Home » » အနိမ့်ဆုံးလုပ်ခဒေါ်လာ ၁၀၀ ရရှိရေး ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်သားများ ဆန္ဒပြ စက်ရုံများမီးလောင်

အနိမ့်ဆုံးလုပ်ခဒေါ်လာ ၁၀၀ ရရှိရေး ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်သားများ ဆန္ဒပြ စက်ရုံများမီးလောင်

Written By Unknown on Tuesday, September 24, 2013 | 4:09 PM

အနိမ့်ဆုံးလုပ်ခ တစ်လဒေါ် လာ ၁၀၀ ရရှိရေး ဆန္ဒပြမှုများ မြို့တော်ဒါကာ၏ အပြင်ဘက်သို့ ပျံ့နှံ့လျက်ရှိစဉ် တတိယမြောက် နေ့အဖြစ် တနင်္လာနေ့က ဒေါသ ထွက်နေသော ဘင်္ဂလားဒေ့ရှ်အ ထည်ချုပ်လုပ်သားများသည် လမ်း များကို ပိတ်ဆို့ခြင်း၊ စက်ရုံများ ကို မီးရှို့ခြင်းတို့အပြင် ရဲတပ်ဖွဲ့ ဝင်များနှင့်လည်း ပဋိပက္ခဖြစ်ပွား ခဲ့ကြသည်။ နှစ်သိန်းအထိရှိသော အ လုပ်သမားများသည် နောက်ဆုံး ဆန္ဒပြမှုများနှင့် ပူးပေါင်းခဲ့ကြ ကြောင်း စက်ရုံ ရာပေါင်းများစွာ ရှိသည့် ဂါဇီပူရဲ စက်မှုရပ်ကွက်မှ ရဲတပ်ဖွဲ့အကြီးအကဲ အက်ဗ်ဒူ ဘိတ်တင်ကအေအက်ဖ်ပီသို့ပြော ကြားခဲ့သည်။

ဖွင့်ထားသော စက်ရုံများ ကို အလုပ်သမားများက ဆန္ဒပြ တိုက်ခိုက်နေသဖြင့် အကြမ်းဖက် မှုကို ထိန်းချုပ်ရန် Walmart ကဲ့ သို့ အနောက်တိုင်း လက်လီရောင်း ချသည့် ကုမ္ပဏီကြီးများအတွက် အထည်ချုပ်ပေးသော စက်ရုံ ၃၀၀ ခန့်ကို တနင်္လာနေ့က ပိတ်လိုက် ရကြောင်း အက်ဗ်ဒူဘိတ်တင်၏ လက်ထောက် မူစတာဖီဇူရ်ရာမန် က ပြောကြားခဲ့သည်။

''အခြေအနေကတော့ လွန် လွန်ကဲကဲကို မတည်မငြိမ် ဖြစ် နေပါတယ်။ ထိန်းမနိုင်တဲ့ အလုပ် သမားတွေကို လူစုခွဲဖို့ ရဲတပ်ဖွဲ့ က ရော်ဘာကျည်တွေ၊ မျက်ရည် ယိုဗုံးတွေနဲ့ ပစ်ခဲ့ပါတယ်''ဟု ယင်း က အေအက်ဖ်ပီသို့ ပြောကြားခဲ့ သည်။

ထို့အပြင် အလုပ်သမား ဒါဇင်ပေါင်းများစွာနှင့် ရဲတပ်ဖွဲ့ ဝင်အချို့လည်း ဒဏ်ရာရရှိခဲ့ ကြောင်းကိုလည်း ယင်းကထပ်မံ ပြောကြားခဲ့သည်။
တနင်္လာနေ့က ဆန့်ကျင် ဆန္ဒပြမှုများသည် ၂၀၁၀ ပြည့် နှစ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ် ကြောင်း အထည်ချုပ်ကုမ္ပဏီများ ကပြောကြားခဲ့သည်။ ၂၀၁၀ ပြည့် နှစ်က လများစွာ ဆန္ဒပြမှုများက အနည်းဆုံး တစ်လလုပ်ခ ၃၈ ဒေါ် လာ(ဒါကာ ၃၀၀၀)ပေးရန် အစိုး ရနှင့် စက်ရုံပိုင်ရှင်များကို သဘော တူစေရန် ဖိအားပေးနိုင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အထည်ချုပ် အလုပ်သမားများမှာ ကမ္ဘာတစ်ဝန်း အနိမ့်ဆုံး လုပ်ခရသော်လည်း စက်ရုံများ၌ တစ်ပတ်လျှင် နာရီ ၈၀ အထိ လုပ်ကြရသည်။ စက်ရုံ များတွင် မီးလောင်မှုနှင့် မတော် တဆမှုများလည်း ကြုံရလေ့ရှိ သည်။ ဧပြီလက အထည်ချုပ် စက်ရုံပြိုကျမှုကြောင့် လူ ၁၁၀၀ ကျော် သေဆုံးခဲ့သည်။

အဆိုပါစက်ရုံပြိုကျခဲ့သည့် ဆာဗာတွင် ရဲနှင့်ဆန္ဒပြသူများ ပဋိပက္ခဖြစ်ပွားမှုကြောင့် စက်ရုံ တစ်ဒါဇင်ကျော်ကို ပိတ်လိုက်ရ ပြီး လူ ၂၀ ခန့်လည်း ဒဏ်ရာရ ရှိခဲ့ကြောင်း ဒါကာရဲတပ်ဖွဲ့ ဒုအ ကြီးအကဲ ရှီယာမားလ်မူခါဂျီက ပြောကြားခဲ့သည်။

[ ဒါကာ ၊ စက်တင်ဘာ ၂၃ ၊ Ref-AFP ]
Yangon Media Group