Home » » ရေကြီးမှုကြောင့် သံတွဲတွင် ကယ်ဆယ်ရေးစခန်း ခြောက်ခုဖွင့်

ရေကြီးမှုကြောင့် သံတွဲတွင် ကယ်ဆယ်ရေးစခန်း ခြောက်ခုဖွင့်

Written By Unknown on Thursday, August 22, 2013 | 3:12 PM

သုံးရက် ဆိုက်တိုက် ရေကြီးခဲ့မှုကြောင့် ရခိုင် ပြည်နယ် သံတွဲမြို့တွင် ကယ်ဆယ် ရေးစခန်းခြောက်ခုဖွင့်လှစ်ထား ရကြောင်း သံတွဲပြန်/ဆက်မှ ဦး ရန်ငြိမ်းအောင်က ပြောသည်။

''မြို့ပေါ်မှာ ကယ်ဆယ်ရေး စခန်း ခြောက်ခုဖွင့်လှစ်ထားရ တယ်။ စခန်းတွေမှာလဲ လူပေါင်း ၆၀ဝကျော်ကို ပြုစုစောင့်ရှောက် ထားရတယ်''ဟု ယင်းကဆိုသည်။

မြစ်ရေ မြင့်တက်ရာတွင် မြေနိမ့်ပိုင်းဒေသများ၌ နှစ်ပေ ခန့်အထိ မြင့်တက်မှုများရှိခဲ့သည့် အတွက် သံတွဲမြို့ပေါ်ရှိ မြေနိမ့် ပိုင်းဒေသများမှ ဒေသခံ ၆၁၅ ဦး ကို မြို့ပေါ်တွင် ယာယီဖွင့်လှစ်ထား သည့် ကယ်ဆယ်ရေးခစန်း ခြောက် ခုသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ယင်းတို့ကို နံတော်တောင် ဘုရားဓမ္မာရုံ၊ ရွှေဆံတော်ဘုရား ဓမ္မာရုံ၊ အံတော်တောင်ပေါ် ဘုန်း တော်ကြီးကျောင်း၊ အံတော်တိုက် ဘုန်းတော်ကြီးကျောင်း၊ မြို့တော် ဦး ဘုန်းတော်ကြီးကျောင်းများအ ပါအဝင် မြို့နယ်ထွေ/ အုပ်တို့တွင် ရေစတင်ကြီးခဲ့သည့် နေရာမှစ၍ ယနေ့အချိန်အထိ သက်ဆိုင်ရာမှ ကူညီစောင့်ရှောက်ထားရကြောင်း ဦးရန်ငြိမ်း အောင်က ပြောသည်။

ဩဂုတ် ၁၉ ရက်ညနေပိုင်း မှစတင်ကာ သံတွဲချောင်း၏ ချောင်း ရေတက်မှုမြင့်မားလာသည့်အ တွက် သံတွဲမြို့ပေါ် ရပ်ကွက်များ အပြင် မြို့နယ်တွင်းရှိကျေးရွာတ ချို့ မြစ်ကမ်းပါးပြိုကျမှုများဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။

နတ်ပြင်ကျေးရွာမှ ဒေသခံ တစ်ဦးက ''ရွှေကျောင်းပြင်၊ ခြံပြင်၊ နတ်ပြင်ရွာတစ်လျှောက်မှာ ရေ ကြီးတယ်။ ပြီးတော့ ဒါးသွေးကျောက်၊ သမုတ်ချောင်းရွာတွေဘက်မှာလဲ ရေကြီးတယ်။ အံတော်ချောင်း ဘေးက တရော်တောရွာမှာဆိုရင် ကမ်းပြိုတယ်'' ဟု ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။

သြဂုတ်(၂၁)၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

Yangon Media Group