Home » » အရက်သောက်စားမူးယစ်ပီး ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ ခမရ (၅၅၃) မှ အရာရှိ တစ်ဦး ဥပဒေအရ အရေးယူခြင်းခံရ

အရက်သောက်စားမူးယစ်ပီး ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ ခမရ (၅၅၃) မှ အရာရှိ တစ်ဦး ဥပဒေအရ အရေးယူခြင်းခံရ

Written By Unknown on Thursday, September 19, 2013 | 9:52 AM

၁၅- ၉ -၂၀၁၃ ရက်နေ့ (၂၃.၃၀)အချိန်ခန့်တွင် ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ ရန်ကုန်မန္တလေး အဝေးပြေး လမ်းမကြီး၊ ဆေးရုံကြီး လမ်းဆုံတွင် သောက်စား မူးယစ်မောင်းနှင်လာသည့် ဆိုင်ကယ်တစီးမှ ဆိုက္ကားကို ၀င်တိုက်မိတာကြောင့် ခရီးသည် နှစ်ဦး ဒဏ်ရာရသွား ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ ဆိုင်ကယ် မောင်းနှင်လာသော ယာဉ်မောင်း၊ ဗိုလ်ဆွေလင်းအောင် ကြည်း ၆၀၉၂၄ ၊ ခမရ (၅၅၃)၊ မိုင်းဆတ် နေသူ မောင်းနှင်ပြီး ယာဉ်နောက်မှ ကိုလတ် (ဘ) ဦးထွန်းကြည် အိုးကုန်းကြီးကျေးရွာ၊
ဇီးဒိုင်းဒိုင်နယ်၊တောင်ငူမြို့နေသူတို့ စီးနင်းလာသော ဆိုင်ကယ် (နံပါတ်မပါ) လိုင်စင် (စီစစ်ဆဲ) ZONG SHAN 110 (အနက်ရောင်) ဆိုင်ကယ်သည် ရှေ့မှ ဦးတင်ဝင်း ( ၅၇ )နှစ် ဆိုက္ကားနင်းပီး ထိုဆိုက္ကားပေါ်တွင်လိုက်ပါလာသော ဒေါ်ကြည်ကြည်ဝင်း (၆၂) နှစ် ထီးလှိုင် ( ၁ ) ရပ်ကွက် တောင်ငူမြို့နေသူတို့လိုက်ပါလာသော ဆိုက္ကားအား နောက်မှဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်သည်။

ဆိုက္ကား စီးနင်းလာသော ဦးတင်ဝင်း နှင့် ဒေါ်ကြည်ကြည်ဝင်းတို့မှ ဒါဏ်ရာများ ရရှိခဲ့ပြီး တောင်ငူပြည်သူ့ ဆေးရုံကြီးတွင်အတွင်း လူနာအဖြစ် ဆေးကုသလျှက်ရှိ ကြောင်း သိရသည်။ 

ထိုသို့ ယာဉ်မဆင်မခြင် သောက်စားမူးယစ် မောင်းနှင်သော ဗိုလ်ဆွေလင်းအောင် ကြည်း ၆၀၉၂၄ အား တောင်ငူမြို့မရဲစခန်းမှ ယာဉ် ( ပ ) ၄၀/၂၀၁၃ ၊ ပစ်မှု့ပုဒ်မ ၃၃၇ / ၃၃၈ အရအမှူ့ဖွင့်အရေးယူထားကြောင်း တောင်ငူမြို့မရဲစခန်းမှ တာဝန်ရှိ ရဲအုပ်တစ်ဦးထံမှ သိရှိရပါသည် ။။။

by Myanmar News Now