Home » » ပလိပ်မြွေဘုရားသို့ ရွာငံမြို့မှ စပါးအုံးမြွေ လာရောက်လှူဒါန်း

ပလိပ်မြွေဘုရားသို့ ရွာငံမြို့မှ စပါးအုံးမြွေ လာရောက်လှူဒါန်း

Written By Unknown on Monday, August 26, 2013 | 11:57 AM

မန္တလေး တိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပလိပ်မြို့ ရတနာလာဘမုနိ ဆု တောင်းပြည့်မြွေဘုရားသို့ ရှမ်း ပြည်နယ် ရွာငံမြို့ လီဝမ်းစား သောက်ဆိုင်နှင့် ရွှေကမ္ဘာငွေ ကမ္ဘာသတ္တုတူးဖော်ရေး ကုမ္ပဏီ ဒါရိုက်တာ မောင်စိုင်းလူထွေး၊ မစန်းစန်းရီတို့က ပလိပ်မြို့ဘုရား အတွင်းထားရှိရန် စပါးအုံးမြွေ ကြီး တစ်ကောင်ကို ဩဂုတ် ၂၄ ရက်က လာရောက်လှူဒါန်းသွား ကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးရဲ ညွန့်က ရန်ကုန်တိုင်းမ်နေ့စဉ်သို့ ပြောသည်။

ရွာငံမြို့ ဟန်မြင့်မိုရ်-တောင် ကြီးသွား ကားလမ်းဘေးရှိ မောင် စိုင်းလူထွေး၊ မစန်းစန်းရီတို့ပိုင် လိမ္မော်ခြံအတွင်းမှ အရှည် ၉ ပေ၊ လုံးပတ် ၁၀ လက်မကျော်ရှိ စပါး အုံးမြွေကြီးကို ဩဂုတ် ၁၈ ရက် မွန်းလွဲ ၃ နာရီခန့်က ခြံအတွင်း လုပ်ငန်းဝင်စဉ် တွေ့ရှိခဲ့ရာ ထိန်း သိမ်း စောင့်ရှောက်ထားခဲ့သည်။
အဆိုပါလှူဒါန်းသည့် မြွေ ကြီးကို ဂေါပကအဖွဲ့မှ ဘုရားရင် ပြင်တော်ပေါ်ရှိ ရေကန်အတွင်း ခေတ္တထားကာ အညစ်အကြေး များ ဆေးကြောသုတ်သင်၍ ပလိပ် မြို့၊ ရတနာလာဘမုနိ မြွေဘုရား လိုဏ်ဂူအတွင်းရှိ ရုပ်ပွားတော် တွင် ထားရှိနိုင်ရန်အတွက် လော လောဆယ်ထိန်းသိမ်းစောင့်ရှောက် ထားသည်။

ပလိပ်မြွေဘုရားတွင် လက် ရှိ စပါးအုံး၊ စပါးကြီး မြွေသုံးကောင် ရှိရာ ယခုလှူဒါန်းသည့် စပါးအုံး မြွေအပါအဝင် မြွေကြီးလေး ကောင်ရှိကြောင်း သိရသည်။

သြဂုတ်(၂၅)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group