Home » » ပါကစ္စတန်ရှိ ခရစ်ယာန်ဘုရား ရှိခိုးကျောင်း ဗုံးခွဲ တိုက်ခိုက်ခံရပြီးနောက် ခရစ်ယာန် ဘာသာဝင်များ ကြောက်ရွံ့ထိတ်လန့်

ပါကစ္စတန်ရှိ ခရစ်ယာန်ဘုရား ရှိခိုးကျောင်း ဗုံးခွဲ တိုက်ခိုက်ခံရပြီးနောက် ခရစ်ယာန် ဘာသာဝင်များ ကြောက်ရွံ့ထိတ်လန့်

Written By Unknown on Thursday, September 26, 2013 | 6:08 PM

ပါကစ္စတန် နိုင်ငံအနောက်မြောက်ပိုင်းရှိ ဘုရား ရှိခိုးကျောင်း တစ်ခု၌ စက်တင်ဘာ ၂၂ ရက်က အသေခံ ဗုံးခွဲ တိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားမှုကြောင့် ခရစ် ယာန် အသိုင်း အဝိုင်းကြား စိုးရိမ် ပူပန်မှု များ ပေါ်ပေါက်ခဲ့ပြီး အစ္စလာမ္မစ် အ ကြမ်းဖက်မှု များ၌ ၄င်းတို့သည် ပစ်မှတ် တစ်ခု ဖြစ်လာမည်ကို ကြောက်ရွံ့တုန် လှုပ်လျက် ရှိကြောင်း သိ ရသည်။

ပါကစ္စတန်ရှိ ခရစ်ယာန် ဘာသာ ဝင်များသည် စက်တင်ဘာ ၂၃ ရက်တွင် ပက်ရှ်ဝါမြို့ရှိ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းများ၌ အသေခံ ဗုံးခွဲ တိုက်ခိုက် မှုအား ဆန္ဒပြမှု များ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဗုံးခွဲ တိုက်ခိုက်မှု၌ ခရစ်ယာန် ဘာသာဝင်ပေါင်း ၈၂ ဦး သေဆုံးခဲ့ သည်။ ပါကစ္စတန်နိုင်ငံ၌ အစ္စလာမ် ဘာသာဝင် များ အကြား ဂိုဏ်း ဂဏစွဲ တိုက်ခိုက်မှု များနှင့် အစ္စလာမ္မစ် အ ကြမ်းဖက်မှုများ နှစ်ကာလ ကြာရှည်စွာ ဖြစ်ပွားလျက် ရှိသော်လည်း လတ်တ လော၌ ခရစ်ယာန် ဘာသာဝင် များ အား ရန် မူ လျက် ရှိသောကြောင့် ခရစ်ယာန် ဘာသာဝင် များကြား စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်လျက် ရှိသည်။ နှစ်တစ်ရာ သက်တမ်းရှိ ခရစ် ယာန် ဘုရား ရှိခိုးကျောင်း၌ အသက် ၁၄ နှစ် အရွယ် Shaloom Nazir သည် သမ္မာကျမ်းစာ သင်ယူရန် ဘုရား ကျောင်းသို့ မိသားစုဝင် များနှင့် အတူ လာရောက်ခဲ့ပြီး နေ့လယ်ခင်း မတိုင် ခင် ပေါက် ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

”သမ္မာကျမ်းစာ တန်းတက်ဖို့ ထိုင် မလို့ ပဲရှိသေးတယ် ဗုံးပေါက်သံ ကြားလို့ ထွက်ပြေးလာတာ။ လူပေါင်း ၃ဝဝ လောက်မြေပေါ် မှာ လဲနေကြတယ်။ အမေ့ ကိုတွေ့တော့ ထူ လိုက်တယ်။ ဒါ ပေမဲ့ မကြာဘူး ဒဏ်ရာတွေ နဲ့ သေသွား တယ်”ဟု ၄င်းက ဝမ်းနည်း တုန်ရီစွာ ပြောကြားခဲ့သည်။

ပါကစ္စတန်မှ ခရစ်ယာန်ဘာသာဝင် အများစုသည် ဟိန္ဒူမျိုးနွယ်မှ ဆင်းသက်လာခြင်း ဖြစ်ပြီး ဗြိတိန်တို့ အုပ်ချုပ်စဉ် ကာလအတွင်း ခရစ်ယာန်ဘာသာ သို့ ပြောင်းလဲ ခဲ့သည်။ အများစုမှာ ဆင်းရဲ မွဲတေပြီး အဆင့်အတန်း နိမ့်ကျသူများ ဖြစ်သည်။ ပါကစ္စတန်ရှိ လူဦးရေ သန်း ၁၈ဝ ၌ ခရစ်ယာန် ဘာသာဝင်မှာ နှစ် ရာခိုင်နှုန်းသာ ရှိပြီး ကုရ် အာန်ကျမ်း (သို့မဟုတ်) တမန်တော် မိုဟာမက်အား မထီမဲ့မြင် ပြုသည်ဟု စွပ်စွဲ၍ လွန်ခဲ့သည့်နှစ် များ အတွင်း အစ္စလာမ် ဘာသာဝင် များက အကြမ်းဖက် တိုက်ခိုက် လျက် ရှိသည်။

သိင်္ဂီဝင်း

Ref:AFP

Popular Myanmar News Journal