Home » » နိုင်ငံပိုင်စက်ရုံများကို သဘာဝဓာတ်ငွေ့ ရောင်းချခြင်းကြောင့် ၂ နှစ်အတွင်း ကန်ဒေါ်လာ သန်းသုံးရာကျော်ရှုံး

နိုင်ငံပိုင်စက်ရုံများကို သဘာဝဓာတ်ငွေ့ ရောင်းချခြင်းကြောင့် ၂ နှစ်အတွင်း ကန်ဒေါ်လာ သန်းသုံးရာကျော်ရှုံး

Written By Unknown on Thursday, August 15, 2013 | 11:15 AM

နေပြည်တော်၊ သြဂုတ် ၁၄

နှစ်စဉ် အရှုံးခံ လည်ပတ်နေသည်ဟုဆိုသော နိုင်ငံပိုင်စက်ရုံများကို ရတနာစီမံကိန်းမှ ထွက်ရှိသည့် ကမ်းလွန် သဘာဝဓာတ်ငွေ့များ ရောင်းချပေးခြင်းကြောင့် ၂ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၂၈ သန်းကျော် ဆုံးရှုံးခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

သြဂုတ် ၁၄ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် ၆ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက နိုင်ငံပိုင် အဖွဲ့အစည်းများကို သဘာဝဓာတ်ငွေ ရောင်းချရာ ဈေးနှုန်း မြှင့်တင်ရန် ရှိ မရှိ မေးမြန်းရာတွင် အဆိုပါ ဝန်ကြီးက ယင်းသို့ပြောကြားခြင်း ဖြစ်သည်။

နိုင်ငံပိုင်စက်ရုံများသို့ ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များ အရှုံးခံ ရောင်းချနေရခြင်းကြောင့် အမေရိကန်ဒေါ်လာ ၁၅၂ ဒသမ ၅၆၈ သန်း ရှုံးသည့်အပြင် အဆိုပါ စက်ရုံများသို့ ပေးပို့ရသော ပိုက်လိုင်း ဖြတ်သန်းခ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၆.၃၆၅ သန်းလည်း ၂ နှစ်အတွင်း စွမ်းအင်ဝန်ကြီးဌာနက အရှုံးခံခဲ့ရကြောင်း အဆိုပါ ဒုတိယဝန်ကြီးက ဆက်လက် ပြောကြားသည်။

ရတနာ ဓာတ်ငွေ့စီမံကိန်းကို ယခင်တပ်မတော် အစိုးရလက်ထက် ပြင်သစ် Total ကုမ္ပဏီတို့နှင့် ပူးပေါင်းပြီး လုပ်ငန်းစတင်ခဲ့သည်။

ရတနာ ဓာတ်ငွေ့စီမံကိန်း တည်ရှိသော ထားဝယ်ဒေသတွင်မူ လျှပ်စစ်မီး တစ်ယူနစ်လျှင် ကျပ် ၄၆၅ ကျပ်ဖြင့် ဝယ်ယူ သုံးစွဲနေရသည်။

The Voice Weekly