ပဲခူးမြို့နယ် ဘုရားကြီး မြို့ ရှိ ပဲခူး-မော်လမြိုင်လမ်း အသုံးပြုခကို ရွှေသံလွင်ကုမ္မဏီမှ သတ်မှတ်ကာလ တစ်ခုတွင် လမ်းအသုံးပြုခကို ကောက်ခံစေခဲ့ရာ ဘုရားကြီးတိုးဂိတ်(ရွှေသံလွင်)၌ လမ်းအသုံးပြုခ ကောက်ခံရာတွင် ဒေသခံ ပြည်သူများသည် ဒေသထွက်ကုန်များကို ပဲခူးသို့ လာရောင်း ၀ယ်သည့်အခါ တိုးဂိတ်ကြေးသည် (၁၀၀၀ိ/)ကျပ် ပေးဆောင်ရပါသည်။
ထိုသို့ပေးဆောင်ရာတွင်--
(၁)လမ်းအသုံးပြုခ ….၃၇၅ ကျပ်
(၂)စစ်တောင်းတံတား အသုံးပြုခ…၁၅၀ ကျပ်
(၃)ပဲခူးမြို့ဝင်ကြေး…၂၀၀ကျပ်
(၄)ဝေါမြို့ဝင်ကြေး…၂၀၀ကျပ်…
စုစုပေါင်း..၉၂၅ကျပ် အပြင် ဘာကြောင့် (၁၀၀၀ိ/)ကျပ်ကောက်သလဲဟု တိုးဂိတ်ဝန်ထမ်းများကို မေးမြန်းသောအခါ ပုံသွင်း သင်ပေးထားသကဲ့သို့ မချေမငံပြန်လည်ပြောဆိုပြီး ပို ငွေ (၇၅)ကျပ်ကို ပြန်မအမ်းဘဲ လိုချင်လျှင် အကြွေစောင်ခဲ့ဟု ပြောပါသည်။
ဒေသခံ များသည် စစ်တောင်းတံတားမဖြတ်၊ ဝေါမြို့ကိုလည်း မကျော်ဘဲ တံတားအသုံးပြုခနှင့် မြို့ဝင်ကြေး ပေးဆောင်နေရသည့် အတွက် ဒေသခံများ ငွေပိုပေးနေရသောကြောင့် မကြေနပ်ကြပါ ငွေ(၁၀၀၀ိ/)ပေးတိုင်း (၇၅)ကျပ် ပိုနေလျှင် တစ်နေ့ ရာနှင့်ချီသောကားများ ဖြတ်သန်းသွားလာလျှက်ရှိရာ ငွေဘယ်လောက် ပိုနေသလဲဆိုတာကို စဉ်းစားကြည့်လို့ရပါတယ်ဟု ဒေသခံ လယ်သမားတစ်ဦး ကပြောသည်။
တစ်မြို့နယ်အတွင်း၌ သွားလာရသော ယာဉ်များအား ငွေတောင်းခံနေခြင်းမှာ ဆက်ကြေးပေးရခြင်းပင် ဖြစ်ကြောင်းနှင့် ကြေနပ်မှုမရှိကြောင်း ပြည်သူများကပြောကြသည်။
Ko Thant zin
by Myanmar News Now