Home » » အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှုများကြောင့် လူ ၂၇၀ ကျော်သေဆုံးခဲ့

အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှုများကြောင့် လူ ၂၇၀ ကျော်သေဆုံးခဲ့

Written By Unknown on Monday, September 9, 2013 | 2:59 PM

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် လေးနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၂၇၀ ကျော် သေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အမြန်ကားလမ်းမကြီးပြီးစီးခဲ့သည့် ၂၀၀၉ ခုနှစ်မှစ၍ ယခုနှစ် စက်တင်ဘာ ၉ ရက်ထိ ယာဉ်တိုက်မှုပေါင်း ၅၄၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၇၉ ဦး ရှိကာ ဒဏ်ရာရရှိသူ ၁၀၄၈ ဦး ရှိခဲ့ကြောင်း သတင်းရရှိသည်။ ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားသောကားများမှာ အိမ်စီးကားများဖြစ်ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူအများစုမှာ အမျိုးသားဖြစ်ကြောင်း သတင်းရရှိသည်။

ယခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၁၈၈ မှု ဖြစ်ပွားခဲ့သည့်အနက် သေဆုံးသူ ၉၃ ဦး ရှိခဲ့ပြီး ဒဏ်ရာရရှိသူဦးရေ ၄၈၂ ဦး ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယခုနှစ် ယာဉ်တိုက်မှုဖြစ်ပွားသည့် အကြိမ်အရေအတွက်အပါအ၀င် သေဆုံးသူဦးရေမှာ ယခင်နှစ်များထက် ထက်ဝက်နီးပါးမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ အစိုးရထုတ်ပြန်ချက်အရ အမြန်လမ်းတွင် သီတင်းပတ်တစ်ပတ်လျှင် ယာဉ်တိုက်မှု ၁၀ ကြိမ်အထက် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

အမြန်လမ်းပေါ်တွင် ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားသောနေရာမှာ ရေ၀ပ်သည့်နေရာများတွင် အများဆုံးဖြစ်သည်။ ယင်းလမ်းမကြီးပေါ်တွင် ယာဉ်မောင်းများ အရှိန်ပြင်းစွာမောင်းနှင်ခြင်းကို သတိပြုမိစေရန် အရှိန်တိုင်းကိရိယာများ တပ်ဆင်ထားကာ လမ်းမကြီးပေါ်ရှိ အသွား၊ အပြန် နေရာရှစ်ခုတို့တွင် တပ်ဆင်ထားကြောင်း သတင်းရရှိသည်။ ထို့အပြင် အမြန်လမ်းမပေါ်တွင် ယာဉ်မကြာခဏတိမ်းမှောက်မှုကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှဦးဆောင်၍ ဇူလိုင်လအတွင်းက ပရိတ်တရားတော်ရွတ်ဖတ်ခဲ့ကြောင်း သတင်းရရှိသည်။

7day daily