Home » » အခြေခံဥပဒေ ပြင်ဆင်ရေး တနင်္သာရီတိုင်း လွှတ်တော် အကြံပြုမည်

အခြေခံဥပဒေ ပြင်ဆင်ရေး တနင်္သာရီတိုင်း လွှတ်တော် အကြံပြုမည်

Written By Unknown on Saturday, September 21, 2013 | 7:08 AM

လွှတ်တော်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးက အကြံပြုချက်ပေးပို့နိုင်ဖို့ ဆွေးနွေးပွဲတစ်ခုကို လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှာ တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်မှာ ကျင်းပမယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲကရရှိတဲ့ အကြံပြုချက်တွေကို ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံ ပေးပို့သွားမယ်လို့ တနင်္သာရီတိုင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က RFA ကို ပြောပါတယ်။

“ဗဟိုမှာ ၁ဝ၉ ဦးနဲ့ ဖွဲ့ထားတာရှိတယ်လေ၊ ကျနော်တို့ တိုင်းဒေသကြီး လွှတ်တော်ကတော့ ဒါနဲ့ပတ်သက်ပြီးတော့မှ အကြံပြုချက်ပေါ့လေ၊ အဲဒါကိုဆွေးနွေးဖို့ လွှတ်တော်က ဦးစီးပြီးလုပ်မယ့် အစည်းအဝေးပါ”

အစည်းအဝေးကို တနင်္သာရီတိုင်း ဒေသကြီးအတွင်းက ပါဝင်အကြံပြုဆွေးနွေးချင်တဲ့ မည်သူမဆို တက်ရောက်နိုင်တယ်လို့ သိရပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အကြံပြုချက်ဆွေးနွေးပွဲတွေကို NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေကလည်း အပတ်စဉ် NLD ရုံးချုပ်မှာ ကျင်းပနေပါတယ်။

RFA Burmese