Home » » ဗုဒ္ဓမြတ်စွာဘုရား၏ ခြေတော်ရာ အခိုးခံရ

ဗုဒ္ဓမြတ်စွာဘုရား၏ ခြေတော်ရာ အခိုးခံရ

Written By Unknown on Thursday, August 15, 2013 | 9:14 PM

ဧရာဝတီတိုင်း ဒေသကြီး ၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ ၊ မြန်အောင်ရေနံမြေ ဘုရားသုံးဆူ အရှေ့ကျောင်း အတွင်း တည်ထားသော စက်တော်ရာ ဖြစ်သည့် ဗုဒ္ဓမြတ်စွာဘုရား ၏ ခြေတော်ရာ အား (14.8.2013) မြန်မာသက္ကရာဇ် ၁၃၇၅ ၀ါခေါင်လဆန်း (၈)ရက်နေ့ ၌ ခိုယူခံခဲ့ရကြောင်း သတင်းရရှိပါသည်။

ဗုဒ္ဓမြတ်စွာဘုရား၏ ခြေတော်ရာ မှာ အမြင့် ၂လက္မခွဲ ၊ ခြေဖျားတော်(အလျား) ၅ ပေ ၊ ဖနောင့်တော် (အနံ) ၃ ပေ ရှိပြီး အမျိုးအစာကိုမူ မည်သည်အမျိုး အစာဖြင့် ထုဆစ် ပူဇော်ခဲ့သည် ကို မသိခဲ့ရပေ။

မြန်မာသက္ကရာဇ် (၁၃၁၀) ခုနှစ်ခန့် က ဆရာတော်ကြီး ဦပုည ၊ တိုက်အုပ်ဆရာတော် ဦးကုမ္မာရ တို့ လက်ထက်တွင် ခြေတော်ရာ ရှိရာနေရာတွင် မြေဖို့ရာ မြေကြီးများ ကွဲအက်လာကြောင်း၊ နှစ်ကြိမ် သုံးကြိမ်မျှ မြေဖို့သော်လည်း ကွဲအက်လာခြင်းကြောင့် မသင်္ကာ၍ တူးဆွကြည့်ရာ ယခု ခိုးယူခံခဲ့ရသည့်ခြေတော်ရာ ကိုတွေ့ရှိပြီး ဖော်ယူ၍တည်ထား ကိုးကွယ်ခဲ့ကြောင်း လက်ရှိသီတင်းသုံး နေထိုင်သော ကျောင်းထိုင် ဆရာတော်ကြီးထံ မှ သတင်းစကား ကြားသိခဲ့ရသည်။

သို့ သော်လည်း ဆရာတော် ကိုယ်တိုင် ထိုခြေတော်ရာ မှာ မည်သည့် အမျိုးအစားဖြင့် ထုဆစ်ပူဇော်ထားသည် မည်မျှတန်ဖိုးရှိသည်ကို မသိရှိခဲ့ကြောင်း ၊ ရှေဟောင်း ပစ္စည်းအနေဖြင့်သာ သိရှိထားကြောင်း သိရရှိပါသည်။

ထို့အပြင် အောက်ဖက်၌ တည်ထားသော အောက်စက်တော်ရာ ခြေတော်ရာ ကိုလည်း ဖျက်ဆီး တူးဆွခဲ့သည့် အထောက်အထားများ တွေ့ခဲ့ရပါသည်။

(14.8.2013) မြန်မာသက္ကရာဇ် ၁၃၇၅ ၀ါခေါင်လဆန်း(၈)ရက်(ဥပုသ်နေ့) နေ့ နံနက် (၈:၀၀) ခန့် တွင် ဆရာတော်နှင့် ကျောင်းဂေါပက များမှ ခြေတော်ရာ ခိုးယူခံခဲ့ရကြောင်း သိရှိပြီး သက်ဆိုင်ရာ မြန်အောင် ရေနံမြေရဲစခန်း ၊ ထိုမှတစ်ဆင့် မြန်အောင်မြို့နယ်ရဲစခန်း သို့ အကြောင်းကြားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ မှာ လာရောက် စစ်ဆေးမှုများ ပြုလုပ်ပြီး ပြစ်မှု့ဆိုင်ရာဥပဒေ ပုဒ်မ - ၃၈၀/၂၉၅ ဖြင့် အမှုဖွင့်၍ ဆက်လက်စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

Phoe Theeby Myanmar News Now