Home » » လာရှိုးမြို့ နယ်မှာ ရေလွှဲမြောင်း မကောင်းလို့ရေနစ်မြုပ်မှု ဖြစ်ခဲ့

လာရှိုးမြို့ နယ်မှာ ရေလွှဲမြောင်း မကောင်းလို့ရေနစ်မြုပ်မှု ဖြစ်ခဲ့

Written By Unknown on Monday, August 26, 2013 | 11:22 AM

ရက်စွဲ၊၂၀၁၃ခုနှစ်၊ သြဂုတ်လ(၂၆)ရက်

၂၅-၈-၂၀၁၃ ရက်နေ့ည (၂၂း၃၀)ချိန်ခန့်မှ စပြီး တစ်နေကုန်ရွာသွန်းခဲ့သော မိုးကြောင့် လားရှိုး-မန္တလေးကားလမ်းနှင့် ရပ်ကွက်(၁)၊ နယ်မြေ(၉)၊ နားမခေါ်ရွာလယ် ကြားနှင့် ဦးအိုက်တူး ဆီဆိုင် နောက်တို့တွင် ရေနစ်မြုပ်မှု ဖြစ်ခဲ့သဖြင့် အိမ်ခြေ (၃၀)ခန့် အား နယ်မြေ မှူး၊(၁၀)အိမ်စုမှူးနှင့်ပြည်သူလူထုမှ ရွှေ့ပြောင်းနေရာချ ပေးခဲ့ရသည်။

၂၆-၈-၂၀၁၃ ရက်နေ့နံနက်(၁း၀၀)ချိန်ခန့်မှစပြီး ရွာလယ်ဘုန်းကြီးကျောင်းအရှေ့ ဘက်ရှိ မြေနိမ့်နေရာရှိ(၆)အိမ်သည် ရေတဖြည်းဖြည်း နစ်မြုပ်လာရာ နံနက်(၇)နာရီချိန် ခန့်တွင် (၅)ပေခန့်ထိ နစ်မြုပ်ခဲ့သဖြင့် နယ်မြေမှူး ၊ဆယ်အိမ်စုမှူးများနှင့် ပြည်သူလူထု ပူးပေါင်းအင်အား(၅၀)ခန့်ဖြင့် R.T.C နှင့် ရပ်ကွက်(၄)ရေကန်တောင် ဆုတောင်းပြည့်ဘုရား သွားလမ်းပေါ်ရှိ (ရေထုတ်မြောင်းပေါ်ရှိ) တံတားဆောက်ရန် မြေတူးထားသည့်နေရာတွင် ရွာထဲသို့ ရေစီးဝင်နေမှုကြောင့် အနီးရှိကျောက်ကြီး၊ မြေကြီးအိမ်များဖြင့် ရေမြောင်း ပိတ် ဆို့ခြင်းကြောင့် နံနက်(၁၀)နာရီခန့်တွင် ရေ၀င်ရောက်မှုရပ်တန့်သွားသဖြင့် ရေနစ်မြုပ်မှု ရပ်တန့်သွားခဲ့ပါသည်။

ယခုကဲ့သို့ ရေနစ်မြုပ်ရခြင်းမှာ မြို့နယ်စည်ပင်မှ ရေလွှဲပြောင်းပြုလုပ်စဉ် ရေစီးရေ လာ ကောင်းအောင် မလုပ်ဘဲ လမ်းသွယ်(၂)နေရာထိပ်တွင် မြေသားများမို့မောက် ကျန်နေခဲ့ခြင်းကြောင့် ဖြစ်ရပြီး စုစုပေါင်း ရေနစ်မြုပ် အိမ်ခြေမှာ (၅၀)ခန့်ရှိခဲ့ကြောင်းပါ သိရသည်။

ထို့အပြင် ရပ်ကွက်(၁၂)၊ နယ်မြေ(၁၉) အဝေးယာဉ်လမ်း တ၀ိုက်တွင်လည်း ရေ(၃)ပေခန့် မနေ့ည(၇)နာရီခန့်မှ စတင်နစ်မြုပ်ခဲ့ကြောင်း ရပ်မိရပ်ဖတစ်ဦးပြောကြား ချက်အရ သိရှိရပါသည်။

လားရှိုးမြို့သား

by Myanmar News Now