ပထမတော့ အသံက မသဲကွဲပါ။ သို့သော် မကြာခင်မှာတော့ လမ်းငယ် လေး၏ တစ်ဖက် ထောင့်ချိုးမှ ထွက် လာသော သီချင်းသံနှင့်အတူ အသံရှင် ကိုပါ တွေ့လိုက်ကြရ သည်။
နေကာမျက်မှန်အမည်းကို တပ် ထားကာ အမြင်ချို့ယွင်းနေဟန်ရှိသော အသံရှင်က မယ်ဒလင်ကို ပိုက်၍ တစ် လှမ်းချင်းလျှောက် ဆိုနေခြင်းဖြစ်သည်။
အဖော်ဖြစ်သူက သူ၏ဘေးမှ ခါးကို အသာထိန်းပေးကာ လျှောက်နေကြ ခြင်း။
ခပ်သွက်သွက် စိတ်စိတ် မယ်ဒ လင် လက်ကွက်သံထဲ သူက ဆိုလက်စ သီချင်းကို အနည်းငယ် အသံမြှင့်၍ထပ် ကျော့ဆိုလိုက်သည်။
”ဖြစ်ချင်တာတွေလည်း မဖြစ်ရပါ xxx မဖြစ်ချင်တာတွေလည်း ဖြစ်ရတာ xxx သြော်ဖြစ်ချင်တာတွေလည်း မဖြစ် ရပါxxxမဖြစ်ချင်တာတွေလည်း ဖြစ်ရ တာxxx သုံးဆယ့်တစ်ဘုံမလွတ်ကင်း သမျှ ကရွတ်ကင်းလျှောက်တဲ့ တေးပုံ ပမာ…အဲဒါ…အဲဒါ..အဲဒါဟာ ဘဝသံသရာ xxx”
အမြင်အရ တတ်ကျွမ်းသမျှ ပညာ ဖြင့် ငွေကြေးတောင်းရမ်း စားသောက် နေသူမှန်း သိသာသော်လည်း ခံစား ချက် ပါဝင်နေ၍လောမသိ။ အသံက လှိုက်လှိုက်လှဲလှဲဖြင့် အနည်းငယ်တုန်ခါ နေရာ ထိုသီချင်းစာသားကဲ့သို့ပင် သူ သည်ရော ဖြစ်ချင်တာတွေအစား မဖြစ် ချင်သည့် အရာများကို ငြင်းခွင့်မရ ဖြစ် နေရသူပင်လော မသိ။
သို့သော် အခြေအနေက လမ်း ပေါ် လျှောက်နေရသော သူလို ဘဝမျိုး တင်မကပါ။ အဘယ့်ကြောင့်ဆိုသော် ဒီ အကြောင်းတွေ တွေးမိရင်ပဲကိုယ့်ဘဝ ကိုယ်စိတ်နာ မိတယ်” ဟု တဖြည်းဖြည်း ဝေးသွားသော အဆိုရှင်၏ နောက်ကျော ကို ငေးရင်းမှ ကိုမျိုးမင်း(အမည်လွှဲ)က ဆိုလိုက်သည်။
တကယ်တော့သူက အလုပ်လက် မဲ့မဟုတ်သလို ပုဂ္ဂလိကဝန်ထမ်း တစ်ဦး လည်းမဟုတ်။ သူက ကော်လံပေါ်တွင် ကြယ်တစ်ပွင့် ပိုင်ဆိုင်ထားသော စစ်သူ နာပြု အရာရှိတစ်ဦး။ ထို့အတွက်ပင် အထက်ပါ စကားကပို၍ စိတ်ဝင်စား ဖွယ်ဖြစ်သည်။
သူ ငယ်စဉ်ဘဝ အိပ်မက်က အ ဆောက်အအုံဒီဇိုင်းများ ရေးဆွဲဆောက် လုပ်ရသည့် အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်သည်ဟု ဆိုသည်။
”ကျွန်တော် ၈ တန်းနှစ်မှာ အဖေ ဆုံးပြီး အမေနဲ့သားအမိ နှစ်ယောက် တည်း ဘဝကိုလျှောက်ရတဲ့ခရီးမှာ အမေ က အစိုးရဆေးရုံမှာ သူနာပြုဆရာမကြီး ပါ။ အဲ့ဒီဝင်ေ ငွနဲ့ သူ့ဘဝကို ပြုစုပျိုး ထောင်ပေးရင်း ကျွန်တော့်ကိုလည်း သူ့ လိုပဲ သူနာပြုတစ်ယောက် ဖြစ်စေချင်ခဲ့ တာ။ ဒီလိုနဲ့ ကျွန်တော်ဆယ်တန်းအောင် တော့ အင်ဂျင်နီယာ အမှတ်ကို ၃ မှတ် လိုတာနဲ့ ကပ်လွဲသွားခဲ့တယ်ဗျာ။ အမေ က သူနာပြုလုပ်ဖို့ တိုက်တွန်းလာတဲ့အခါ ဖြစ်ချင်တာဖြစ်ခွင့်မရတဲ့ ဘဝမှာ အမေ လုပ်စေချင်တာပဲ လုပ်တော့ မယ်ဆိုပြီး စစ်သူနာပြုလျှောက်ခဲ့ရတာပေါ့”ဟု ကိုမျိုး မင်းက သူ့ဘဝလမ်းကို ပြန်ပြောပြသည်။
ထို့အတွက်လည်း သင်တန်းတက် ရစဉ်ကာလများအတွင်း ကျန်းမာရေး ထောက်ခံချက်ဖြင့် ထွက်ခွင့်ရသော အတန်းဖော်အချို့ကို မြင်တိုင်း ဆိုးရွား သည့် ရောဂါတစ်ခု ကို ပိုင်ဆိုင်ချင်စိတ် ဖြစ်မိသည်ဟု ကိုမျိုးမင်းက မတောင့်တ အပ်သောဆုကိုပင် တောင့်တမိပုံကို ထုတ် ဖော်ပြောသည်။
ကိုယ် မလုပ်ချင်တဲ့အလုပ်၊ ကိုယ် မနေချင်တဲ့ နေရာမှာ အခက်အခဲသေး သေးလေးကလည်း အပန်းတကြီးခံစား ရတာပါ။ တစ်ခါတစ်ခါ ဖြစ်ချင်တာ ဖြစ် လို့ ဆိုတဲ့ အတွေးတွေ ခဏခဏ ဝင် လာမိပေမယ့်လည်း အမေ့မျက်နှာကို ပြန်မြင်ယောင်လာတဲ့အခါ ဒီအတွေး တွေကို မောင်းထုတ်ရတာပါပဲလေ” ဟူ သော သူ့စကားက အိပ် မက်နှင့် လူ အလွဲများထဲမှ တစ်ခုပင် မဟုတ်ပါလား။
လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်း တစ်ဦးကတော့ အိပ်မက်တွေအကြောင်း မပြောချင်ပါဘူးဟု ဘဝကို စိတ်ပျက် ဟန်နှင့်ဆိုသည်။
”ဟုတ်တယ်လေ။ အိပ်မက်တွေ သာ အကောင်အထည်ပေါ်ခဲ့မယ်ဆိုရင် ဒီလို အစိုးရဝန်ထမ်းဘဝနဲ့ ဘယ် ရပ် တည်နေမလဲ။ ဒါပေမဲ့ အိပ်မက်ဆိုတာ ကြိုးစားမှုနဲ့အ တူ ငွေကြေးကျောထောက် နောက်ခံတွေလည်း လိုအပ်ပါသေးတယ်” ဟုသာဆိုပြီး သူဖြစ်ချင်ခဲ့သည့် စိတ်ကူး အိပ်မက်တွေကိုတော့ ဖွင့်ဟ ပြောဆို ခြင်းမရှိ။ မျိုသိပ်ခြင်း ကို ကျင့်သားရနေ ဟန်ဖြင့် ဆိတ်ဆိတ်နေခဲ့သည်။
အခုတော့ ဦးစီးအရာရှိအဆင့် ရောက်နေသော သူ့ဘဝအခြေအနေမှာ ပင် အိပ်မက်တွေ မက်မနေတော့ဘဲ လက်တွေ့ဘဝထဲတွင်နေသားကျအောင် နေထိုင် ရကြောင်းလည်း ထပ်ဆင့် ဆိုပါ သည်။
ရှေ့နေဖြစ်ချင်ခဲ့သော်လည်း လက် တွေ့တွင် ဝန်ကြီးဌာနတစ်ခု၌ အကြီး တန်းစာရေး ဖြစ်နေရသူ အမျိုးသမီး တစ်ဦးကလည်းငယ်စဉ်ကတည်းက ကုတ် အနက် ဝတ်သည့် ရှေ့နေများကို တွေ့ပါ ကအားကျမိကြောင်း၊ ရှေ့နေတစ်ယောက် ဖြစ်ချင်သည့်အတွက် အထက်တန်းကျောင်း သူအရွယ်တွင် မြို့နယ်တရားရုံးနှင့် နီး သောေ ကြာင့်မနက်တစ်ပိုင်းသာ ကျောင်း တက်ရသော ကျောင်းအပြန် နေ့လယ် တွင် ရှေ့နေများ အပြန်အလှန် ပြောဆို ကြသည့်ရုံးချိန်းများသို့လည်း ဝင်ရောက် နားထောင်ဖူး ခဲ့ကြောင်း ပြောသည်။
”ဆယ်တန်း အောင်တော့လည်း ဥပဒေမေဂျာရတယ်။ ဒါပေမဲ့ ဒီလမ်း က အရင်ဆုံးငွေခင်းပြီး ဝင်ရတာလေ။ ချိန်ဘာကာလမှာလည်း ထောက်ခံပေး မယ့်သူကို ကန်တော့ရသေးတယ်။ ပြီး တော့ လေ့လာရတဲ့ စာအုပ်တွေကလည်း အရမ်းဈေးကြီးတယ်။ နောက်တော့ အိမ်ကို ပြန်ငဲ့ပြီး ဆက်မလုပ်ဖြစ်ခဲ့ တော့ဘူး” ဟု ချိန်ဘာ သက်တမ်း တစ် လခန့်သာ ဆင်းခဲ့ကြောင်း သူ့ဖြစ်အင် ကို ပြန်ပြောင်းပြောသည်။
သူမကပင် လွန်ခဲ့သည့် ၁ဝ နှစ် ကာလက ချိန်ဘာဆင်းခဲ့သည့် ကုတ် အင်္ကျီအနက်လေးကိုယနေ့ထက်ထိ သိမ်း ထားသေးသည်ဟုပြောဆိုပုံမှာ အတိတ် ကိုလွမ်း သယောင်ဟန်ပန် အနေအထား နှင့်ပြောလက်စ စကားကိုရပ်ကာအဝေး သို့ လှမ်းငေးကြည့်နေလေသည်။
ထို့အတူ မျှော်လင့်ချက်များစွာဖြင့် နယ်မှ ရန်ကုန်သို့တက်လာသည့် သူများ လည်း မနည်း။ ပညာရှာလိုခြင်း၊ ငွေရှာ လိုခြင်း၊ မင်းသားမင်းသမီး ဖြစ်လိုခြင်း၊ စာရေးဆ ရာဖြစ်လိုခြင်းစသည့် ရည်မှန်း ချက်ကိုယ်စီ အိပ်မက်ကိုယ်စီဖြင့် လာ ရောက်ကြသည့် သူများစွာရှိသည်။
ဧရာဝတီတိုင်း ဟင်္သာတမှရန်ကုန် သို့ ငွေများများရှာလိုစိတ်ဖြင့် ရောက် လာသည့် အသက် ၂၅ နှစ်အရွယ် လူ ငယ်တစ်ဦးကတော့ ငွေလိုချင်သည့် အတွက်ရန် ကုန်ရောက်ကတည်းက ကြုံ ရာအလုပ်ဝင်လုပ်ဖြစ်သည်ဟု ဆို၏။
”ဒီရောက်တော့ ပန်းရံလည်း လုပ် ဖူးတယ်။ ကြုံရာ အကုန်လုပ်တာပဲ။ အဓိက ကတော့ ကျွန်တော့်ရည်မှန်းချက် က ငွေများများ ရှာဖို့ ရန်ကုန်ကို တက် လာတာပဲလေ” ဟု ပြောသည်။
သို့သော်လည်းငွေရှာရန်ပင် အရင်း အနှီး မရှိသည့်အတွက် ခက်ခဲပင်ပန်း ကြောင်းကို ငွေရရန်ရုန်းကန်ရသည့် သူ့ ဘဝမျိုးစုံအကြောင်း ပြောကြသည်မှာ ပင် ပင် ပန်းနေဟန်အပြည့်ဖြင့် ရှိနေ သည်မှာ ပြင်ပအပူရှိန်ကြောင့် လား တော့မသိ။ အသက် ၂၅ နှစ် အသက် အရွယ်နှင့်မလိုက် နွမ်းနယ်နေသည့်ပုံ ပေါက်နေသည်။
”ဒါပေမဲ့ လက်တွေ့ဘဝနဲ့တော့ ဒီစိတ်ကူးတွေ၊ အိပ်မက်တွေက တခြား စီပါ။ မိသားစုအတွက် နေ့ ညမှန်မှန် စားသောက်နိုင်အောင်ပဲ အတော်ကြိုး စားရတယ်။ ပြီးတော့ သိတဲ့ အတိုင်းပဲ ရန်ကုန်ရဲ့ နေထိုင်စရိတ်ကလည်း ကြီး တော့ နေစရာပေးနိုင်တဲ့ အလုပ်တစ်ခု ကိုပဲ ကျိတ်မှိတ်လုပ်နေရတယ်” ဟု သူ့ ဘဝသူ့အမောကို ဖွင့်ဟသည်။
အခုတော့ သူ့တွင် ရည်မှန်းချက် ကြီးကြီးမားမား မရှိတော့ဘဲ မိသားစု စားဝတ်နေရေး အဆင်ပြေဖို့ အတွက် သာ အဓိကထားသည်ဟု ပြောပြသည်။
လက်ရှိတွင် သင်္ဘောတက်ရန် ကြိုးစားနေပြီး အဆိုပါကိစ္စအဆင်ပြေပါ က ၄င်းမှရရှိသည့် ငွေကြေးများကို သေ ချာစုဆောင်းကာ အများအကျိုးအတွက် ကူညီဖြေ ရှင်းပေးလိုသည့် ကိုဝေလင်း ကတော့သူ့စိတ်ကူးကို ”ကျွန်တော့် ရည် မှန်းချက်ကတော့ ဖောင်ဒေးရှင်းတစ်ခု ထောင်ပြီး အများအကျိုးအတွက် ကူညီ ပေးချင်တယ်။ လူသူမရောက်နိုင်တဲ့ ဆင်း ရဲချို့တဲ့တဲ့နေရာတွေ၊ စာသင်ဖို့ တကယ် အခက်အခဲ တွေ့နေတဲ့ ကလေးတွေကို ကူညီဖို့ ကြိုးစားနေတယ်” ဟု အပြုံးဖြင့် ဆိုလိုက်သည်။
သူကပင် ဖောင်ဒေးရှင်း သေချာ ဖြစ်မြောက်ရေးအတွက် အခုကတည်းက လေ့လာမှုများရှိနေပြီဖြစ်ကာ လက်တွေ့ လုပ်ကိုင်ပါက စနစ်တကျဖြင့် အကူ အညီရောက်ရှိ ရန် ခက်ခဲသည့်ဒေသများ သို့ ဂရုတစိုက်လုပ်ကိုင်ပေးချင်သည်ဟု လည်း အားကြိုးမာန်တက်ဖြင့် ကြုံးဝါး နေသည်။
”လူဆိုတာ ကြိုးစားရင် တစ်နေ့ ဖြစ်လာမှာပဲလေ။ ကျွန်တော်ကတော့ ဒီလိုပဲ ယုံကြည်ထားတယ်” ဟု ခိုင်မာ သော သူ၏ယုံကြည်ချက်နှင့်လည်း ဆို ပြန်သေးသည်။
စားသောက်ဆိုင် မန်နေဂျာတစ်ဦး အဖြစ် လုပ်ကိုင်နေသည့် ကိုမျိုးသန်းက တော့ မိမိဖြစ်ချင်သော ဘဝအိပ်မက် သို့ မရောက်သေးသော်လည်း လက်ရှိ ရောက်နေသော ဘဝကို ကျေနပ်သည် ဟု ဆိုသည်။
”ကျွန်တော်က ဒီလိုမျိုး ဆိုင် ထောင်ချင်တာ။ အခုနေတော့ မပိုင် ဆိုင်ရသေးပေမယ့်လည်း ဒီလမ်းကြောင်း ပေါ် ရောက်နေသလို ခံစားရတယ်။ ဒီ လောကထဲမှာ ဝင်နေ ရပြီဆိုတော့ ကျွန် တော့် အိပ်မက်တွေက မကြာခင် အ ကောင်အထည်ပေါ်လာတော့မယ်” ဟု ရောက်ရှိနေသည့်ဘဝနှင့် အနာဂတ် ရည်မှန်းချက် ထပ်တူကျရန် နီးစပ်နေ သည့်ဘဝအတွက် သွက်လက်တက်ြ<ွက နေသည့်အသက် ၃ဝအရွယ် ကိုမျိုးသန်း ကပြောသည်။
ဤသို့သော အရာများကို မဆန်း ဟု ဆိုလိုက ဆိုနိုင်ပါသည်။ လူဆိုသည် ကိုက သိတတ်ခံစားတတ်စအရွယ်က ပင် ဖြစ်လိုသည့် အရာများစွာ ရှိကြစမြဲ။ တစ်စတစ်စနှင့် စိတ်ကူးယဉ်မှုများစွာ အနက် အချို့အရာတွေက ရည်မှန်း ချက်ပန်းတိုင် ဖြစ်လာသလို အချို့က တော့ လွင့်ပြယ်ပျောက်ပျက်သွားတတ် သည်။
အချို့သောလူများကလည်း ဘဝ အခြေအနေအရ ဖြစ်စေ၊ ပင်ကို အသိ ဥာဏ်ကြောင့် ဖြစ်စေထိုကဲ့သို့ အိပ် မက်နှင့် ပန်းတိုင်ကို ကိုယ်ကိုယ်တိုင် မသိ သည်များလည်း ရှိနိုင်ပါသည်။ မြန်မာ လူမျိုး အများစုအတွက်မူ ‘ကံ’ ကို ယုံကြည်ခြင်းသာ အခြေခံသည်ဖြစ်၍ ဖြစ်ချင်တိုင်း မဖြစ်တတ်ခြင်းနှင့် မဖြစ်လို သည်များ ဖြစ်တတ်ခြင်းအပေါ် အသား ကျနေပြီဖြစ်သည်။ သို့သော် ထိုအလွဲက တချို့အတွက်တော့ ခက်ခဲသော ဘဝ လမ်းလည်း ဖြစ်နိုင်ပါသေးသည်။
ထိုသို့သောအခြေအနေများ အပေါ် စာရေးဆရာ (ဦး)မင်းဒင်က ”အစိုးရ ဝန်ထမ်းအပါအဝင် လခစားလူငယ် ဝန် ထမ်းလူငယ်အများစုဟာ စိတ်ကူးနဲ့ လက်တွေ့ကွဲ လွဲစွာ လုပ်ဆောင်နေကြ ရတာ အတော်များပါတယ်။ အကြမ်း ဖျင်းသဘောအရ ခေတ်စနစ်ရဲ့
ယိုယွင်း အားနည်းမှုကြောင့်ဆိုရင် မမှားပါဘူး။ သို့သော် လူငယ်တစ်ယောက်ဟာ တ ကယ်အောင်မြင် လိုသူတစ်ယောက်ဖြစ် ခဲ့ရင်တော့ ဘယ်အတားအဆီးမျိုးကို မဆို ဘယ်အခက်အခဲကို မဆိုကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားလိုစိတ်ရှိမှသာ အိပ် မက်တွေ
အပင်ပေါက်လာနိုင်ပါတယ်။ လက်ရှိ ကြုံတွေ့နေရတဲ့ မိမိမနှစ်မြို့ သော အခြေအနေ အရပ်ရပ်သည်ပင် လျှင် မိမိလက်ရည်တက်လာစေဖို့ အ ကောင်းဆုံးသော လေ့ကျင့် ဖက် ဖြစ်ပါ တယ်”ဟု သူ့ခံယူချက်အမြင်ကို ဝေမျှ သည်။
နွယ်ရိုးပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးမှ တတိယမန်နေဂျာ ဒေါ် အေးမြတ်မွန်ကလည်း ”ဒီမှာ လာ လျှောက်တဲ့ လူငယ်တွေထဲမှာကိုပဲ ရှိပါ တယ်။ သူတတ်ထားတဲ့ ပညာက အင် ဂျင်နီယာ ဒါပေမဲ့ အလုပ်လာလျှောက် တော့ စာရင်းကိုင် လျှောက်တယ်။ ဒါ ဘာဖြစ်လို့လဲဆိုတော့ ထမင်းငတ်နေ လို့လေ။ သူက ပိုက်ဆံလိုချင်တာကိုး။ အဲ့ဒီတော့ လတ်တလောရမယ့်အလုပ် ကိုရွေးသွားတာတွေရှိတာပဲ”ဟု အတွေ့ အကြုံကို ပြောပြသည်။
ဝိုင်းကျူရှင်ဆရာမအဖြစ် လုပ် ကိုင်နေသည့် အသက် ၂၅ နှစ်အရွယ်ရှိ မထက်ထက်စုအောင်ကလည်း သူ၏ အိပ်မက်အလွဲများနှင့် ပတ်သက်၍ ” ငယ်ငယ်တုန်းက ဝါသနာပါတာတော့ ကြီးလာရင် အင်ဂျင်နီယာ ဒါမှမဟုတ် ကျောင်းဆရာမဖြစ်ချင်ခဲ့တာပေါ့။ တ ကယ်တမ်း ဆယ်တန်းအောင်စာရင်း ထွက်လာတော့ အင်ဂျင်နီယာအမှတ် မမီဘူး။
ဆရာအတတ်သင် တက်မယ်ဆို တော့လည်း မိဘက သဘောမတူဘူး။ ကျောင်းတက်ဖြစ်တော့လည်း အဲဒီအ ချိန်က ရေပန်းစားနေတဲ့ စီးပွားရေး တက္ကသိုလ်ကို မိဘတွေတက်ခိုင်းတယ်။ ဒါပေမဲ့ ကျွန်မကတော့ မိဘကိုအရွဲ့ တိုက်ပြီး စီးပွားစီမံယူပြီး ဘွဲ့ရခဲ့တယ်”ဟု အိပ်မက်နှင့်အလွဲတွင်ဖြစ်တတ်သည့် လူငယ်တစ်ယောက်၏ ပုန်ကန်ခဲ့ချိန်ကို ပြောပါသည်။
လက်ရှိတွင်တော့ ယခုအလုပ်က ဝါသနာနှင့်ကိုက်သည့်အတွက် ကလေး များကို သင်ကြားသည့်အခါ အမှတ် တက်အောင် သင်ကြားပေးနေကြောင်း၊ အထူးသဖြင့် ရည်မှန်းချက် ကြီးမားသည့် ကလေးများဆိုပါက မိမိကဲ့သို့မဖြစ်စေ ရန် ပိုမိုဂရုစိုက် သင်ကြားပေးကြောင်း မထက်ထက်စုအောင်က ပြောသည်။ တကယ်တော့ သူ့အိပ် မက်က မဆုံးသေး ပါ။
”အနာဂတ်မှာတော့ ကိုယ်ပိုင် ကျောင်းတည်ထောင်ပြီး ကလေးတွေ ရဲ့ဘဝကို မြှင့်တင်ပေးချင်တာကတော့ အနာဂတ်စိတ်ကူးလေးတစ်ခုပေါ့”ဟု ဆရာမက ဖွင့် ဟပြောပါသေးသည်။
တကယ်တော့သူက ငယ်ဘဝအိပ် မက်နှင့် လွဲချော်ခဲ့ပြီးမှ အနီးစပ်ဆုံး ဘဝတစ်ခုကို ပြန်ရခြင်းမို့ သိပ်မဆိုးပါဟု ဆိုနိုင်ပါလိမ့်မည်။ သို့မဟုတ် ရည်မှန်း ချက်နှင့် အနီးဆုံးဖြစ်အောင် ကြိုးစား လျှောက်လှမ်းနိုင်သည်ဟု ဆိုရမည်လား မသိ။ ဝါသနာနှင့် အလုပ် အံဝင်ခွင်ကျ ဖြစ်ခွင့်ရခဲ့လျှင်တော့ အချို့တိုးတက်မှု များက ဒီထက် ပိုမြင်နိုင်မည်ဟု ထင် သည်။
”အိပ်မက်တွေ အကောင်အထည် မပေးလာဘူးဆိုတာ ညံ့လို့ပေါ့။ ဘာလို့ ညံ့လဲဆိုတော့ လူတွေတော်တော်များ များက ကျောင်းတွေမှာ ပန်းချီပညာ မသင်ပေးဘူး။ တူရိယာပညာတွေ မ သင်ပေးဘူး။ အဖွဲ့အစည်းတွေနဲ့ လုပ် ဆောင်တာမျိုး မသင်ပေးဘူး။ အဲဒီ ဟာ တွေက ချို့ယွင်းနေတာပေါ့” ဟု နွယ် ရိုး အလုပ်အကိုင် အေဂျင်စီ မှ ဒေါ်အေး မြတ်မွန်က ထိုသို့ သုံးသပ်ဝေဖန်လိုက် သည်။
ဆက်လက်၍ သူကပင် ”အဲဒီ တော့ နောက်လိုက်ကောင်း မဖြစ်နိုင် ဘူး။ နောက်လိုက်ကောင်းတောင် မဖြစ်မှတော့ ခေါင်းဆောင်ကောင်းလည်း မဖြစ်နိုင်ဘူး။ အဲဒါတွေ က အိပ်မက်တွေ မဖြစ်တာပဲ။ အဓိကကတော့ နောက် လိုက်ကောင်း ခေါင်းဆောင်ကောင်း မ ဖြစ်တာဟာ အိပ်မက်တွေ ရည်မှန်းချက် တွေ မပြတ်ခဲ့တာပါ”ဟု ကောက် ချက်ချ သည်။
မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖွဲ့ ဗဟိုကော်မတီဝင် တစ်ဦးလည်းဖြစ်သလို အခွင့်အလမ်း ဂျာနယ်မှ တာဝန်ခံအယ်ဒီတာလည်း ဖြစ်သည့် ဦးသန်း စိုးကလည်း ”ဒါက တော့ ပညာရေးစနစ်နဲ့လည်း ဆိုင်သေး တာပေါ့။ တချို့ဆို ဆရာဝန်တွေ ဈေး ရောင်းနေရတာတွေ ရှိတယ်။ အင်ဂျင်နီ ယာ ဘွဲ့ရတွေ မာကက်တင်း လာလျှောက် နေတာတွေရှိတယ်။ ဟိုနေ့က ဆို မာ ကက်တင်းရာထူးအတွက် လာလျှောက် တာ မိန်းကလေး ၆ ယောက် ၇ ယောက် လောက်ရှိတယ်။ သူတို့ကို မေးတဲ့အခါ
သူတို့တတ်ထားတဲ့ပညာနဲ့ အလုပ်တွေ လျှောက်တဲ့အခါကျတော့လည်း အတွေ့ အကြုံရှိမှဆိုတော့ သူတို့ က အတွေ့အ ကြုံမရှိ။ လိုက်လေဝေးလေ မုန့်လုံးစက္ကူ ကပ်ဖြစ်နေတယ်။ ပညာရေး စနစ် ကြောင့် ဖြစ်တာပါ”ဟု သုံးသပ်သည်။
နွယ်ရိုးမှ ဒေါ်အေးမြတ်မွန်က လည်း သူ့အမြင်ကို ဆက်ပြောပါသေး သည်။
”ကိုယ်ကကွန်ပြူတာနဲ့ အလုပ် လုပ်ချင်တယ်။ သူဋ္ဌေးက ဘာကြောင့် မခန့်တာလဲ။ ဘာကြောင့် လစာမပေး လဲ။ ကိုယ်တွေက ကိုယ့်ဘာသာ ကိုယ် စဉ်းစားကြည့်ေ ပါ့၊ နောက်တစ်ခုကကိုယ် တတ်တဲ့ပညာက အင်ဂျင်နီယာ အီးပီ။ အရင်တုန်းကဆို အဲဒီဘွဲ့အတွက် ခန့်ဖို့ နေရာမရှိဘူး။ အခုတော့ တယ်လီဖုန်း လိုင်းတွေ ၊ ကုမ္ပဏီတွေက အဲဒီဘွဲ့ အ တွက် အလုပ်တွေခေါ်လာလို့သာ အ ဆင်ပြေတာ။ ဒီမှာကိုယ်ရတဲ့ဘွဲ့နဲ့ ပညာ နဲ့ အလုပ်နဲ့ အဆင်မပြေတာတွေ ရှိ သေးတော့ တချို့တွေက တက္ကစီသမား တွေ၊
မာကက်တင်းအလုပ်တွေဝင်လုပ်နေရတာတွေလည်း ဖြစ်လာတာပေါ့”ဟု ဒေါ်အေးမြတ်မွန်က ထပ်လောင်းဆိုသည်။
ကိုယ်တိုင်ကြိုးစားကြဖို့လည်း လို ကြောင်း အခွင့်အလမ်းဂျာနယ်မှ တာ ဝန်ခံအယ်ဒီတာဖြစ်သည့် ဦးသန်းစိုးက လည်း ပြောလိုက်သည်။
”ကိုယ့်ရည်မှန်းချက်တွေ မရောက် ဘူးဆိုပြီး ပညာရေးစနစ်ကိုပဲ အပြစ် ပြောနေလို့လည်း မရပါဘူး။ ပညာရေး စနစ်က နှစ် ၂ဝ လောက်သွားခဲ့ပေမယ့် လူငယ်တွေ ဘက်ကလည်း စဉ်းစားဖို့ ကြိုးစားဖို့လိုတာပေါ့။ ဥပမာ သင်တန်း တွေ တက်တယ်ဆိုရင်လည်း တကယ် သေချာတက်ဖို့ လိုတယ်။ ဒါမှ ကိုယ့်ရည် မှန်းချက်တွေဆီ ကိုရောက်မှာ”ဟု ၄င်း က အကြံပြုသည်။
အခွင့်အရေးကို တလွဲဖြုန်းတီးမိ သူများမဖြစ်စေရန် ၄င်းကထပ်၍ အကြံ ပြုသည်ကတော့ ” တချို့က သင်တန်း ဆိုပြီး အိမ်ကနေထွက်လို့ကောင်းအောင် တက်နေ ကြတာတွေရှိတယ်။ ကွန်ပျူတာ ဆိုလည်း ချက်တင်ဝင်နေတာနဲ့၊ ဖေ့စ် ဘွတ်သုံး နေတာတွေနဲ့ပဲ အချိန်မကုန်ဘဲ သေချာလုပ်မှ ဖြစ်မှာပေါ့”ဟု ဆိုပြီး နိုင်ငံခြား ရ င်းနှီးမြှုပ်နှံမှုများလာသည့် အခါ အလုပ်ကောင်းကောင်း နေရာ ကောင်းကောင်းရချင်ပါက အင်္ဂလိပ်စာ ကဲ့သို့ အသုံးဝင်မည့် ပညာရပ်များကို သေချာကျနစွာ ပြင် ဆင်ကြိုးစားသင်ယူ ထားသင့်ကြောင်း ရည်မှန်းချက်ရှိသည့် လူငယ်များကို အကြံပြုစကားဆိုပါ သည်။
”ကျွန်တော်က စစ်ဗိုလ်ကြီးဖြစ် ချင်ခဲ့တာ”ဟု ဆိုသူက ဧရာဝတီတိုင်းမှ တက်လာပြီး ရန်ကုန်တွင် ကြွေထည် ပန်းကန်လုပ်ငန်းခွင်တွင် အရောင်းစာ ရေး လုပ်နေရသူ အသက် ၁၈ နှစ်အ ရွယ် ကိုစောဒီဇင်ဘာထွန်းက သူ့ငယ် အိပ်မက်ကို ဖွင့်ဟပါသည်။
ထိုအိပ်မက်တွင် အရောင်မပါ။ နိုင်ငံတော်ကို ကာကွယ်လိုခြင်းအတွက် ဟု သူရိုးရိုးသားသားပြောခဲ့ပြီး စစ်ချီ တေး သီချင်းများကို ကြည့်မိတိုင်း သေ နတ်နှင့် ဝတ် စုံပြည့်ဆင်ကာ မာန်ပါပါ လမ်း လျှောက်တတ်သည့် စစ်သားများ ၏ ဟန်ပန်ကို သဘောကျ နှစ်သက်ခဲ့ရ သည်ဟု သူက ဝန်ခံပါသည်။
”ဆယ်တန်းအောင်ပြီးလက်တွေ့ မှာတော့ မိဘတွေက သင်္ဘောသားပဲလုပ် စေချင်တယ်လေ။ ဒါနဲ့ပဲ အိပ်မက်တွေ ပျက်ခဲ့ရတယ်”ဟု သူက ဆိုသည်။
လက်ရှိအလုပ်ကတော့ စိတ်လေ လွင့်မည်စိုး၍ ခေတ္တခဏဝင် လုပ်နေ ခြင်းဟု သူကဆိုပြီးယခုတော့ အနာဂတ် တွင် အောင်မြင်ကျော်ကြားသော စီးပွား ရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်ချင် သည်ဟု သူ့အိပ်မက်အပြောင်းအလဲကို ပြောပြသည်။
လက်ရှိတွင် ဦးလေးဖြစ်သူထံတွင် စီးပွားရေးလုပ်ငန်းများ လေ့လာသင်ယူ နေပြီး အသက်၂ဝ ပြည့်ပါက စတင်လုပ် ကိုင်တော့မည်ဟု ပြောလိုက်သည့်သူ့ အသံတွင် ဖြစ်လိုသောအိပ်မက်က ပြန် လှည့်မရတော့သည့် အဝေးတွင်ကျန်ခဲ့ပြီ ဖြစ်၍ စိတ်ဒုံးဒုံးချကာ ပန်းတိုင်အသစ် အတွက် တက်ကြွနေသည့်ဟန် ဖြစ် သည်။
လောကနှင့် ဘဝကတော့ ဤသို့ ပင်ဖြစ်သည်ဟု နိဂုံးချုပ်ရမည်လားမသိ။
အဆိုတော် ဖြစ်ချင်သော်လည်း ဖြစ် နေသည်က နယ်တွင် ဈေးရောင်းနေရ သူ၊ဆရာဝန်ဖြစ်ချင်ခဲ့သော်လည်း လက် ရှိတော့ ဆေးဆိုင်အရောင်းဝန်ထမ်း၊ ထို့ အတူ တချို့ကလည်း အောင်မြင်ကျော် ကြားသည့် စီးပွားရေးသမားဖြစ်စေ၊ အနုပညာရှင်ဖြစ်စေ ဖြစ်နေခွင့် ရနေ သော်လည်း အမှန်တကယ်ဖြစ်လိုသော အိပ်မက်နှင့် မည် မျှ ဝေးကွာနေသည် သို့မဟုတ် တစ်ထပ်တည်းကျမကျဆို သည်ကတော့ ကာယကံရှင်များပင်သိပါ လိမ့်မည်။ ထိုသို့ အိပ်မက်နှင့်လူအလွဲ တွင် လက်လှမ်းမမီနိုင်သော အကွာ အဝေးများနှင့် ကြိုမသိနိုင်သော ကံ တရားမှလွဲ၍ အခြား သတ်မှတ်ချက်တစ် စုံတစ်ရာကြောင့်တော့ မဝေးကြစေ လို ပါ။
”ကလေးတွေဆယ်တန်းအောင်ပြီး လို့ တက္ကသိုလ်တက်မယ်ဆိုရင် အမှတ် နဲ့ ခွဲလိုက်တာကို ပြောချင်မိတယ်။ ဥပမာ ဆရာဝန် ဝါသနာလည်းပါတယ်။ စာလည်းကြိုး စားတယ်။ အမှတ်က တစ် မှတ်နှစ်မှတ်နဲ့လိုပြီးမဝင်ဖြစ်ရင် ကလေး တွေအနေနဲ့ တကယ့်ကို နစ်နာပါတယ်။ ကျွန်မလည်း ဒီလိုဖြစ်ခဲ့တာလေ။ ဖြစ် ချင်တဲ့အင်ဂျင်နီယာ အမှတ်နည်းနည်း လိုပြီး အင်ဂျင်နီယာမဖြစ်ခဲ့ဘူး”ဟု နွယ် ရိုး အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှာ ဒေါ်အေးမြတ်မွန်က သူ့နစ်နာမှုနှင့် ယှဉ်၍ လူငယ်များအတွက် အမှတ်ပေး စနစ်အပေါ် ဝေဖန်လိုက်သည်။
မည်သို့ပင်ဆိုစေ လူ့ဘဝဆိုသည် က ရပ်နေ၍ မရ။ မလိုချင်သော ဘဝမို့ အကြောင်းမဲ့ အဓိပ္ပာယ်မဲ့ အဆုံးသတ် ချင်၍ လည်းမဖြစ်။ ဖြစ်ချင်တာမဖြစ် လို့ကွာဟု ညည်း၍ ငုတ်တုတ်ထိုင်ငိုင်နေ ၍လည်း ကိုယ်သည်သာ နစ်နာရမည် ဖြစ်သည်။
”သက်ခိုင်”ဟူသော ဝတ္ထုဖြင့် အောင်မြင်ထင်ရှားလာခဲ့သော စာရေး ဆရာ မင်းဒင်ကတော့ ”ဘယ်နိုင်ငံ ဘယ်လူမျိုးမဆို ဒီလိုကာလမျိုးတွေ တစ်ကြိမ်မဟုတ် တစ် ကြိမ်ဖြစ်ပေါ်ခဲ့ တာပါပဲ။ ငါ့ကျမှ ခေတ်ဆိုးနဲ့တိုးလေ ခြင်းလို့ ဘယ်သောအခါမှ မတွေးပါလေ နဲ့။ ကိုယ့်ထက် အဆပေါင်းထောင်ချီ ဆိုးတဲ့ အခြေအနေတွေကို ရင်ဆိုင် ကျော်လွှားနိုင်ခဲ့သူတွေ အများကြီးပါ။ ခေတ်ကို အပြစ်မဖို့ပါနဲ့ ”ဟု အကြုံပြု သည့်အပြင် အိပ်မက်နှင့် ဘဝလွဲနေကြ သူများကို ဤသို့တန်ဖိုးရှိသော စကား ကို ဝေမျှ လိုက်ပါသေးသည်။
”ဘဝအောင်မြင်ခြင်းဆီသွားရာ လမ်းဟာ လမ်းရှည်ကြီးပါ။ ငယ်ငယ်က ဖတ်ဖူးခဲ့တဲ့ ဆရာကြီး ရွှေဥဒေါင်းရဲ့ ဇော်ဝိတ်နဲ့ တိုင်းလုံးကျော်လက်ဝှေ့ပွဲကို နမူနာ ပေးချင် တယ်။ အင်အားကြီးတဲ့ ပြိုင်ဘက်ကို ယှဉ်ပြိုင်ရာမှာ သွေးသံရဲရဲ ဖြစ်အောင် အထိုးခံနေရသည့်တိုင် ပြိုင် ဘက်ရဲ့ရင်ညွှန့်ကို အခွင့်သင့်တိုင်း ထောက်လက်သီးတစ်ချက် ပစ်သွင်းဖို့ အားထုတ်ပါ။ မကြာခင်မှာ ပြိုင်ဘက် ဟာ တိုင်းလုံးကျော်လိုပဲ ကြမ်းပေါ်မှာ နောက်ကောက်ကျသွားကြုံရပါလိမ့် မယ်။ မကျဘူးဆိုပါတော့။ ဘဝဆိုတာ တိုက်ပွဲမို့
နောက်တစ်ပွဲအတွက် အ ကောင်းဆုံးပြင်ဆင်ပေါ့။ ငိုပါ။ ရယ်ပါ။ ဒါပေမဲ့ နောက်တစ်ပွဲအတွက် ပြင်ဆင် ပါ။ သံသရာမဆုံးသရွေ့ တိုက်ပွဲမဆုံး တဲ့ လူ့လောကသဘောကို ဆင်ခြင် စေ ချင်ပါတယ်”ဟု ဆရာက အလေးအနက် အကြံပြု အားပေးလိုက်သည်။
တကယ်တော့ ဝါသနာနှင့်ဘဝ ထပ်တူကျမှ အောင်မြင်သည်၊ ပျော် ရွှင်ရသည်လည်းမဟုတ်ပါ။ တစ်ခါတစ် ရံတွင် ဖြစ်ချင်သည့်အရာမဟုတ်သော် လည်း ကိုယ့်ရှိရင်း စွဲအရည်အချင်းနှင့် ကိုက်ညီနေသည့် လမ်းကြောင်းပေါ်သို့ လည်း ရောက်တတ်ပါသည်။ ထိုအခါ မိမိလုပ်နိုင်သည့် လုပ်နေရသည့် အလုပ် အပေါ် အားသွန်ခွန်စိုက်လုပ်နိုင် ပါကလည်း ထိုအကျိုးဆက်မှရလာမည့် အောင်မြင်မှုသည်လည်း ချိုမြိန်ကောင်း ချိုမြိန်နိုင်မည်ဟု ထင်ပါသည်။
အိပ်မက်နှင့် ဘဝ ထပ်တူကျ၍ အောင်မြင်နေသည်ဆိုသည်က ဆယ် ရေး တစ်ရေး ကိုးရေးတစ်ရာ ရှားပါး သည့်လောကတွင်အကယ်၍ သင်သည် သင်၏ စိတ်ကူး အိပ်မက်နှင့် ထပ်တူ မကျသော ဘဝတွင်ရှိနေသည်ဆိုပါအံ့။ ကိုယ်လိုလူတွေ အများကြီးဟု စိတ်ကို ဖြေ၍ အိပ်မက်ကို စိတ်ထဲမှာမှတ် လက် ရှိဘဝကိုသာ လက်မထော င်နိုင်ရန် ကြိုး စားခြင်းဖြင့် ဘဝအဓိပ္ပာယ်ကို အရောင် တင်နိုင်ရန်သာ ကြိုးစားရုံမှအပ ဘဝသံ သရာသီချင်းအတိုင်းသာ ”ဖြစ်ချင်တာ တွေလည်း မဖြစ်ရ၊ မဖြစ်ချင်တာတွေ လည်း ဖြစ်ရ”ခြင်းကိုပင်ဘဝဟု သဘော ကွဲလွဲခြင်းမရှိ ကင်ပွန်းတပ်လိုက်ရပေ တော့သည်။
သတင်းအချက်အလက်
အိမ်စည်စိုးစံ၊ ရန်နိုင်၊ စိုင်းလမင်း
အောင်ခွန်းဆက် ရေးဖွဲ့သည်။
Popular Myanmar News Journal
Home »
Feature
» အိပ်မက်ကို စိတ်ထဲမှာမှတ် လောကဓံကို လက်မ ထောင်ပြနိုင်သူများသာ ဘဝသံသရာရထား စီးခွင့်ရှိသည်