Home » » ခရမ်းတွင် မူလတန်းအဆင့် ကျူရှင် မတက်နိုင်သူတချို့ ခွဲခြား ခံရဟုဆို

ခရမ်းတွင် မူလတန်းအဆင့် ကျူရှင် မတက်နိုင်သူတချို့ ခွဲခြား ခံရဟုဆို

Written By Unknown on Monday, September 23, 2013 | 5:33 PM

ခရမ်း ၊ စက်တင်ဘာ ၂၂။ ။ ခရမ်း မြို့နယ်တွင် မူလတန်းအဆင့် ကျူရှင် များ ဖွင့်လှစ်ကာ ကျူ ရှင်တက်နိုင်သော ကလေးနှင့် မတက်နိုင်သော ကလေးများ ကို ခွဲခြားဆက်ဆံမှုများ ရှိနေကြောင်း ကျောင်းသား မိဘအချို့ထံမှ သိရသည်။

''ဒီနှစ်ကမူလတန်းတွေကို အခမဲ့ ပညာသင်ခွင့်ပေးထား တော့ မူလတန်းအရွယ်ကလေး သူငယ်တွေအများစုဟာ ကျောင်း တက်လာနိုင်ကြတယ်။ ကျောင်း တက်နိုင်ပေမယ့် မိဘတွေချို့တဲ့ တော့ ကျူရှင်မတက်နိုင်ကြဘူး။ ကျူရှင်မတက်နိုင်တဲ့ ကလေးတွေ ကို ဆရာမတွေကခွဲခြားဆက်ဆံ တဲ့သဘောပဲ။ ဒီမှာ အဖြစ်ဆုံး ပြဿနာက ကလေးတွေကို ခွဲခြား ဆက်ဆံတာပဲ။ အရင်ကလဲ ဒီမြို့ နယ်က ကျူရှင်တွေအကြောင်း ဂျာနယ်တွေမှာ ပါဖူးတယ်။ ကျောင်းသားတွေကို အဲဒီလို မခွဲခြားစေချင်ဘူး''ဟု ကျောင်း သားမိဘတစ်ဦးဖြစ်သူ ဦးကျော် မင်းက ပြောသည်။

အဆိုပါမြို့နယ်တွင် မူလ တန်းအဆင့်ကနေ ဝိုင်းကျူရှင် များဖွင့်ခြင်း၊ ယင်းကျူရှင်များ တွင် မတက်သောကျောင်းသား များကိုခွဲခြားဆက်ဆံခြင်း၊ ကျူ ရှင်မတူပါက ပြဿနာများဖြစ် ပွားကြကြောင်း သိရသည်။

မြတ်မိုးအောင် - Yangon Media Group