Home » » နိုင်ငံခြားသွားရန် စီစဉ်ရာ မအောင်မြင်၍ ဆွဲကြိုးချ သေဆုံးမှုဖြစ်

နိုင်ငံခြားသွားရန် စီစဉ်ရာ မအောင်မြင်၍ ဆွဲကြိုးချ သေဆုံးမှုဖြစ်

Written By Unknown on Monday, August 26, 2013 | 9:59 AM

ရန်ကုန် ၊ ၂၅-၈-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ် (၂) ရပ်ကွက် ရွှေတိဂုံ ဘုရားလမ်း နှင့် ကုန်ဈေးတန်း လမ်းကြား အနော်ရထာ လမ်းရှိ မ/၃၂ဝ (၄)လွှာ အခန်း(၄-B) တွင် နေထိုင်သူ ဦးကစ္စနား သည် နိုင်ငံခြားသို့ သွားလို စိတ်ပြင်းပြပြီး မအောင်မြင်၍ စိတ်ဓာတ်ကျကာ ဆွဲကြိုးချ သေဆုံး ခဲ့ကြောင်း သိရသည်။

မ/၃၂ဝ (၄)လွှာ ၊ အခန်း(၄-B) မှာ သော့ခတ်ထားပြီး အပုပ်နံ့များ ရရှိနေကြောင်း ကို သတင်းရရှိ၍ စခန်းမှူး ရဲအုပ် အေးမြင့်နိုင် နှင့် သက်သေများ သွားရောက်၍ အခန်းသော့ ဖျက်ပြီး အခန်းအတွင်း ဝင်ရောက် စစ်ဆေးရာ အခန်းအတွင်း မျက်နှာကြက်ရှိ ပန်ကာချိတ်ကွင်း တွင် အရှည် ၄ ပေ၊ လုံးပတ် လက်သန်းလုံးခန့် ရှိ အပြာရောင် နိုင်လွန်ကြိုးဖြင့် ချည်ကာ အပြာရောင် ခွေးခြေခုံကို ခုလျက် ဆွဲကြိုးချကာ သေဆုံး နေသည်ကို တွေ့ရှိခဲ့ ကြသည်။

ဦးကစ္စနားကို လွန်ခဲ့သော လေးရက် ခန့်မှစ၍ တိုက်အောက်သို့ ဆင်းသည်ကို မတွေ့ရကြောင်း ၊ သြဂုတ်လ ၁၁ ရက်တွင် မိုးကုတ်သို့ ခရီးသွား နေသည့် ဦးလေး တော်စပ်သူအား ဖုန်းဆက် မေးမြန်းရာ သေဆုံးနေသူ သည် နိုင်ငံခြားသို့ သွားလိုစိတ် ပြင်းပြပြီး မအောင်မြင်၍ စိတ်ဓာတ်ကျ နေသူဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဦးကစ္စနား၏ အလောင်းတွင် ပြင်ပဒဏ်ရာ မတွေ့သောကြောင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့အပ်ရာ ပီအာရ် ဝဝ၅ ဖြင့် လက်ခံစစ် ဆေးလျက်ရှိရာ သြဂုတ် ၂၃ ရက်တွင် ပန်းပဲတန်း မမစ သေမှုသေခင်း အမှတ်စဉ် ၄/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

The Myawady Daily