Home » » ဦးကျည်ပွေ့(ခ) ရှင်ဒိသာပါမောက် ၏ အောင်မြေနေရာ ရှေးဟောင်းရေကန် နှင့် တူးမြောင်း ပျောက်ကွယ်လုဖြစ်နေ

ဦးကျည်ပွေ့(ခ) ရှင်ဒိသာပါမောက် ၏ အောင်မြေနေရာ ရှေးဟောင်းရေကန် နှင့် တူးမြောင်း ပျောက်ကွယ်လုဖြစ်နေ

Written By Unknown on Friday, August 16, 2013 | 8:27 PM

မြန်မာ့သ မိုင်းတွင်ထင်ရှားခဲ့သည့် ရဟန်း ကြီး ဦးကျည်ပွေ့(ခ)ရှင်ဒိသာပါ မောက်၏ အောင်မြေနေရာဖြစ် သည့် ရုတ်မေးရုတ်ဖြေရေကန် ကြီးနှင့် ပုဂံခေတ်တူးမြောင်းကြီး မှာ အလွန်ပျက်စီးနေပြီဖြစ်၍ ရှေး ဟောင်းသုတေသနမှ ထိန်းသိမ်း စောင့်ရှောက်သင့်ကြောင်း ရန်ကုန် တက္ကသိုလ် ရှေးဟောင်းသုတေ သနပညာဌာနမှ သိရသည်။ အဆိုပါရေကန်ကြီးသည် ပုဂံခေတ်တွင် တည်ဆောက်ထား သည့် လူသိနည်းပါးသော ရေကန် ကြီးဖြစ်ပြီး ယခုလက်ရှိတွင် ပုဂံရှိ စူဠာမဏိဘုရားအနီးတွင်ရှိကြောင်း၊ ကျစွာမင်းလက်ထက်တွင် ရဟန်း အိုကြီး ဦးကျည်ပွေ့ခေါ် ရှင်ဒိသာ ပါမောက်၏အထိမ်းအမှတ် အောင် မြေနေရာ ဖြစ်ကြောင်းသိရသည်။

''ဒီရေကန်ကြီးက ပုဂံခေတ် ကတည်းက တည်ဆောက်ခဲ့တဲ့ရေ ကန်ကြီးဖြစ်ပါတယ်။ ပုဂံခေတ် လက်ရာ တူးမြောင်းကြီးကိုလဲ ရေကန်နဲ့အတူတွေ့ရတယ်။ သမိုင်း ရာဇဝင်ထဲမှာထင်ရှားတဲ့ ဦးကျည် ပွေ့ကို ရှင်ဘုရင်က စာမေးတဲ့အခါ စဉ်းစား စရာမလိုဘဲ ရုတ်တစ်ရက် မေး ရုတ်တစ်ရက်ဖြေဆိုခဲ့တဲ့နေ ရာပါ။ ဒီနေရာမှာရှိတဲ့ ရေကန်နဲ့ ပုဂံခေတ်တူးမြောင်းက ယိုယွင်း ပျက်စီးလာပါတယ်။ ရှားပါးတဲ့ ပုဂံခေတ်တူးမြောင်းကို ပြန်လည် ထိန်းသိမ်းဖို့လိုအပ်ပါတယ်''ဟု ပုဂံဒေသ သို့ သွားရောက်ခဲ့သော ရန်ကုန်တက္ကသိုလ်မှ ရှေးဟောင်း သုတေသနပညာရှင် ဦးပြည့်ဖြိုး ကျော်က ပြောသည်။ ''ရေကန်နားက ဘုန်းကြီး ကျောင်းကနေ ဒီရေကန်နဲ့ပတ် သက်ပြီးတော့ ထုတ်ပြန်ထားတဲ့ သတိပေးဆိုင်းဘုတ်လဲ အဲဒီနား မှာရှိပါတယ်။ အဲဒီဆိုင်းဘုတ်မှာ ရေးထားတာကတော့ အဓိက အ ပေါ့၊ အလေးမစွန့်ဖို့နဲ့ အဲဒီလိုလုပ် ရင် ဆိုးကျိုးလိုမျိုး ကျိန်စာသင့်နိုင် တယ်ဆိုပြီး ရေးထားတာ ရှိတယ်''ဟု အဆိုပါရေကန်နှင့် တူးမြောင်း သို့ သွားရောက် လေ့လာ ခဲ့သူ ကို စိုင်းက ပြောသည်။ လက်ရှိအခြေအနေတွင် ယင်းရေကန်ကြီးအနီး၌ အညစ် အကြေးစွန့်ခြင်းနှင့် အမှိုက်စွန့် ပစ်ခြင်းများအား တားမြစ်ထား ကြောင်းလည်း သိရသည်။

''ဒီနေရာတစ်ဝိုက်က ရှုခင်း တွေက မိုးရာသီဆိုလှပပါတယ်။ ဒီနေရာက ပုဂံခေတ်ရှေးဟောင်း ကျောင်းတိုက်နေရာဖြစ်ပြီး အခု ဆို ရေကန်ကြီးထဲကို အညစ်အ ကြေးတွေ မစွန့်ပစ်ဖို့တားမြစ်ချက် တွေ ထုတ်ပြန်ထားတာကို တွေ့ ရပါတယ်''ဟု ရှေးဟောင်း သုတေ သန ပညာမဟာဝိဇ္ဇာဘွဲ့ရရှိသူတစ် ဦးကပြောသည်။ ရေကန်ကြီးအတွင်းမှ ရေ လျှံလျှင် အသုံးပြုနိုင်ရန်အတွက် တူးမြောင်းတစ်ခု တည်ဆောက် ထားပြီး ယင်းတူးမြောင်းအဆုံး သည် ကွင်းပြင်ကျယ်ကြီးကိုဖြတ် ကာ ပုဂံခေတ် ဘုန်းတော်ကြီး ဂူ ကျောင်းငယ်များတွင် အဆုံးသတ် ထားပြီး ဦးကျည်ပွေ့အတက်ပေါက် သောအောင်မြေရှိ ပင်မ ရေကန် ကြီးနှင့် တူးမြောင်းမှာ ပုဂံခေတ် လက်ရာဖြစ်၍ ထိန်းသိမ်းစောင့် ရှောက်သင့်ကြောင်း သိရသည်။ ''ရေကန်နဲ့ တူးမြောင်း က ပုဂံခေတ် လက်ရာဖြစ်နေတဲ့အ တွက် ပျောက်ပျက်မသွားအောင် ထိန်းသိမ်းသင့်တယ်။ ရှေးတုန်း က ဒီကွင်းပြင်မှာ ဘုန်းတော်ကြီး တွေ တရားဓမ္မအပြင်ကိုယ်ကာယ ကျန်းမာအောင် လေ့ကျင့်တဲ့နေ ရာတွေဖြစ်တယ်။ အပေါက် တစ် ပေါက်စီ ပါတဲ့ အုတ်ကျောင်းငယ် တွေလဲ ပြိုပျက်နေတာကို တွေ့ရ တယ်''ဟု ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးက ပြောသည်။

မြန်မာ့သမိုင်းတွင် ပုဂံပြည် ကျစွာမင်းလက်ထက်သက္ကရာဇ် ၅၉၆-၆၁၂ခန့်တွင် အသက် ၆ဝခန့်ရှိ သော ရဟန်းအိုကြီးသည် အမှတ်တမဲ့နေမိ၍ ပါဠိပိဋကတ် စာပေများမတတ်ပေ။ ယင်းရဟန်း အိုကြီးသည် နေ့တိုင်းသွားတိုက် သော ဒန်ပူ(သွားတိုက်တံ) များကို ကျောင်းအောက်တွင်းထဲ ပစ်ချရာ မှ ပြည့်လာသည်ကိုတွေ့ရသဖြင့် ယခုဒန်ပူ လောက်စာပေများကို တစ်နေ့နည်းနည်းသင်ယူခြင်းဖြင့် တတ်မြောက်လာနိုင်မည်ဟု စဉ်း စားမိကာ ကျစွာမင်းကြီးထံ ကံ့ကူ ဆံအလှူခံ ကြောင်း၊ ကျစွာမင်း ကြီးက ကျည်ပွေ့အတက်ပေါက်မှ သာ စာတတ်လိမ့်မည်ဟု ပြက် ရယ်ပြုခဲ့ရာ ကျစွာမင်းကို ပြန်လည် ချေပလိုသဖြင့် စာပေကိုကြိုးစား သင်ယူပြီး ကျည်ပွေ့တစ်ခုတွင် အတက်ပေါက် လေဟန်သစ်ခက် သစ်စိမ်းများ ကို ချည်ပြ၊ ကြိုးစား နိုင်ခဲ့သောသူဖြစ်၍ ဘုရင်မင်း မြတ်ကလည်း ကြည်ညိုလွန်းသော ကြောင့် 'ဒိသာပါမောက္ခ'ဘွဲ့ပေး အပ်ခဲ့ကြောင်း သမိုင်းစာပေအ ထောက်အထားအရသိရသည်။

သူသူထက်လွင်
Yangon Media Group