Home » » သံတွဲမြို့ပေါ်ရပ်ကွက်အားလုံး ရေနစ်မြုပ်

သံတွဲမြို့ပေါ်ရပ်ကွက်အားလုံး ရေနစ်မြုပ်

Written By Unknown on Wednesday, August 21, 2013 | 11:20 AM

ရခိုင်ပြည်နယ် သံတွဲမြို့တွင် လွန်ခဲ့သည့် သုံးရက်ကတည်းက မိုးသည်းထန်စွာရွာသွန်း ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့၌ ရေကြီးမှု များဖြစ်နေကြောင်း ဒေသခံ များက ပြောသည်။"မနေ့က ညနေမှာ ရေစတက်တယ်။ ရေတက်တာကလည်းမြန် တယ်။ ဒီနေ့နေ့လယ်အထိ ရေပြန်ကျတာလေးလက်မလောက်ပဲ ရှိသေးတယ်"ဟု သံတွဲမြို့ အမှတ်(၂) ရပ်ကွက်မှဒေသခံပြည်သူတစ်ဦးက ပြောသည်။ရေကြီးမှုကြောင့် သံတွဲမြို့ပေါ် ရပ်ကွက် အားလုံး ရေနစ်မြုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် မြို့နယ်အတွင်းရှိ ကျေးရွာ အချို့တွင်လည်း ရေကြီးနစ်မြုပ်မှုဖြစ် နေကြောင်း သိရ သည်။"ရွှကျောင်း ပြင်၊ ခြံပြင်၊ နတ်ပြင်ရွာတစ်လျှောက်မှာ ရေကြီးနေတယ်။ ပြီးတော့ ဒါးသွေး ကျောက်၊ သမုတ်ချောင်းရွာတွေ ဘက်မှာလည်း ရေကြီးနေတယ်။ အံတော်ချောင်းဘေး က တရော်တော ရွာမှာဆိုရင် ကမ်းပါးတွေ ပြိုကျတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

သံတွဲမြို့သည် မြန်မာနိုင်ငံ၏ မိုးရေ ချိန်အများဆုံးမြို့များတွင် ပါဝင်ပြီး ယခုရက်ပိုင်းတွင် သံတွဲနှင့် ရခိုင် ပြည်နယ် မြို့နယ်များတွင် မိုးသည်း ထန်စွာ ရွာသွန်းလျက်ရှိသည်။ ယခုနှ စ် မိုး ရာသီ တွင် မိုးသည်းထန် စွာ ရွာသွန်းမှုနှင့်အတူ မြန်မာနိုင်ငံ အတွင်း မြို့နယ်များစွာ၌ ရေကြီး ရေ လျှံမှုဖြစ်ခဲ့ပြီး မြေပြိုမှုများနှင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ သည်။

(ပိုင်စိုး)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း