Home » » ရခိုင်ပြည်နယ်အတွင်း ခိုးဝင်သူ ပိုများလာ

ရခိုင်ပြည်နယ်အတွင်း ခိုးဝင်သူ ပိုများလာ

Written By Unknown on Monday, September 30, 2013 | 4:35 PM

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမယ့်သတင်း ထွက်ပေါ်နေချိန်မှာ ရခိုင်ပြည်နယ်အတွင်း ခိုးဝင်သူတွေ ပိုများလာတယ်လို့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးမိသားစု တွေ့ဆုံဆွေးနွေးပွဲမှာ ဒေသခံပြည်သူတဦးက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒီဆွေးနွေးပွဲကို တက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ခြံစည်းရိုးကတော့ ကာတယ်။ ဒါပေမယ့် ချောင်းတွေ၊ မြောင်းတွေကျတော့ ကာမယ့်လူမရှိဘူး။ အဲဒီမှာ လှေတွေ ခိုးဝင် ခိုးထွက်ရှိတယ်။ ငါးဖမ်းတာတို့။ အမြဲတမ်း စိမ့်ဝင်ဖို့က ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှုကာလမှာ ဒီဘက်ကို ခိုးဝင်လာကြတာ ပိုများတယ်” လို့ ပြောပါတယ်။

ဒီ ရခိုင်မိသားစုတွေ့ဆုံပွဲကို ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းနဲ့ ရေးရာကော်မတီဥက္ကဋ္ဌတွေ တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတက်လာတဲ့ ရခိုင်ဒေသခံတွေက ပြည်နယ်လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စရပ်တွေ တင်ပြခဲ့ကြပါတယ်။

သူရဦးရွှေမန်းက ပြန်ဆွေးနွေးရာမှာ တိုင်းရင်းသားအခွင့်အရေးကာကွယ်ရေးဥပဒေ ရေးဆွဲဖို့ လုပ်နေတဲ့အကြောင်း ထည့်သွင်း ပြောကြားသွားတယ်လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။ ပြောပါတယ်။

“တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ကာကွယ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ ကြိုးစားနေတယ်လို့ ကတိပေးခဲ့တာ ရှိတာကို ဒီနေ့အစည်းအဝေးမှာ ပြန်ပြီး ပြောတာရှိပါတယ်။ တိုင်းရင်းသားအခွင့်အရေးကို ကာကွယ်တဲ့ဥပဒေမှာ အာဏာခွဲဝေရေးတို့ ပါနိုင်တာပေါ့။ အဲဒါအကုန်လုံး တတိယမူကြမ်းအဖြစ် သူတင်ထားပြီးပြီ။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့ မပြေသွားပါဘူး။ ဒါပေမယ့် နိုင်ငံတော်အစိုးရက လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်။ ပွင့်ပွင့်လင်းလင်းနဲ့ မိသားစုဆန်ဆန် တင်ပြတာ အားလုံးအပေါ်မှာ အောင်မြင်တဲ့ ဆွေးနွေး တွေ့ဆုံမှုတခုလို့ မှတ်ယူပါတယ်။”

by ဒီဗွီဘီ