Home » » လွယ်လွယ်သောက် လွယ်လွယ်ပျောက် စားဝတ်နေရေးထက် ပို၍ ကြောက်စရာ ဘေးသည်မရှိ

လွယ်လွယ်သောက် လွယ်လွယ်ပျောက် စားဝတ်နေရေးထက် ပို၍ ကြောက်စရာ ဘေးသည်မရှိ

Written By Unknown on Thursday, September 19, 2013 | 1:23 PM

မိုးကတစိမ့်စိမ့်စွေနေသည်။ မိုး ရေထဲတွင်သာ တောက်လျှောက်အလုပ် လုပ်နေရ၍ တစ်ကိုယ်လုံးလည်း အေး စက်နေပြီ။ မတတ်နိုင်။  ဆောက်လက်စ တိုက်ပေါ် တက် လိုက်ဆင်းလိုက်၊ တစ် ခါ ထမ်းလိုက်ပိုးလိုက်နှင့်။ မိုးအေးအေး တွင်တစ်ကိုယ်လုံးကိုက်ခဲနေပြီဟု ဆောက် လုပ်ရေးကျပန်းလုပ်သားတစ်ဦးဖြစ်သူ ကိုမောင်ဦးက ပြောသ ည်။

အနာသိဆေးရှိပါသည်။ မိုးအေး အေးတွင် အလုပ်ပင်ပန်းဒဏ်နှင့် အချိန် မရွေးဖျားနာဒဏ်ကို ကာကွယ်နိုင်ရန် မခက်ခဲပါ။ နေရာအနှံ့ ဆေးပေးခန်း များက အများ အပြားမဟုတ်လား။ သို့ သော် ထိုစကားကအမှန်တရားဆိုသော် ငြား သူတို့လိုဘဝသမားများအတွက်က တော့ ဂွကျကျစကားဖြစ်မည်။

”ဆေးခန်းတော့ မပြဖြစ်ဘူး။ ဒီ လုပ်အားခနဲ့လည်း ဆေးခန်းပြလို့ အ ဆင်မပြေဘူးလေ။ ဆေးဆိုင်တွေကနေ ပြီး ဆေးဝယ်သောက်လိုက်တယ်”ဟု ပြောလိုက်သော ကိုမောင်ဦး၏ စကား သည်ပင် မြန်မာနိုင်ငံသား အများစု၏ အာရောဂျံ ပရမံ လာဘံ လာဘ်ကြီးတစ် ပါးဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှု အထူးပြုလုပ်ချက်အနေ အထားကို ညွှန်း ဆိုပြလိုက်ခြင်းဖြစ်သည်။

”သူတို့ကို ဘာဖြစ်နေတယ်ဆိုတာ သာပြောလိုက်၊ သူတို့က ဆေးစပ်ပေး တယ်။ သုံးခွက်စာပေးတယ်။ ကုန်လည်း လေးငါးရာလောက်ပေါ့” ဟု ကိုမောင် ဦးက အလုပ် ပင်ပန်း၍ ကိုယ်လက်ကိုက် ခဲ ဖျားနာချင်သလိုဖြစ်တိုင်း သုံးတတ် သည့် သူ့တစ်ပွဲထိုးနည်းကို ပြောသည်။

တကယ်တော့ သူဟုသာ ကိုယ်စား ပြုသုံးလိုက်ရသည်။ အမှန်ဆိုရလျှင် ထို နည်းက မြန်မာတစ်နိုင်ငံလုံးတွင်  ကျင့် သုံးနေကြသော မထူးဆန်းသည့် တစ်ပွဲ တိုးနည်း။ နည်းနည်း နှာစေးနေလား ပိန်းကြာရွက်ပေါ်ရေမတင်သည့် ဒီကို ဂျင်။ ဘိုင်အိုဂျက်ဆစ် နံပါတ်တစ်။ နားစွဲနေသော ဆေးများဖြင့်ပင် အားလုံး က ကိုယ်ထူကိုယ်ထ ဆရာဝန်များပင်ဖြစ် နေကြသည်။ ထိုအတွက်လည်း ပူပင်စ ရာမလိုပါ။  လမ်းဘေးဆေးတက္ကသိုလ်ဟု တင်စားခေါ်ဝေါ်နိုင်သည့် ဆေးဆိုင်များ က နေရာအနှံ့မြို့နယ်အနှံ့ ဒုနှင့်ဒေးပင် မဟုတ်လော။ ကြာတော့ကြာခဲ့ပါပြီ။

ဟိုးယခင် ခေတ်ကာလများက လမ်းဘေးကွမ်းယာဆိုင်၊ မုန့်ဆိုင်လေး များတွင်သာ ထိုကဲ့သို့ အင်္ဂလိပ်ဆေး များကို ရောင်းချခဲ့ခြင်းဖြစ်သည်မို့ ယင်း အခြေအနေက အမြစ်တွယ်ရှည်ကြာနေ ခဲ့ပြီ။ ထိုစဉ်ကတော့ ရောင်းချသူအများစု က လူမျိုးခြားများသာ။ လက်ရှိအချိန် တွင်တော့ ထိုလုပ်ငန်းက ဈေးကွက်စည် ပင်သောလုပ်ငန်းဖြစ်နေ ခဲ့ပြီ။ အထူးသ ဖြင့် အာဂန္တုအနာအဖျားများအတွက် ဆေးဆိုင်မှပင်  ဖြစ်ကြောင်းကုန်စင်မေး မြန်းကာ စပ်ပေးလိုက်သော ဆေးများ နှင့် အသင့်စပ်ပြီးသားစပ်ဆေးထုပ်ေ လး များဖြင့်လည်း  လောကဓံကိုကြံ့ကြံ့ခံနေ ခဲ့ရသည်က ကြာခဲ့ပြီဖြစ်သည်။

”ဆေးခန်းကလည်း ဟိုးဘက်လမ်း ထိပ်ထိသွားရတယ်။ ရောက်တော့လည်း ဆေးခန်းမှာ တုံကင်ယူရ၊ စောင့်ရနဲ့ဆို တော့ နီးစပ်ရာဆေးဆိုင်မှာပဲ  ဆေးဝယ် သောက် လိုက်တယ်”ဟု အသက်၂၉ နှစ် ခန့်ရှိ သင်္ဃန်းကျွန်းသား ကိုမင်းထွန်းက သူ့ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု အနေအထားကိုပြောသည်။
သူသည်လည်းစပ်ဆေးကို တစ်ခါ တစ်ရံလက်လွှတ်မရသူ။

”ကျွန်တော်က အရင်ကဒီလိုမျိုး စပ်ဆေးဝယ်လို့ရမှန်း မသိဘူး။ ဆေး ဆိုင်မှာ ဆေးဝယ်ရင်း လူတစ်ယောက် စပ်ဆေးလာဝယ်မှ ဆေးဆိုင်ကို မေး ကြည့်ပြီး သိတာ။ ဘာဖြစ်နေလဲဆိုတာ သူတို့ကို ပြောရင်ဆေးစပ်ပေးတယ်လေ” ဟု ကိုမင်းထွန်းက ပြောသည်။

ထိုဆေးဆိုင်များနှင့်  ကျန်းမာရေး အသက်ဆက်နေသူတွေက နေရာနှင့် လူသာကွဲမည်၊ ဤပုံစံအတိုင်းသာဖြစ် သည်။ တကယ်တော့ လက်တကမ်းမှာ လည်း ဆေး ခန်းများက ရှိပါသည်။ သို့ သော်

”မလွှဲသာမှသာ ဆေးခန်းပြဖြစ် တယ်။ ဆေးခန်းဆိုတာကလည်း သိတဲ့ အတိုင်းပဲ တစ်ခါသွားရင် အနည်းဆုံး ၃ဝဝဝ။ ပြီးရင်တစ်ခါတည်းသွားပြတာနဲ့ မလုံလောက်ေ သးဘူး။ နောက်နေ့တွေ ထပ်ချိန်းသေးတာ”ဟု ဆိုသူက လူလတ် ပိုင်းအရွယ်ရှိ  ကုမ္ပဏီဝန်ထမ်းအမျိုးသမီး တစ်ဦး။ သူက အစာအိမ်ရောဂါနှင့်အတူ နှလုံးလည်း သိပ်မကောင်းသူ။ သို့သော် ရောဂါသည်းချိန်လောက်သာ  ဆေးခန်း ပြပြီးနေနိုင်ပါကဆေးဆိုင်တွင်သာ ပြော ပြဆေးစပ်ခိုင်းရစမြဲဟု သူကဆိုသည်။

”ဖြစ်တဲ့ရောဂါကို သေချာပြောပြ ပြီး အရင်ရှိတဲ့ရောဂါတွေကိုပါ သေချာ ပြောပြပြီးမှ ဝယ်ပါတယ်။ ဒါမှ ဆေး မတည့်တာတွေမဖြစ်မှာလေ”ဟု သူက သတိထားဆောင် ရွက်ပုံကိုပြောပြသေးသည်။ သူ့လစာက တစ်သိန်း။ ထိုမျှ လောက်ငွေဖြင့် ဒီခေတ်တွင် ဘာလုပ်လို့ ရမှာလဲဟုလည်း  မေးခွန်းထုတ်လိုက် သေးသည်။

”တစ်ခါတလေ နှလုံးကဖောက် လာလို့ အထူးကုသွားပြတဲ့အခါ ဘာမှ မကုရသေးဘူး။ စမ်းသပ်ခက  အရင် တောင်းနေပြီလေ။ ဒီတော့စပ်ဆေး ရောင်းတဲ့သူတွေ ကိုပဲ ကျေးဇူးတင်ရမယ်” ဟု ၄င်းက သူ့အတွေ့အကြုံအရ ပြော လိုက်ခြင်းသာ။

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာ ရေးဦးစီးဌာန၏ လက်ရှိစာရင်းအရ ရန် ကုန် အရှေ့ပိုင်းခရိုင်တွင် ဆေးဆိုင် ၂၅ဝဝ ကျော်၊ အနောက်ပိုင်းခရိုင် ၁၄ဝဝ ကျော်၊ တောင် ပိုင်း ၄ဝဝ ကျော် နှင့် မြောက်ပိုင်းခရိုင်တွင် ၉ဝဝ နီးပါး တို့ ရှိသည်။လုပ်ထုံးလုပ်နည်းအရ ဆေး ဆိုင်ဖွင့်မည်ဆိုပါက မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးရုံးတွင် ဆေးရောင်း ချခွင့် လိုင်စင် တင်ရကြောင်း၊ မြို့နယ်မှ ကွင်း ဆင်းစစ်ဆေးပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ရောင်းချခွင့် ပေးကာ ခရိုင်မှ အတည်ပြုပေးသည်ဟု ရန်ကုန် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာအေးကိုကိုက ပြောသည်။

”သူတို့ရောင်းတဲ့အထဲမှာ အထူး ထိန်းချုပ်ဆေးဝါး (ဒိုင်ယာစီပင်ကဲ့သို့ သော မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများတွင်ပါဝင်သော) ဆိုတာရှိတယ်။ အဲလိုအသုံးများတဲ့ဆေး တွေကျတော့FDA  ကို တင်ရတယ်။ အခုFDA  ကလည်း ဖွဲ့စည်းပုံကအသစ် တိုးချဲ့ပြီး ဦးစီးဌာနသီးခြားဖြစ်သွားပြီ။ ဝန်ထမ်းတွေလည်း များ လာတယ်။ အ စာနဲ့ဆေးဝါးလုပ်ငန်းတွေကိုလည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနိုင်မယ် ပေါ့” ဟု ၄င်းက သုံးသပ်သည်။

ထို့ပြင် ရောင်းချသူအနေဖြင့်  အ နည်းဆုံးဘွဲ့ရဖြစ်ရမည့်အပြင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ပေးသည့် ဆေး ရောင်းချသူများသင်တန်း တက်ရောက် ပြီးသူဖြစ် ရမည်ဟု သတ်မှတ်ထားသော် လည်း ယင်းသင်တန်းမလုပ်နိုင်သည်မှာ ကြာခဲ့ပြီဟုလည်း သိရသည်။

”အခုတော့ ဦးစီးဌာန အသစ် FDA  ကနေ ပြန်လုပ်မယ်”ဟု ဒေါက် တာအေးကိုကိုက ဆိုပါသည်။

ထိုသို့ စည်းကမ်းသတ်မှတ်ချက် များရှိသော်လည်း နယ်မြို့များနှင့်ရန်ကုန် မြို့တွင်းတွင်ပင် ငယ်ရွယ်သူများ ရောင်း ချနေသောဆေးဆိုင်များ အများအပြား မြင်တွေ့နေ ရရာ အဆိုပါအချက်များက တစ်စုံတစ်ရာဘေးထွက်ဆိုးကျိုးများဖြစ် လာနိုင်မလားဟု အချို့ကလည်း သုံး သပ်ကြသည်။

ယင်းအချက်နှင့်ပတ်သက်၍ မူ ¤င်းက ”မြို့နယ်ကနေ  အရင်တုန်းက တော့ ဆယ်တန်းအောင်တွေကိုခေါ်ပြီး သင်တန်းပေးတာရှိတယ်။ အမှန်တော့ အဲဒီလူတွေပဲ တရားဝင်ရောင်းချလို့ ရ တယ်။ဒါပေမဲ့ ရောင်းချတဲ့သူနဲ့ပတ်သက်ပြီး  တရားစွဲတာတို့ဘာတို့ မရှိဘူး အရေးယူ တာမရှိသေးဘူး။ နောင်ကာလမှာတော့ အရေးယူလာနိုင် ဖို့ရှိတယ်”ဟု ၄င်းက ဆိုပါသည်။ ¤င်းအပြင် အိမ်ဆိုင်များနှင့် ကွမ်းယာဆိုင်များတွင်ဆေးဝါးရောင်းချခြင်းသည် တရားမဝင်ကြောင်းနှင့် လိုင် စင်ထုတ်ပေးထားခြင်း မရှိကြောင်း ပြော ခဲ့သည်။ ငွေကြေးနှင့် စီးပွားရေးရပ်တည် မှုအခြေအနေအရ ယင်းသို့ လမ်းဘေး ဆေးဆိုင်များကိုသာ အားကိုးနေရသူ များအတွက်မူ အခြေအနေအရ ယခင် အတိုင်းသာ အမှီပြုနေရဦးမည်ဖြစ်သော် လည်း မကျွမ်းကျင်သူများ၏ လက်တွင် မသိကျိုးကျွံ ဝကွက်အပ်ထားရခြင်းတွင် လည်း အန္တရာယ်ကရှိနိင်ပါသည်။

”နှစ် ၂ဝအတွင်းမှာတော့စပ်ဆေး ကြောင့် အနည်းဆုံးတော့ အယောက် သုံးလေးဆယ်လောက် လာပြီးပြီပေါ့။ ဆေးခန်း စဖွင့်ကတည်းကပါ။ တစ် နှစ်မှာ နှစ်ယောက် သုံးယောက်လောက် ပေါ့။ ဒါပေမဲ့ ကျွန်တော့်ဆီ မရောက်ဘဲ သူများဆီ ရောက်သွားတာတွေလည်း များချင် များမှာပေါ့”ဟု အထွေထွေရော ဂါကုဆရာဝန်တစ်ဦးဖြစ် သည့် ဒေါက်တာ ဝင်းသိန်းက ဆိုသည်။

”စပ်ဆေးကတော့ တချို့ကျတော့ ရှော့ခ်ဖြစ်ပြီးလာတယ်။ တချို့ကျတော့ အလာဂျစ်ဖြစ်ပြီးလာတယ် အမျိုးစုံပါပဲ။ စပ်ဆေး ဃျေန ကများတယ်”ဟု ၄င်းက ပြောသည်။
စပ်ဆေးကြောင့် ပြဿနာတက်ရ ခြင်းများအကြောင်း ၄င်းက ပြောပြီး မစပ်သင့်သည့်ဆေးဝါးများ တွဲစပ်မိပါ က ပြဿနာဖြစ်နိုင်ကြောင်း ရှင်းပြ သည်။

”အခု ဆေးရောင်းတဲ့လူတွေက ဘာမှမသိဘူး။ ဒီဆေးသောက်ရင် ဒါ ဖြစ်မယ်။ ဒီဆေးသောက်ရင် ဒါပျောက် မယ်။ ဒီလောက်ပဲသိတာ။ အဲဒီတော့ ဘာဖြစ်လဲ ဒီဆေးနဲ့ ဒီဆေးနဲ့ သောက် ရင်ဘာဖြစ်မလဲ၊ ဒီတစ်မျိုးနဲ့ဒီတစ်မျိုး စပ်လိုက်ရင် ဘေးထွက်ဆိုးကျိုးဘာဖြစ် မလဲ သူတို့လည်းမသိဘူး”ဟု ဒေါက်တာ ဝင်းသိန်းက သတိပေးသည်။

 ဥပမာအားဖြင့် ဘိုင်အိုဂျက်ဆစ် တွင် ပါရာစီတမောပါပြီး နောက်ထပ်ပါ ရာစီတမောတစ်လုံးထပ်ထည့် တွဲပေးပါ က မသင့်တော်ကြောင်း၊ သို့သော် ထိုသို့ တွဲစပ်ပေးနေ သည့်  ဆေးဆိုင်များအများ ကြီးရှိကြောင်း ၄င်းက အသိပေးသည်။

မည်သို့ပင်ဆိုစေ လူတိုင်းကျန်းမာ ရေးနှင့် မကင်းနိုင်ကြသည်ဖြစ်ရာ ဆေး ဆိုင်များကလည်း လက်ရှိစာရင်းအရပင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆိုင် ပေါင်း ငါးထောင်ကျော်နီးပါးရှိနေသည်။ အချို့ကလည်း တစ်နိုင်တပိုင်၊ အချို့က လည်း တတ်နိုင်သလောက် အိုးမကွာ အိမ်ကွာ လုပ်ကိုင်ကြသည်လည်း ရှိ သည်။ အဆိုပါ လိုအပ်ချက်အရပင် ကိုယ်တိုင်လည်း လက်လီလက်ကားဆေး ဆိုင်ဖွင့်ထားပြီး အရင်းအနှီးအဖြစ် ကျပ် သုံးသိန်းရှိရုံမျှဖြင့် ဆေးဆိုင်ဖွင့်နိုင်ရန် ဆောင်ရွက်ပေးနေေ သာ ဒေါ်ကေသီက လည်း အခြေအနေကို ရှင်းပြသည်။

”မခက်ခဲကြပါဘူး။ ရောင်းတာက လည်း ဆရာဝန်ညွှန်ကြားချက် မပါဘဲ သောက်လို့ရတဲ့ဆေးတွေကိုပဲလေ။ အော် ရာမင်းဂျီတို့လို့ အင်နာဗွန်စီတို့လို ပုံမှန် အားေ ဆးတွေနဲ့ ကိုက်ခဲဖျားနာ ပျောက် ဆေးတွေပဲလ။ အိမ်မှာဖွင့်မယ်ဆိုတော့ သုံးသိန်းဆိုပေမယ့် သူတို့အလုပ်လည်း ရတယ်” ဟု ၄င်းက ဆိုသည်။

၎င်းအနေဖြင့် ဖွင့်ပေးခဲ့သည့်ဆိုင် များခဲ့ပြီဖြစ်ပြီး အင်းစိန်၊ တောင်ဒဂုံနှင့် လှိုင်သာယာမြို့နယ်များတွင် အများဆုံး ဖွင့်ပေးခဲ့ကြောင်းဆိုသည်။

”ဆေးဆိုင်ဖွင့်ချင်လို့ လာသူတွေ အများကြီးပါ။ နပ်စ်တွေပါတယ်။ ဆရာ ဝန်တွေလည်းပါတယ်။ ကျန်းမာရေးဝန် ထမ်းတွေလည်း ပါသလို ဆေးဝါးကျွမ်းကျင် သင်တန်း တက်ပြီးတဲ့ ကလေးတွေ လည်း ပါတယ်။ အများဆုံးကတော့ သာမန်ဘွဲ့ရတွေ၊ ၁ဝ တန်းအောင်တွေ များတယ်။ အများဆုံးတွေ့ရတာတော့ သမီးမိန်းကလေးရှိတယ်။ အပြင်မသွား ဘဲ အိမ်မှာပဲအလုပ်ကလေးလုပ်စေချင် တဲ့လူမျိုးတွေ များတယ်ပေါ့”ဟု ဈေး ကွက်အခြေအနေကိုဒေါ်ကေသီက ရှင်း ပြပြီး လိုင်စင်ကိစ္စများကိုမှု ကိုယ်တိုင် လုပ်ဆောင်စေပြီး လမ်းညွှန်ပြောပြပေး သည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာအေးကိုကို ကလည်း ယင်းဆိုင်များ၏ အခြေအနေ နှင့်ပတ်သက်၍ အထူးထိန်းချုပ်ဆေးဝါး များနှင့်ပတ် သက်၍ မြို့နယ် အစားအ သောက်နှင့်ဆေးဝါးကြီးကြပ်မှုကော်မတီ ရှိပြီး ထိုမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည် ပင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေး မှူးများ ပါဝင်သည့် အဖွဲ့ဖွဲ့ထားကြောင်း၊ ထိုအဖွဲ့မှ အဓိကလိုက်စစ်ပြီး လိုင်စင်ထဲ တွင်မတွေ့ပါက သိမ်းဆည်းဓာတ်ခွဲခန်း နှင့်FDA  သို့ပို့ကာစစ်ဆေးပြီး ထိန်းချုပ် ဆေးဝါးများပါက တရားစွဲဆိုခွင့်ပြုမိန့် တောင်း၍ တရားစွဲဆိုခြင်းများရှိကြောင်း စစ်ဆေးဆောင်ရွက်နေမှုကို ရှင်းပြသည်။

ဒေါက်တာက ထပ်လောင်းဆို သည်ကတော့ ”အပြင်က ဆေးဝါးကျွမ်း ကျင်သင်တန်းတွေကိုတော့ အသိအမှတ် မပြုပါဘူး”ဟူ၍ပင် ဖြစ်သည်။ ယင်းကဲ့ သို့အခြေအနေ များရှိသော်လည်း သုံးစွဲ သူအများပြည်သူကမူ လတ်တလောအ ရေးကြုံပါကမည်သည့်အရာကိုမျှ မစဉ်း စားနိုင်အား။ ခံစားနေရသည့် ရောဂါ သက်သာအောင်ပင် အရေးတကြီးဆုံး ဖြတ်ကြစမြဲ။

ဖြစ်ချင်တာဖြစ်ဟူသော စိတ်ဖြင့် လက်လှမ်းမီသလောက် မိမိတတ်နိုင် သမျှ နီးစပ်ရာဆေးဆိုင်များအားကိုးနေရသူများအဖို့မူ နောင်ခါလာနောင်ခါဈေး ဟုပင် သဘော ထားကြပါသည်။

”ကြားဖူး သိဖူးသလောက်တော့ သတိထားပါတယ်။ ဥပမာ ကိုယ်လက် မအီမသာဖြစ်လို့ ကိုက်ခဲလာလို့ ဖျားချင် ချင်ဖြစ်တိုင်းတော့ ဆေးခန်းဘယ်သွား မလဲ။ ဆေးဆိုင် သွားပြီး ကိုယ့်အခြေအ နေကို ပြောပြတယ်လေ။ ကျွန်တော်ဆို အစာအိမ်ဖြစ်ထားတယ်။ ဒီတော့ အ ကိုက်အခဲပျောက်ဆေးတွေ မပေးပါနဲ့။ အစာအိမ်ဆေးနဲ့ တွဲပေးပါ။ အဲလိုတော့ သိသလောက်ပြောဝယ်တာပဲ။ ဆရာဝန် မဟုတ်တော့ အလုံးစုံစိတ်ချရမှာမဟုတ် တာလည်းသိပါတယ်။ဒါပေမယ့် မတတ် နိုင်ဘူးလေ။ ဒီလိုပဲနေလာတာပဲ။ သုံး လေးငါးရာနဲ့ပျောက်သွား ပိုမကောင်း ဘူးလားဗျာ”ဟု ဆိုသူက အသက် ၅ဝ ကျော်ရှိ အငြိမ်းစား အစိုးရဝန်ထမ်းတစ် ဦးက ပြောသည်။

သုဝဏ္ဏမြို့နယ်ရှိ ဆေးအရောင်း ဆိုင်တစ်ခုတွင် သုံးနှစ်နီးပါးဆေးရောင်း သက်တမ်းရှိနေပြီဖြစ်သော မဌေးဝင်းက လည်း ”ဒီစပ်ဆေးသောက်လို့ ဘေး ထွက်ဆိုး ကျိုးဖြစ်တယ်လို့တော့ မကြား ဖူးပါဘူး။ ဒါပေမယ့် တချို့ကျတော့ အ ရက်တို့ဘာတို့သောက်ပြီး စပ်ဆေးသောက် တာတို့၊ ဒါမှမဟုတ် ဆေးအရင်သောက် ပြီးမှ ဒါတွေေ သာက်တာတို့ ဆိုရင်တော့ ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်” ဟု သုံး သပ်သည်။

အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာဝင်းသိန်းကလည်း ”စပ်ဆေး သမားတွေကို ကျွန်တော်အကြံပေးချင် တာကတော့ သူများစီးပွားရေးကိုလည်း ကျွန်တော်ဖျက် တာ ကောင်းတဲ့အရာ မဟုတ်တဲ့အတွက် သူတို့နားလည်မှ စပ် ပေးပါ။ နားမလည်ရင် လုံးဝမလုပ်ပါနဲ့။ နားမလည်ဘဲနဲ့ လူတစ်ယောက် ဒုက္ခ ရောက်မယ့်ကိစ္စ မလုပ်တာ အန္တရာယ် အကင်းဆုံးပါပဲ”ဟု ဆိုသည်။

ထို့ပြင် ”ဒါကတော့ ပိုက်ဆံပေါ့။ သိတယ်မဟုတ်လား။ ခေါင်းလေးကိုက် တယ်။ ဆေးလေးသောက်တယ်။ပျောက် တယ်။ ကျေနပ်သွားတာပဲ။ စပ်ဆေး သမားတွေလည်း ရိုးသားပေါ့။ ကိုယ်နာ မည်ကြီးချင်တဲ့အတွက် အကိုက်အခဲ ပျောက်ဆေး နှစ်မျိုးသုံးမျိုးထည့်တာ မ လုပ်သင့်တော့ဘူး။ သိပ်အရေးကြီးတာ သူတို့ရိုးသားဖို့ လိုတယ်။

တချို့ကသိလျက်နဲ့ထည့်တာ၊ တချို့ ကျ မသိလို့။ မသိလို့လုပ်တာက အပြစ် သိပ်မရှိဘူးပေါ့။ သိလျက်နဲ့ထည့်တာကျ တော့ အရမ်းရင်နာဖို့ ကောင်းတယ်”ဟု ၄င်းက   ပြောလိုက်ရင်း မည်သည့်အတွက် ကြောင့် လူအများအနေဖြင့် သိလျက်နှင့် စပ်ဆေးဆိုင်တွင် ဝယ်သောက်နေကြ သလဲဟုလည်း မေးခွန်းထုတ်လိုက်သည်။

မြန်မာနိုင်ငံတွင် ဂျာအေး သူ့ အမေရိုက်သည့် ကဗျာနှင့် ပေါက်ပင် ဘာကြောင့် ကိုင်းရသည်တို့က အမြဲ ကိုးကားသုံးနေရဆဲ အခြေအနေမှာ ပင် ရှိနေပါသေးသည်။ တစ်စုံတစ်ခုသော အခြေအနေကိုပြောတိုင်း ချွင်းချက်နှင့် အားနည်းချက်နှင့် လိုအပ်ချက်တို့ကို ငဲ့ ညှာထည့်တွက်သုံးသပ်ရစမြဲ။ ထိုသော အခါ လုံလောက်သော ကျမ်းမာရေး စောင့်ရှောက်မှုမရှိခြင်းကပင် ထင်းထင်း ကြီးပေါ်လာမည် ဖြစ်သည်။

ထို့ပြင် တစ်ဦးချင်းဝင်ငွေ မြင့်မား ရန်နှင့် သက်ဆိုင်ရာဌာန အသီးသီး၏ ပြည်သူ့ဝန်ဆောင်မှု အဆင့်အတန်းနှင့် စိတ်စေတနာတို့သည်လည်း ပေါ်လွင် လာမည်ဖြစ် သည်။ ၄င်းအပြင် ပြည်သူ ၏ အသိဥာဏ်မြင့်မားရေးနှင့် ဝင်ငွေ အရဖြစ်စေ အလွယ်လိုက်နေရသည့် အခြေအနေများကိုလည်း မည်သို့ဆွဲ ဆောင်ပြောင်းလဲရမည်တို့ကို သက်ဆိုင် ရာတာဝန်ရှိသူများ၏ ပခုံးပေါ် တင်ပေး ရမည်ဖြစ်သည်။

ထိုသို့သောအခြေအနေတွင် ဆင်း ရဲနွမ်းပါးမှု ဖြစ်စေ၊ အသိဥာဏ်ကိုပဲ လက်ညှိုးထိုးသည်ဖြစ်စေ အဖြေကတော့ လုံးလည်ချာလည်ဖြစ်နေမည်ထက် ပို၍ အဆင်ပြေမ ည်မဟုတ်ပါ။

လက်ရှိတွင်တော့ မြန်မာပြည်သူ ပြည်သားများကတော့ ကျပ်ကျပ်တည်း တည်းဘတ်စ်ကားကိုပင် အလုအယက် တိုးဝှေ့စီးနေရဆဲ။ ကျပ်တစ်ထောင့်ငါး ရာတန်ဖုန်း ကိုရဖို့အရေး တန်းစီစောင့် ဆိုင်း မဲနှိုက်နေရဆဲ၊ လူထက်ငွေကို အ သားပေးဂရုစိုက်သော နေရာများစွာတွင် မျက်နှာငယ်ဖြင့် ခေါင်းငုံ့နေရဆဲ။ ယခင် စရိုက်အမူအကျင့်များ မပြင်နိုင်သေး သော နေရာဌာနများနှင့် ရသည့်အခွင့် အရေးကို အရယူကာ အာဏာနှင့် ပါဝါ ပြချင်သောအုပ်ချုပ်မှုများအောက် မချစ် သော်လည်း အောင့်ကာနမ်းနေရဆဲ အ ပြင် မိမိအသက်အတွက်ပင် စိတ်ချယုံ ကြည်ရသော ကာကွယ်စောင့်ရှောက်မှု အစား လမ်းဘေးမှ ဆေးတက္ကသိုလ်များ ကိုသာ ယုံယုံကြည်ကြည် မျက်စိမှိတ် ထိုးအပ်ထားနေရဆဲပင် ဖြစ်သည်။

လူဟူသည် မိမိကိုယ်မိမိအချစ်ဆုံး ဟု ဆိုကြပါသည်။ ထိုအရာကအမှန်ဖြစ် သော်ငြား မိမိဘဝကိုရော မည်သူက အကြောင်းမဲ့ ထိခိုက်ပျက်စီးခဲ့လိုပါမည် နည်း။ သို့သော် ခေတ်စနစ်ဆိုးများ အောက် နှစ်ကာလာကြာရှည်ရောက်ခဲ့ ရသော မြန်မာနိုင်ငံသားများ အဖို့မူ ကျပ်သုံးလေးငါးထောင် ဆိုသည်ကပင် တစ်နေ့တာ မိသားစုဝမ်းေ ရးဖြစ်နေလေ ရာ အန္တရာယ်ရှိသည်ဟုဆိုဆို ‘အာရော ဂျံပရမံလာဘံ’ ဟူသည်ကား လမ်းဘေး ဆေးဆိုင်များမှ လတ်တလော သုံးလေး ရာတန် စပ်ဆေးနှင့် ပိန်းကြာ ရွက်ပေါ်ရေ မတင်သည့် ဒီကိုဂျင်အပါအဝင် ဘိုင်အို ဂျက်ဆစ်နှင့်ပင် နံပတ်တစ်လုပ်နေရဦး မည်ဖြစ်သည်။

သတင်းအချက်အလက် – ရန်နိုင်၊
မြတ်စုငြိမ်း၊ အိမ်စည်စိုးစံ။
အောင်ခွန်းဆက် စုစည်းရေးဖွဲ့သည်။

Popular Myanmar News Journal