Home » » မင်းကင်းမြို့နယ် တရားသူကြီးအား အလိုမရှိ

မင်းကင်းမြို့နယ် တရားသူကြီးအား အလိုမရှိ

Written By Unknown on Friday, August 2, 2013 | 4:57 PM

ကလေးခရိုင်၊ မင်းကင်းမြို့တွင် ဧပြီလအတွင်းက ဖြစ်ပွားခဲ့ သော မြို့နယ်တွင်း အကြမ်းဖက်မှု နှင့်ပတ်သက်၍ မြို့နယ်တရားသူ ကြီး၏ ဆုံးဖြတ်ချက်မှာ တရားနည်း လမ်းမကျဟုဆိုကာ အထက်ချင်းတွင်း ဒေသ လူငယ်များ ကွန်ယက် (မင်းကင်း)မှ ဦးဆောင်ကာ ဒေသခံ လူငယ်အင်အား(၁၀၀)ကျော်မှ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေအရ ဇူလိုင်(၂၇)ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရပါသည်။

ယင်း ဆန္ဒထုတ် ဖော်ပွဲတွင်ဦးဆောင်ခဲ့သူ အထက် ချင်းတွင်း (မင်းကင်း)မှ လူငယ်တစ် ဦးဖြစ်သူ ကိုကျော်မင်းထွဋ်က““မင်းကင်းမြို့မှာတရား ဥပဒေစိုးမိုး မှုမရှိတဲ့ ကိစ္စကိုအားလုံးသိစေချင် တဲ့ဆန္ဒနဲ့ လူငယ်တွေ မတရားတဲ့ ကိစ္စဆိုရင် ဒီလိုလုပ်လို့ရတယ် ဆိုတာ သိစေချင်လို့ ဖြစ်ပါတယ်၊၊ မင်းကင်းမှာ (၈၈)အရေးအခင်းပြီးရင် ဒါ ပထမဆုံးလူထု ဆန္ဒထုတ်ဖော်ပွဲပါ၊၊ ခွင့်ပြုမိန့်ကို ပယ်ချလိုက်ပါတယ်။ ဥပဒေအရ တိုင်းရဲတပ်ဖွဲ့မှူးရုံးကို အယူခံဝင်ပါတယ်။ အယူခံဝင်တာကို (၁၄)ရက်အတွင်း အကြောင်းကြား ရမယ့် ကိစ္စကို(၁၈)ရက်အထိ အကြောင်း မပြန်ခဲ့ပါဘူး။ ကျွန်တော် တို့ တိုင်းရဲတပ်ဖွဲ့မှူးရုံး မေးတော့လိပ်စာမှား ပို့လိုက် တယ်လို့သိရတယ်။ တိုင်းတွေ/အုပ်ရုံးကို မပို့ပဲ ဘယ်ပို့တယ်ဆိုတာ မသိရပါဘူး။ အယူခံ ၀င်တာဇွန်လ(၂၉)ရက်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကဇူလိုင်လ(၂၃)
ရက် နေ့မှပလပ်တဲ့ စာရောက်တယ်။ နောက်(၂၅)ရက်နေ့ကျတော့ခွင့် ပြုပါတယ်ဆိုပြီးအမိန့်ကျလာတယ်။ ဘာပဲဖြစ်ဖြစ်ခွင့်ပြုပေးလို့ ကျေးဇူးတင်ပါတယ်။

ဆန္ဒထုတ်ဖော်တဲ့ နေရာမှာအသုံးပြုတဲ့ဆိုင်းဘုတ် တွေကတော့

(၁)တရားသူကြီး အားရုပ်သိမ်းပေးပါ
(၂)ငွေ (၁၀၀၀)ဖြင့် လူတစ်ယောက်ကို ၀ိုင်းဝန်း ရိုက်နှက်ခွင့်ရှိပါ သလား။
(၃) ငွေ(၂၀၀၀၀)ဖြင့် အကြမ်းဖက်ခွင့် ရှိသလား။
(၄)တရားသူကြီး၏ဆုံး ဖြတ်ချက်များသည်လက်ရှိအစိုးရ၏ တရားစီရင်ရေး မူဝါဒဖြစ်ပါ သလား။
(၅)ကြီးသည့်အမူမငယ်စေ ရ၊ ငယ်သည့်အမူမကြီး စေရဆိုတဲ့ ဆိုင်ဘုတ်တွေ
ကိုင်ဆောင်ပြီး တော့ တရားသူကြီး ဦးမြင့်ထွန်း အလိုမရှိဆိုတဲ့ ကြွေးကြော်
သံတွေ အော်ပါတယ်။ နံနက်(၉)နာရီမှာ စထွက်ပြီး(၉.၃၅)လောက်မှပြီး ဆုံးပါတယ်။မင်းကင်းမြို့နယ်ရဲ တပ်ဖွဲ့ကလည်း လိုအပ်တာတွေ အကူညီပေး ပါတယ်။ အုပ်ချုပ်ရေး အပိုင်းကလဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြီးတဲ့ပွဲဖြစ်တို့ ကူညီပေးတာတွေ ရှိပါတယ် ””ဟုဦးဆောင်သူကို ကျော်မင်းထွန်းမှပြောပါသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် အထက် ချင်းတွင်းဒေသ လူငယ်များ ကွန်ယက်(ကလေးမှလူငယ်များတက်ရောက် ကြောင်း သတင်းရရှိပါသည်။

ပြီးခဲ့ သည့်ဧပြီလအတွင်းကမင်းကင်းမြို့ တွင် အကြမ်းဖက် ရိုက်နက်မှုတစ် ရပ်ဖြစ်ပွားခဲ့ရကျူးလွန်သူများကို ဒဏ်ငွေပြစ်ဒဏ် ပေးခဲ့ခြင်းနှင့် ပတ်သက်၍ ယင်းသို့ ဆန္ဒဖော်ထုတ်ကြ ခြင်းဖြစ်ကြောင်း သိရပါသည်။

မြစ်သာ (ကလေး)
The Hot News