Home » » တစ်နှစ်လျှင် သွေးကင်ဆာ ရောဂါသည် နှစ်ရာနီးပါး ရန်ကုန်ဆေးရုံကြီးတွင် ကုသမှု ခံယူနေဟုဆို

တစ်နှစ်လျှင် သွေးကင်ဆာ ရောဂါသည် နှစ်ရာနီးပါး ရန်ကုန်ဆေးရုံကြီးတွင် ကုသမှု ခံယူနေဟုဆို

Written By Unknown on Monday, September 2, 2013 | 2:14 PM

ရန်ကုန် ၊ စက်တင်ဘာ ၁ ။     ။ နာတာ ရှည်သွေးကင်ဆာသည် အသက် ၄၀ နောက်ပိုင်း လူကြီးပိုင်းများတွင်ပိုဖြစ်ပြီး အပြင်းစားသွေးကင် ဆာသည် ကလေး၊ လူကြီးနှစ်မျိုး စလုံးတွင်ဖြစ်တတ်ကာ တစ်နှစ် လျှင် သွေးကင်ဆာရောဂါသည် နှစ်ရာ နီးပါး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ ''တစ်နှစ်ကို သွေးကင်ဆာ ဖြစ်တဲ့သူ တစ်ရာ၊ နှစ်ရာလောက် လာကြပါတယ်။ တော်တော်များ ပါတယ်။ အရင် ရန်ကုန်ဆေးရုံကြီး တစ်ခုတည်းရှိတုန်းကတော့ မြန်မာ တစ်ပြည်လုံးက လာကုတယ်။ အခု ဆိုရင် ခွဲပြီးတော့ မြောက်ဥက္ကလာ ဆေးရုံမှာကုလို့ရနေပါပြီ။ ဟိုမှာ လဲ လူနာတွေအများကြီးပဲ။ ပြီးရင် ကျွန်တော်တို့ဆီကထွက်သွားတဲ့ ဆရာဝန်တွေကပဲ မန္တလေးမှာ ကု ပေးတယ်၊ ဒီသုံးနေရာပဲ ကုပေး တယ်။ ကျွန်တော်တို့ဆီကိုလာတဲ့ လူနာကတော့ များတယ်။ တစ် တိုင်းပြည်လုံးအတိုင်းအတာ ဘယ် လောက်ရှိလဲလို့တော့ ကျွန်တော် တို့မသိပါဘူး''ဟု သွေးရောဂါအ ထူးကုဆရာဝန်ကြီး ဒေါက်တာ ရဲမြက ပြောသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ သွေးကင်ဆာဖြစ်နှုန်းကို အတိအ ကျမပြောနိုင်သော်လည်း ရန်ကုန် ဆေးရုံကြီးတွင် တစ်နှစ်လျှင် တစ် ရာကျော်၊ နှစ်ရာနီးပါးကုသပေး နေရပြီး မြောက်ဥက္ကလာဆေးရုံ ကြီးနှင့် မန္တလေးဆေးရုံကြီးများ တွင်ကုသ ပေးသော် လည်း ယင်း ဆေးရုံများမှစာရင်းများကိုမူ မသိ ရှိကြောင်း ဆက်လက်ပြောသည်။ သွေးကင်ဆာရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင်ပြီး ယခုအခါတွင်လည်း ဖြစ်ပွားမှု များလာသည်ဟုယူဆနိုင်ပြီး ကု သမှုပိုင်းတွင်လည်း ခက်ခဲမှု များ ရှိနေသေးကြောင်း သိရသည်။

ကလေးများတွင်ဖြစ်သော သွေးကင်ဆာသည် များသောအား ဖြင့် ကုသပျောက်ကင်းနိုင်ပြီး အ နောက်နိုင်ငံများတွင် ၈၀ ရာခိုင် နှုန်း၊ ၉၀ ရာခိုင်နှုန်း ပျောက်ကင်း အောင် ကုသပေးနိုင်ပြီး မြန်မာ နိုင်ငံတွင် အခက်အခဲများရှိကြောင်း၊ နယ်မှလာ သည့်ကလေးများသည် တစ်လတစ်ခါ၊ နှစ်လတစ်ခါခန့် ပြန်လာပြရပြီး ဆေးရုံတွင်လည်း လေးလ၊ ငါးလခန့်နေရခြင်း၊ စရိတ် စကကုန်ကျခြင်း၊ ဆေးရုံအနေနှင့် ဆေးဝါးပစ္စည်းများကို အထောက် အကူများပေးသော်လည်း တစ် ဖက်မှ စားစရိတ် နေစရိတ် များ ကြောင့် ဆေးကုသမှုအောင်မြင် မှုနှုန်းနည်းနေကြောင်း သိရသည်။

''အလုပ်ကို သုံးလေးငါးလ လောက်နားပြီး ဘယ်မှာနေရမှာ လဲ။ နေစရာ စားစရာစရိတ်တွေ လဲရှိသေးတယ်။ ပြီးတော့ နောက် တစ်လ၊ နှစ်လနေ ပြန်လာပြဆို တော့ ဝေးတဲ့နေရာတွေကပြန် လာပြရတယ်။ တော်တော်များများ က မလုပ်နိုင်ကြ ဘူး။ အဲဒီတော့ အောင်မြင်မှုနှုန်းနည်းနေတယ်'' ဟု ဆက်လက်ပြောသည်။ အခိျု့သော နာတာရှည် သွေးကင်ဆာရောဂါရှင်များသည် များသောအားဖြင့် ဆေးရုံသို့ပင် မလာကြဘဲ ပြင်ပမှာပင်ကုသကြ ပြီး ရောဂါပြင်းထန်လာမှ ဆေးရုံ သို့ရောက် လာကြ ကြောင်း၊ နာတာ ရှည်သွေးကင်ဆာသည် မည်မျှ ရှိသည်ကို အတိအကျမပြောနိုင် ကြောင်း သိရသည်။

ခင်သက်မွန်
Yangon Media Group