Home » » တောင်ငူတွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

တောင်ငူတွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

Written By Unknown on Wednesday, August 14, 2013 | 10:45 PM

တောင်ငူ၊ သြဂုတ် ၁၃

တောင်ငူမြို့နယ် အမှတ် (၆) ရပ်ကွက် ၃ လမ်းရှိ နေအိမ်တစ်လုံးတွင် သြဂုတ်လ ၁၃ ရက် ည ၁၁ နာရီခန့်က လက်ဖက်ရည် ဆိုင်မှ ဘောလုံးပွဲကြည့်ပြီး ပြန်လာပြီးသူ အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦး ကိုယ့် ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးခဲ့ကြောင်း တောင်ငူမြို့အမှတ် (၂) ရဲစခန်း တာဝန်ရှိသူ တစ်ဦးထံမှ စုံစမ်းသိရှိရသည်။

ကြိုးဆွဲချ သေဆုံးခဲ့သည့် ကိုနေလင်းအောင်သည် အိမ်အပေါ်ထပ် ဆက်တီခုံပေါ်တွင် မတ်တတ်ရပ်ကာ ထုတ်တန်းတွင် ပုဆိုးနှစ်ကွင်းဆက်၍ အဆုံးစီရင် ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်း၏ ကနဦး တိုင်တန်းချက်များအရ စုံစမ်းသိရှိရသည်။

"အောက်ထပ်က ဘွားအေက အပေါ်က ရေတွေ ကျလာလို့ သူ့မြေးကိုမေးတော့ပြန်မဖြေလို့ ဆိုပြီး အပေါ်တက်ကြည့်တော့ ကြိုးဆွဲချသေနေတာကို တွေ့တာ။ စမ်းကြည့်တော့ ကိုယ်နွေးနေသေးတယ်။ ကောင်လေးက အေးတာတော့အေးတယ်။ဘွဲ့ယူပြီးတာတောင် မကြာသေးဘူး" ဟု အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညိုအေးက ရှင်းပြသည်။

အဆိုပါ သေဆုံးမှုကို သေမှု သေခင်းအမှတ် ၇/၂၀၁၃ဖြင့် အမှုဖွင့် အရေးယူထားကြောင်း တောင်ငူမြို့နယ် အမှတ် (၂) ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly