Home » » သံဘီးတပ်လှည်းတွေကြောင့် ကားလမ်းတွေပျက်ရတာဟု ဒုဝန်ကြီးပြောပြီ

သံဘီးတပ်လှည်းတွေကြောင့် ကားလမ်းတွေပျက်ရတာဟု ဒုဝန်ကြီးပြောပြီ

Written By Unknown on Wednesday, August 28, 2013 | 11:47 AM

ပြည်သူ့လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေး (၂၅) ရက် မြောက်နေ့ကို သြဂုတ် (၂၃) ရက် ကကျင်းပရာ ဆားလင်းကြီး မဲ ဆန္ဒနယ်မှ ဦးသန်းမြင့်က ကား လမ်းများသက်တမ်းမစေ့မီ ပျက် စီးမှုမရှိရန်နှင့် နိုင်ငံတော်ဘဏ္ဍာ  ငွေလေလွင့်ဆုံးရှုံးမှုမဖြစ်စေရန် အတွက် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးခွန်း ကို မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက် ပြီးဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးဦးစိုးတင့်က မော် တော်ယာဉ်များသွားလာရန် ဆောင်ရွက်ထားသည့် လမ်းများ ပေါ်တွင် သံဘီးတပ်ထားသော ကျွဲ၊ နွားလှည်းများမောင်းနှင်မှု ကြောင့် မော်တော်ကားလမ်းများ သက်တမ်းမစေ့မီပျက်စီးရကြောင်း၊ သံဘီးတပ်လှည်းများ ကတ္တရာ လမ်းမကြီးပေါ်တွင်မောင်းနှင်ခြင်း မပြုရန် ဥပဒေဖြင့် တားမြစ်ထား ကြောင်း၊ မဖြစ်မနေဖြတ်သန်း သွားရမည်ဆိုပါက သံဘီးများ အစား မော်တော်ကားတာယာ များ ပြောင်းလဲတပ်ဆင်အသုံးပြု ရေး၊ ရာဘာတာယာဘီးများ ထပ် ပိုးပြီး တပ်ဆင်အသုံးပြုရေးတို့ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ရန်ကုန်မြို့တွင်းရှိ လမ်းများ သည် သံဘီးတပ်လှည်းများ တက် ရောက်မောင်းနှင်ခြင်း မရှိသော် လည်းကားလမ်းများမှာသက်တမ်း မစေ့မီ ပျက်စီးနေရပြီး နိုင်ငံ့ ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှု ဖြစ် ပေါ်နေရသည်မှာ ဘာကြောင့်လဲ ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ မေးခွန်းအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်က မေးသင့်ကြောင်း နိုင်ငံရေး လေ့ လာသူတစ်ဦးက ပြောကြားသည်။

အောင်ထွန်း

by hotnews_editor

Hot News Journal