဆိုပါရေဖုံးလွှမ်းခံရမှု အခြေအနေ မြင့်မားနေဆဲဒေသ များမှာ ဧရာဝတီတိုင်း အရှေ့ တောင်ပိုင်း၊ ရန်ကုန်တိုင်းအရှေ့ တောင်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း စွန်းတို့ဖြစ်ပြီး ဧရာဝတီတိုင်းတွင် (ပုသိမ်ဒေသ၌ တစ်နေရာ၊ မအူပင် ဒေသ၌ ခြောက်နေရာ)၊ ပဲခူးတိုင်း တွင် ရှစ်နေရာနှင့် ရန်ကုန်တိုင်း တွင် ငါးနေရာခန့်တို့ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမြောက်ဖျား ကို မုန်တိုင်းအကြွင်းအကျန်တွေ ဝင်လာမှာမို့လို့ အထက်ပိုင်းတွေ မိုးပိုမယ်။ အောက်ပိုင်းကတော့ မုတ်သုံက ပြန်တော့ ထွက်နေပြီ။ ဒါပေမဲ့ မုတ္တမကွေ့မှာတော့ မိုး ကောင်းနေ တုန်းပဲ။ ရေကြီး တာ တွေက ဒီလိုမိုးကောင်းနေလို့ပဲ။ အရင်နှစ်တွေထက် မိုးပိုလဲ နည်း နည်းပဲ။ ဒီနှစ်ထက်ပိုဆိုးတဲ့အ ခြေအနေတောင် ရှိခဲ့သေးတယ်'' ဟု ဒေါက်တာထွန်းလွင်ကထပ် မံပြောသည်။

စက်တင်ဘာ ၂၃ရက် သန်း ခေါင်အချိန် တိုင်းထွာချက်များ အရ ၂၄နာရီ မိုးရေချိန် ရရှိမှု (တစ်လက်မခွဲ)နှင့်အထက်ရရှိခဲ့ သည့်ဒေသများမှာ တနင်္သာရီ၊ မကွေး၊ ရန်ကုန်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ် တို့ဖြစ်ကာ ယင်းဒေသများတွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း၊ ယင်းကဲ့သို့ မိုးရွာသွန်းမှုမြင့်မား ခဲ့ခြင်းကြောင့် ရေဖုံးလွှမ်းမှုအခြေ အနေများ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းမှ ဒေသခံ တစ်ဦးက ''လက်ရှိကျွန်တော် တို့ ဒေသ မှာ ရေကြီးနေပါတယ်။ ၂၂ ရက်နေ့ကစရွာတဲ့မိုးက အခုအ ချိန်အထိပဲ။ ကယ်ဆယ်ရေးတွေ ကို အသင့်အနေထားစောင့်ကြည့် ခိုင်းထားရ တယ်။ နေ့ဘက်လဲ စောင့်တယ်။ ညဘက်လဲစောင့် ခိုင်းထားတယ်။ လူတွေရွှေ့ပြောင်း ရလောက်တဲ့အထိတော့ အခြေ အနေမဆိုးသေး ဘူး''ဟု ပြော သည်။

ရန်ကုန်တိုင်းဒေသကြီးမှ ဒေသခံတစ်ဦးက တာမွေမေတ္တာ ညွန့်နှင့် တာမွေ ယုဇနပလာ ဇာ ရှေ့ ကားလမ်းများတွင် ရေကြီး နေကြောင်း၊ ၂၃ရက် တွင် ခြေ ထောက်မြုပ်ရုံသာရှိသော်လည်း ၂၄ရက် နံနက်ပိုင်းတွင် ဒူးဆစ် အထိ ရေများရောက်ရှိလာ ကြောင်း၊ ကားလမ်းများ လည်း ရေကြီး မှုကြောင့် ယာဉ်ပိတ်ဆို့ ခြင်းများ လည်းဖြစ်နေကြောင်း ပြော သည်။
''၂၃ရက် ညက မိုးတော် တော်ရွာ လို့လားမသိ ဘူး။ ရေ တော်တော် တက်လာတယ်။ မိုးက ဒီအတိုင်းသာ ဆက်ရွာနေရင် တော့ ရေတက်တာ ပိုဆိုးလာ လိမ့်မယ်လို့ထင်တယ်''ဟု ပြော သည်။

မြန်မာနိုင်ငံ တွင် ယခုနှစ် အတွင်း ရေကြီးမှုဘေးကို ကြုံ တွေ့ရသည်မှာ ယခုအကြိမ် အပါအဝင် သုံးကြိမ်ခန့်ရှိပြီဖြစ် သည်။

အောင်သက်ကို
Yangon Media Group