Home » » စစ်သားတစ်ဦး ကြိုးဆွဲချ၍ အဆုံးစီရင်

စစ်သားတစ်ဦး ကြိုးဆွဲချ၍ အဆုံးစီရင်

Written By Unknown on Monday, August 12, 2013 | 2:40 PM

စစ်သားတစ်ဦး ၀န်ထမ်းအိမ်ရာရှိ အခန်းအတွင်း၌ပင် ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင်မှုတစ်ခု သြ ဂုတ် ၁၀ ရက်က မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

သေဆုံးသူသည် အသက် ၂၇ နှစ် အရွယ် တပ်ကြပ်ကျော်စွာသိန်းဖြစ်ပြီး အမှတ်-၂ တပ်မတော်စစ်ဘက် ရေးရာ လုံခြုံရေးအကူတပ်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းလည်း ရဲစခန်းက အတည်ပြုထုတ်ပြန် ထားသည်။

၎င်းကြိုးဆွဲချသေဆုံးကြောင်း သက်ဆိုင်ရာစစ်တပ်မှ အကြောင်းကြားသဖြင့် မင်္ဂလာဒုံရဲစခန်းမှ ရဲများက သွားရောက် စစ်ဆေးခဲ့ရာ၎င်းသည် အပေါ်အင်္ကျီမပါဘဲ အိပ်ခန်းကြမ်းပြင်ပေါ်တွင် ပက်လက်အနေအ ထားဖြင့်သေဆုံးနေခြင်းဖြစ်ပြီး လည်ပင်းတွင်လည်း ကြိုးပွန်းထားသည့် ဒဏ်ရာများတွေ့ရသည်ဟု ရဲဌာန ၏မှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် ရဲများက ကာယကံရှင်၏မိသားစုကို မေးမြန်းရာသေဆုံးသူသည် အမြင့် ၁၀ ပေခန့်ရှိသည့် ထုတ်တန်းတွင် ဂုန်နီကြိုးဖြင့် လည်ပင်းတွင် ချည်နှောင်ရစ်ပတ်ကာ တန်းလန်းအနေအထားဖြင့် တွေ့ရှိသဖြင့် ကြိုးကိုဓားဖြင့်ဖြတ်ပြီး ပွေ့ချီကာကြမ်းပြင်သို့ ချထားခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

သေဆုံးသူသည် အရက်အလွန်အကျွံသောက်သည့် အလေ့ရှိသူဖြစ်ကြောင်းလည်း ရဲများက စစ်ဆေး ချက်များအရ သိရှိခဲ့သည်ဟု ရဲဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအမှုကို မင်္ဂလာဒုံရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၂၇/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး ဆက်လက် စုံစမ်းစစ်ဆေး မှုများဆောင်ရွက်မည်ဟု တိုင်းရဲဌာနက ထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese