Home » » ထောက်ကြန့် လမ်းဆုံကားမှတ်တိုင်၌ လူသတ်မှုဖြစ်

ထောက်ကြန့် လမ်းဆုံကားမှတ်တိုင်၌ လူသတ်မှုဖြစ်

Written By Unknown on Friday, August 9, 2013 | 3:03 PM

ရန်ကုန်၊ သြဂုတ် ၉

၈.၈.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် ဦးသူရိန်ထွန်း(ဘ)ဦးထွန်းကြိုင်၊ ရဲစုကြီးရပ်ကွက်၊ မှော်ဘီမြို့နယ် နေသူသည် နေအိမ်တွင်ရှိနေစဉ် ညီဖြစ်သူ ပြည့်စုံထွန်းမှာ ထောက်ကြန့်လမ်းဆုံတွင် ဓါးထိုးခံရ၍ အင်းစိန်ဆေးရုံသို့ခေါ်ဆောင်သွားကြောင်း သိရှိရသဖြင့်လိုက်သွားခဲ့ရာ ညီဖြစ်သူတွင် ၀ဲနံရိုးကြား ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ၀ဲဘက်ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကို
တွေ့ရှိခဲ့ ရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ညီဖြစ်သူနှင့်အတူ အလုပ်မှပြန်လာသော သူငယ်ချင်းများအား မေးမြန်းရာ ၎င်းတို့သည်လှိုင်သာယာမြို့နယ်၊ န၀ဒေးအိမ်ရာတွင် မျက်နှာကျက် အလှဆင်လုပ်ငန်းလုပ်ကိုင်ပြီး၍ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းကားမှတ်တိုင်မှ ရန်ကုန်-မှော်ဘီ ခရီးသည်တင်ယာဉ်ဖြင့် အတူပြန်လာခဲ့ကြစဉ် ယာဉ်ပေါ်ပါ အရက်မူးနေသူအသက် (၂၃)နှစ်ခန့် ခရီးသည်အမျိုးသား တစ်ဦးနှင့်
ညီဖြစ်သူ၏သူငယ်ချင်း ဖြိုးဝေအောင်တို့ စကားများခဲ့ကြကြောင်း၊ ထောက်ကြန့်လမ်းဆုံကား မှတ်တိုင်သို့ရောက်ရှိ၍ဆင်းကြချိန် ထပ်မံရန်ရှာနေ၍ ညီဖြစ်သူ ပြည့်စုံထွန်းမှ ၀င်ရောက်ဖြန်ဖြေပေးစဉ် ၎င်းအမျိုးသားမှအသင့်ပါလာသော ဓါးဖြင့်ထိုးခဲ့၍ ဖြိုးဝေအောင်(ဘ) ဦးသောင်းထွန်းတွင် ၀ဲ/ယာ လက်ဖ၀ါးများ ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ညီဖြစ်သူမှာဓါးထိုးခံရကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိခဲ့ရပါသည်။

ထိုသို့ ဓါးဖြင့်ထိုးခဲ့သူ အမည်မသိအမျိုးသားအပေါ် အရေးယူပေးရန် ဦးသူရိန်ထွန်းမှ တိုင်ကြားခဲ့သဖြင့် ထောက်ကြန့်နယ်မြေရဲစခန်း (ပ)၃၁၄/၂၀၁၃၊ ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်ထားရှိပြီး တရားခံဖမ်းဆီး ရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police