Home » » မြိတ်မြို့နယ် အာဏာပိုင်များ နယ်မြေ NLD ရုံးတွင် ၀င်ရောက်ပြီး 8888 ငွေရတု ပိုစတာများကို ဖြုတ်သိမ်း

မြိတ်မြို့နယ် အာဏာပိုင်များ နယ်မြေ NLD ရုံးတွင် ၀င်ရောက်ပြီး 8888 ငွေရတု ပိုစတာများကို ဖြုတ်သိမ်း

Written By Unknown on Tuesday, August 6, 2013 | 12:48 AM

ယနေ့(5.8.2013)ရက်၊ ည(8:00)ခန့်က မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုး ဦးသိန်းဝင်းနှင့်နယ်မြေရဲတပ်ဖွဲ့များမှ မြိတ်တောင်နယ်မြေ NLDရပ်/ကျေးရုံးသို့ ၀င်ရောက်လာပြီး အထက်မှ ညွှန်ကြားသည်ဟု ဆိုကာ 8888ငွေရတု အထိမ်းအမှတ်ဗွီနိုင်း ပိုစတာကို လာရောက် ဖြုတ်သိမ်းခိုင်းပါသည်။

NLDနယ်မြေ တာဝန်ခံများမှလဲ NLDပါတီသည် တရားဝင် မှတ်ပုံတင်ဖွဲ့စည်း ထားသည့် အတွက် တရားဝင် စာထုတ်ပေးပါရန်၊ မိမိတို့မြို့နယ် NLDဥက္ကဌနှင့် သွားရောက် တွေ့ဆုံ ဆွေးနွေးသင့်ကြောင်း၊ မိမိတို့မြို့နယ် NLD အလုပ်အမှုဆောင်များမှလဲ ဘာမျှ မသိရှိရသေးကြောင်း၊ မြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့မှ ညွှန်ကြားလာပါလျှင် ဖြုတ်သိမ်းပေးမည် ဖြစ်ကြောင်း ပြန်လည်ပြောကြား ခဲ့ပါသည်။

ထိုသို့ပြောကြား ပြီးနောက် မြို့နယ်ထွေ/အုပ်နှင့် အဖွဲ့သည် မြို့အတွင်း လှည့်လည်၍ ၈၈၈၈ငွေရတု အခမ်းအနား ဗွီနိုင်းပိုစတာ ချိတ်ဆွဲထားသော နေရာများသို့ သွားရောက် ဖြုတ်သိမ်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

မြိတ်မြို့နယ် NLD ရုံးတွင်ချိတ်ဆွဲ ထားသော ပိုစတာကိုလဲ ညအချိန်ခန့်မှ (မည်သူ၏ လက်ချက်မှန်းမသိပဲ) ဖြုတ်ချ ခံခဲ့ရပါသည်။

သက်ဆိုင်ရာ အာဏာပိုင်တို့အနေဖြင့် မြို့နယ်NLDအား အကြောင်းကြားခြင်းမရှိ၊ ဆင့်ခေါ်ခြင်းမရှိ၊ ဆွေးနွေးခြင်းမရှိ၊ ညှိုနှိုင်းခြင်းမရှိ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်လဲမရှိ၊ မြို့နယ် NLD အလုပ်အမှုဆောင်များ အပေါ် ခွင့်တောင်းခြင်းမရှိပဲ NLDရပ်/ကျေးရုံးများသို့ ၀င်ရောက်တားဆီးခြင်းသည် တရားဥပဒေ စိုးမိုးမှုအပေါ် မထီမဲ့မြင်ပြုရာ ရောက်ခြင်း၊ မြို့နယ်NLDရုံးအပေါ် လေးစားသမှုမရှိခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလိုက်နာခြင်း ဖြစ်ကြောင်းတွေ့ရှိရပါသည်။

ထို့ကြောင့် ၎င်းတို့၏ လုပ်ရပ်အပေါ် မြိတ်မြို့နယ်NLD အလုပ်အမှုဆောင်များနှင့် ပါတီဝင်များက
 ပြင်းပြင်းထန်ထန်ရှုံ့ချလိုက်သည်။

National League For Democracy (Myeik)