Home » » ယခုနှစ် ရတနာ့ဂူနတ်ပွဲတွင် လုံခြုံရေးပိုမိုတင်းကျပ်ပေးထားဟုဆို

ယခုနှစ် ရတနာ့ဂူနတ်ပွဲတွင် လုံခြုံရေးပိုမိုတင်းကျပ်ပေးထားဟုဆို

Written By Unknown on Friday, September 6, 2013 | 11:31 AM

ပြီးခဲ့သော ဩဂုတ်လ ၂၈ ရက်မှစ၍ အမရပူရမြို့တွင် ရှစ်ရက်ကြာကျင်းပ ခဲ့သော ရတနာ့ဂူနတ်ပွဲ
တွင် လုံခြုံရေး ကို ပိုမိုတင်းကျပ်ပေးထားကြောင်း ပွဲတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ်တွင် ပွဲတော်မစတင်မီ ကန့်ဘလူမြို့၌ ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် ပွဲတော်
ရှိရာ လာရောက်ရာ၌ ဘာသာခြားများနေထိုင်ရာ ရွာကို ဖြတ်လာရခြင်းများရှိကြောင်း၊ ပွဲတော်တွင်
မလိုလားအပ် သော ပြဿနာများ မဖြစ်စေရန်နှင့် အပျော်ကြူးသူများကြောင့် ပွဲတော်လာ သူများ
အနှောင့်အယှက်ဖြစ်ပြီး စိုးရိမ်မှုမဖြစ်စေရန် ပွဲတော်လုံခြုံရေးကို ပိုမိုတင်းကျပ်ပေးထားကြောင်း
ဘုရား ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးခင် မောင်စိုးက ပြောသည်။

"ဒီနှစ်မှာ သာသနာတော်ထိန်း သိမ်းစောင့်ရှောက်ရေး ဂိုဏ်းပေါင်းစုံ အဖွဲ့က သံဃာအပါး ၄၀
လောက်က လည်း ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ နဲ့ လုံခြုံရေးအတွက် ပူးပေါင်းသွားမှာပါ။ လိုအပ်ရင်
ရဲကင်း လေး ကင်းနဲ့လည်း ပူးပေါင်းသွားမယ်။ ပွဲတော်ကို နိုင်နင်းအောင်ထိန်းသွားမှာပါ"ဟု ၎င်း
က ပြောသည်။

ပွဲတော်တွင်း၌ တစ်ပါးသူထိခိုက်အောင် အပျော်ကြူးသူများကြောင့် ပွဲတော်လာသူများ
စိတ်အနှောင့် အယှက်ဖြစ်ကြရကြောင်း၊ အလွန် အကြူး ပျော်ပါးသော သံဃာတုမျိုးကို လည်း
တွေ့ရပြီး မေတ္တာရပ်ခံ၍ မရ သဖြင့်လူဝတ်လဲစေကာ ပြန်လွှတ်ရသော အဖြစ်မျိုးရှိကြောင်းလည်း
၎င်းက ပြောသည်။

"ဒီနှစ်တော့ ပွဲတော်ရက် ခြောက်ရက်မြောက်တဲ့နေ့အထိ ထူးထူးခြား ခြားအရေးယူရတဲ့ဖြစ်ရပ်
မရှိသေးပါဘူး"ဟု ၎င်းက ယခုလ ၂ ရက်တွင် ဖြည့်စွက်ပြောသည်။ ရတနာ့ဂူနတ်ပွဲတွင် ပုဂ္ဂလိ
ကအပိုင်း က ကြီးကြပ်သော အထက်နန်းနှင့် အလယ်နန်း၊ ဂေါပကအဖွဲ့က ကြီးကြပ် သော
အောက်နန်းတို့ရှိကာ ယခုနှစ်တွင် အောက်နန်း၌ တက်ပွဲ ၇၀ နှင့် ကန္နားပွဲ သုံးပွဲရှိခဲ့ကြောင်း
၊ တက်ပွဲတစ်ပွဲလျှင် တစ်နာရီ ကျပ် ၁၅,၀၀၀ ကျသင့်ကြောင်း သိရသည်။

ဖြိုးဝေကျော်နှင့် အောင်ရဲသွင် (မြန်မာတိုင်းမ်)