Home » » သမ္မတရုံးဝန်ကြီးတစ်ဦးပိုင်ဆိုင်သည့် ခြံမြေလှည်းကူး၌ ရွာသားများ ၀င်ရောက်ဖျက်ဆီး

သမ္မတရုံးဝန်ကြီးတစ်ဦးပိုင်ဆိုင်သည့် ခြံမြေလှည်းကူး၌ ရွာသားများ ၀င်ရောက်ဖျက်ဆီး

Written By Unknown on Saturday, September 28, 2013 | 4:15 PM

အေးလှိုင်၊ ရန်ကုန်၊ စက်တင်ဘာ-၂၇

လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာ ကျောက္ကာဒင်ကွင်း မယ်ဇလီကုန်း ကျေးရွာရှိ သမ္မတရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးတစ်ဦး ပိုင်ဆိုင်သည့် ခြံ မြေ၌ စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်း တွင် မယ်ဇလီကုန်းကျေးရွာနေ ရွာသား ခြောက်ဦးက ၀င်ရောက် ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ကရု ဏာ (၁) လမ်း (ဋ) ရပ်ကွက်နေ အငြိမ်း စား ဗိုလ်ကြီးတစ်ဦးဖြစ်သူ ဦးသန်းဦး အသက် (၅၀) သည် မယ်ဇလီကုန်း ကျေးရွာအနီးရှိ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင် ပိုင်ဆိုင်သည့် ခြံမြေ၌ ပိန္နဲ၊ သင်္ဘောပင် သစ်မွှေးနှင့် အခြားသီးပင် စားပင်များကို ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းက စ၍ ဦးစီး လုပ်ကိုင်လာခဲ့ကြောင်း၊ စက် တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက မယ်ဇလီကုန်း ကျေးရွာနေ ဒေါ်ပုမ၊ ဦးကြည်သောင်း၊ ဦးစိုးအောင်၊ ဦးအေးကို၊ ဒေါ်အေးသွယ် တို့ ငါးဦးက ခြံဝင်းအတွင်းသို့ ၀င်ရောက်၍ ဓာတ်ပုံရိုက်ခြင်း၊ ငုတ်တိုင်များ စိုက်ထူ ခြင်းများကို လုပ်ကိုင်ကြပြီး ဦးသန်းဦး ကာရံထားသည့် ခြံစည်းရိုးများကို ဖျက် ဆီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရ သည်။

ကျယ်ဝန်း

အဆိုပါ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၏ခြံမြေမှာ မယ်ဇလီကုန်း ကျေးရွာအနီး ကွင်းအမှတ် ၆၉၃၊ မိုင်တိုင် အမှတ် ခုနစ်မိုင် ခြောက်ဖာလုံအနီး တွင်ရှိပြီး ၅၇ ဒသမ ၆၀ ဧက ကျယ်ဝန်းသည်။

ခြံမြေကို ကျူးကျော်ဝင်ရောက်၍ ဖျက်ဆီးခဲ့သည့် ဒေါ်ပုမပါငါးဦးကို အရေး ယူပေးပါရန် ဦးသန်းဦးက တရားလိုပြု လုပ် တိုင်တန်းခဲ့သဖြင့် လှည်းကူးမြို့နယ် ရဲစခန်းမှ (ပ) ၃၇၂/၂၀၁၃၊ ပုဒ်မ ၄၄၇/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ပြီး အမှုစစ် ဒုရဲအုပ် သံချောင်းက ၎င်းင်းတို့အား ဖမ်းဆီး ရမိရေး စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ