Home » » မီဒီယာဥပဒေကြမ်း လွှတ်တော်တင်သွင်းဖို့ ထောက်ခံ လက်မှတ်တွေ ကောက်ယူ

မီဒီယာဥပဒေကြမ်း လွှတ်တော်တင်သွင်းဖို့ ထောက်ခံ လက်မှတ်တွေ ကောက်ယူ

Written By Unknown on Thursday, August 1, 2013 | 4:48 AM

စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားတဲ့ မီဒီယာဥပဒေမူကြမ်းကို လွှတ်တော်မှာ တင်သွင်းနိုင်ဖို့အတွက် အများပြည်သူက ထောက်ခံပေးဖို့ လက်မှတ်တွေကို မြန်မာဂျာနယ်လစ်ကွန်ရက် MJN အဖွဲ့က ဒီနေ့စပြီး လိုက်လံကောက်ယူနေပါတယ်။

"လူထုသတင်းမှန်ရရှိရေး မီဒီယာလွတ်လပ်ခွင့်ပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်သူတွေနဲ့ ပြည်သူတွေထံကလည်း လက်မှတ်တွေ ကောက်ယူနေကြောင်း MJN အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

မကြာခင် အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ရှိတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို ပြန်သုံးသပ်ပေးဖို့အပြင် စာနယ်ဇင်းကောင်စီ (ယာယီ) က တင်သွင်းထားတဲ့ မီဒီယာဥပဒေကြမ်းကို လွှတ်တော်ထံတင်သွင်းဖို့ ကြိုးပမ်းမှုကို ပြည်သူတွေ ထောက်ခံပေးဖို့ လက်မှတ်တွေ ကောက်ခံနေတာ ဖြစ်ပါတယ်။

လက်မှတ် ကောက်ခံမှုတွေကို ဒီနေ့စတင်ပြီး လာမယ့်သတင်းပတ် ဗုဒ္ဓဟူးနေ့အထိ တပတ်တာကြာမြင့်မှာ ဖြစ်ပါ တယ်။ အခုလို လက်မှတ်ကောက်ခံတာကို တနိုင်ငံလုံး အတိုင်းတာနဲ့ ပြုလုပ်သွားမှာဖြစ်တယ်လို့ မြန်မာဂျာနယ်လစ် ကွန်ရက် တာဝန်ရှိသူတွေက ပြောပါတယ်။

RFA Burmese