Home » » ငါးပိတွင် ယူရီးယားဓာတ်မြေသြဇာရောရောင်းသူများကို အရေးယူမည်

ငါးပိတွင် ယူရီးယားဓာတ်မြေသြဇာရောရောင်းသူများကို အရေးယူမည်

Written By Unknown on Tuesday, August 27, 2013 | 12:21 PM

ဈေးကွက် အတွင်း ရောင်းချနေသော ငါးပိ များတွင် ယူရီးယားဓာတ်မြေဩ ဇာများအသုံးပြုကာ မမှန်မကန် ပြုလုပ်၍ ရောင်းချသောလုပ်ငန်း ရှင်များအား အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။ ဩဂုတ်၂၆ ရက် က မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေးရုံး ခန်း၌ပြုလုပ်သောဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်လုပ် ငန်းရှင်များအသင်းဖြစ်မြောက် ရေးကော်မတီနှင့် မြန်မာနိုင်ငံစား သုံးသူ ကာကွယ်ရေးအသင်းတို့ ပူးပေါင်း၍ ဆောင် ရွက် မှု များပြု လုပ်သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းဥက္ကဋ္ဌဦးဗအုပ်ခိုင်ကပြော သည်။ ယင်းက ''ရန်ကုန်ဈေးကွက် ထဲက ငါးပိတွေနဲ့ ဧရာဝတီတိုင်း ဒေသကြီးက ငါးပိတွေကို တစ်ပတ် အတွင်း စစ်ဆေး မှု များပြုလုပ် သွားမှာပါ''ဟုပြောသည်။

ငါးပိရည်များကို အဓိက ထုတ်လုပ်သောနေရာမှာ လေး ဒေါင့်ကန်၊ ပဲခူးနှင့် ကျိုက်ထိုတို့ ဖြစ်သော်လည်း ဧရာဝတီတိုင်းမှ ငါးပိများမှာ ဓာတ်မြေဩဇာအ ရောအနှောများ ပါဝင်ကြောင်း သတင်းရရှိမှုများကြောင့် ဧရာဝ တီတိုင်းရှိ ငါးပိများကိုလည်း စစ် ဆေးမှုများပြုလုပ်သွားပြီး အမျိုး သား အစားအသောက် ဥပဒေဖြင့် လည်း အရေးယူမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။ ယင်းသို့ ပြုလုပ်သူများကို အရည်အသွေးကောင်းအောင် နှင့် ဓာတ်မြေဩဇာများ မထည့် အောင် ပညာပေးအနေဖြင့် ပထ မဆုံးပြုလုပ်သွားမည်ဖြစ်ပြီး ပ ညာပေးကာလ ပြီးဆုံးသွားပါက FDA နဲ့ ပူးပေါင်းပြီး အရေးယူမှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်လုပ် ငန်းရှင်များအသင်း ဖြစ်မြောက် ရေးကော်မတီဖွဲ့မှ ဥက္ကဋ္ဌဦးစိုးဝင်း နိုင်က ပြောသည်။

ယင်းက ''ရန်ကုန်မှာရှိတဲ့ ငါး ပိတွေကိုတော့ အချိန်မရွေး စစ် ဆေးလို့ရပါတယ်။ တကယ်လို့ ယူ ရီးယားပါတယ်ဆိုရင် အရေးယူ မှုများ ပြုလုပ်နိုင်ပါတယ်''ဟု ပြော သည်။ ယင်းသို့ ငါးပိရည်ချိုအ တွင်း ယူရီးယားဓာတ်မြေဩဇာ များ ထည့်၍ သိပ်ခြင်းကြောင့်လည်း ငါးပိမှာ ပိုမိုရောင်းချရခြင်းရှိမည် မဟုတ်ကြောင်းနှင့် ငါးပိမှာ အ ကောင်ပြပြီး ရောင်းရသောကြောင့် ယင်းသို့ ဓာတ်မြေဩဇာများထည့် ခြင်းဖြင့် အကောင်ပျောက်ပြီး ဈေး ကွက်အတွင်း ဝင်ရောက်နိုင်မည် မဟုတ်သော ကြောင့်ထည့်ကြမည် မဟုတ်ကြောင်း ယင်းက ဆက် လက်ပြောသည်။ ယင်းကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ပြည်သူလူထုများ ရွေးချယ်၍ စားသောက်နိုင်ရန် နှင့် ဝယ်ယူစားသုံးသူများအား အကာအကွယ်ပေးနိုင်ရန် ရည် ရွယ်ချက်များ နှင့် ပူးပေါင်းဆောင် ရွက်မှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ယင်းကဲ့သို့ ငါးပိအတွင်း ဓာတ်မြေဩဇာများ ထည့်သွင်း သည်ဆိုသော သတင်းများကြောင့် ငါးပိရည်ချို ရောင်းချမှုများမှာ ငါးပုံလေးပုံ လျော့ကျခြင်းများ ကြောင့် မှန်မှန်ကန်ကန်လုပ်သော လုပ်ငန်းရှင်များမှာ နစ်နာရပြီး ယင်းကဲ့သို့ အဖွဲ့ အစည်းများ ပြု လုပ်ပြီး ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်ရကြောင်း ရွှေမင်း သား ငါးပိ၊ ငါးခြောက်လုပ်ငန်း ရှင် ဦးမောင်မောင်သိန်းက ပြော သည်။ ယင်းက ''ဓာတ်မြေဩဇာ ထည့်ပြီးရောင်းတဲ့လူက နှစ်ရာ ခိုင်နှုန်းတောင် ရှိပါ့မလား မသိ ပါဘူး။ ဒါပေမဲ့ လုံးဝမလုပ်ဘူးလို့ တော့ ပြောလို့မရပါဘူး''ဟု ပြော သည်။ မြန်မာ့အစားအစာဖြစ်သည့် ရေချိုငါးပိများအား ပျောက် ပျက်သွားမည်စိုးသောကြောင့် လည်း ယင်းကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း ယင်းကဆက် လက်ပြော သည်။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ကိုင်သော ၉၉ ရာခိုင်နှုန်း မှာ လေးဒေါင့်ကန်၊ ပဲခူး၊ ကျိုက် ထိုတို့တွင်ဖြစ်ပြီး ဧရာဝတီမှာ တစ်ရာခိုင်နှုန်းလောက်သာရှိ ကြောင်း ငါးပိ၊ ငါးခြောက်၊ ငံပြာ ရည်လုပ်ငန်းရှင်များထံမှ သိရ သည်။

မို့မို့သန္တာ

Yangon Media Group