Home » » ပုဂံတွင်ကမ္ဘာ့ခရီးသွားများလုံခြုံရေးဆိုင်ရာရဲမေဦးရေ တိုးမြှင့်

ပုဂံတွင်ကမ္ဘာ့ခရီးသွားများလုံခြုံရေးဆိုင်ရာရဲမေဦးရေ တိုးမြှင့်

Written By Unknown on Wednesday, August 21, 2013 | 3:06 AM

ပုဂံ၊ ညောင်ဦးဒေသတွင် လုယက် အကြမ်းဖက်မှုဖြစ်ရပ်တချို့ များ လာသဖြင့် အမျိုးသမီး Tourism Police ၃၂ဦးကို ဩဂုတ် ပထမ ပတ်မှစတင်ကာ တိုးမြှင့်ချထား ကြောင်း ကမ္ဘာ့ခရီးသွားများ လုံ ခြုံရေးဆိုင်ရာရဲတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ပုဂံညောင်ဦးဒေသများတွင် နိုင်ငံခြားသားများထံမှ အဖိုး တန်ပစ္စည်းများလုယက်ခြင်း၊ ယင်း သို့လုယက်ခံရသူများထဲတွင် နိုင်ငံ ခြားသူများ၏ လုယက်ခံရမှုများ ပြားလာသဖြင့် Tourism Police (ကမ္ဘာ့ခရီးသွားများလုံခြုံရေးဆိုင် ရာရဲတပ်ဖွဲ့)မှ အမျိုးသမီးတပ်ဖွဲ့ ဝင်များကို ယခုကဲ့သို့ တိုးမြှင့်ချထားရခြင်းဖြစ်ကြောင်း၊ နိုင်ငံခြား သူများအနေဖြင့် အခက်အခဲတစ် စုံတစ်ရာပေါ်ပေါက်လာပါက အ မျိုးသမီး Tourism police ဖြင့် ပိုမိုအဆင်ပြေစေရန်ဟူသော ရည် ရွယ်ချက်များဖြင့် ယခုကဲ့သို့ပြု လုပ်ရခြင်းဖြစ်သည်ဟု သိရသည်။

ကမ္ဘာ့ခရီးသွားများ လုံခြုံ ရေးဆိုင်ရာရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ''အမျိုးသား Tou-rism Police က ၃ဝရှိတယ်။ အ မျိုးသမီးက ၃၂ဦးထားတယ်။ မိန်း မအချင်းချင်းဆိုတော့ နိုင်ငံခြားသူ တွေအတွက် ပိုအဆင်ပြေအောင် ပါ။ တိုရီဇင်ရဲတပ်ဖွဲ့တွေက ထပ်မံ လိုအပ်နေပါသေးတယ်။ ပုဂံဒေ သမှာ နေရာက ကျယ်ဝန်းပြီးတိုရီ ဇင်ရဲတပ်ဖွဲ့က နည်းနေသေး တယ်။ ဒါပေမဲ့ တတ်နိုင်သမျှတော့ နိုင်ငံခြားသားတွေရဲ့အခက်အခဲ တွေ၊ လိုအပ်ချက်တွေကို လုပ်ဆောင် ပေးနေပါတယ်''ဟု ပြောသည်။ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက နိုင်ငံခြားသူတစ်ဦးထံမှ ပိုက်ဆံ အိတ်ကို လုပြေးခဲ့သဖြင့် တိုရီဇင် ရဲတပ်ဖွဲ့ဝင်များထံ တိုင်ကြားခဲ့သ ဖြင့် လုယူထွက်ပြေးသော တရား ခံအမျိုးသားနှင့် ပိုက်ဆံများပြန် ရရှိခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ပုဂံဧည့် လမ်းညွှန်အသင်းမှ ဥက္ကဋ္ဌ ဦးဇော် ဝင်းချိုက ''တိုရီဇင်ရဲတပ်ဖွဲ့ဝင် တွေအနေနဲ့ နိုင်ငံခြားသားတွေရဲ့ အခက်အခဲကို အတတ်နိုင်ဆုံးကူ ညီပေးမှာပါ။ ရှေးဟောင်းပုထိုး တွေရှိတဲ့နယ်မြေမှာ လုယက်မှု တွေ၊ ရာဇဝတ်မှုတွေမဖြစ်အောင် အတတ်နိုင်ဆုံး ကာကွယ်စောင့် ရှောက်သွားမယ်''ဟု ပြောသည်။

တိုရီဇင်ရဲတပ်ဖွဲ့ဝင်များသည် နေ့စဉ် နံနက် ၈နာရီခန့်မှ ည၁၁ နာရီခန့်အထိ နေ့စဉ်လှည့်ကင်း ပြီး လက်ရှိတွင် တပ်ဖွဲ့ဝင်ပေါင်း ၆၂ဦးရှိကြောင်း သိရသည်။

ကျော်မြတ်ဇံ၊ရန်ကုန်၊သြဂုတ်(၁၉)
ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

Yangon Media Group