Home » » တက်ဆဲပြည်တွင်းရွှေဈေး ပြန်ကျနိုင်

တက်ဆဲပြည်တွင်းရွှေဈေး ပြန်ကျနိုင်

Written By Unknown on Thursday, August 22, 2013 | 4:31 PM

ရန်ကုန်၊ သြဂုတ် ၂၁

ကမ္ဘာ့ရွှေဈေး ကျဆင်းနိုင်ခြေ ရှိသောကြောင့် ပြည်တွင်းရွှေဈေးပါ လိုက်ပါ ကျဆင်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

“ပြည်တွင်းရွှေဈေးက ပြန်အေးနိုင်တဲ့ အခြေအနေမှာ ရှိတယ်။ နောက်ပြီး ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားကို ခုနစ်သိန်းဝန်းကျင်လောက်မှာပဲ ရှိလောက်တယ်။ နောက်ပြီး ကမ္ဘာ့ဈေးက ၁၃၃၀ ဒေါ်လာဝန်းကျင်လောက်ထိ ကျသွားလောက်တယ်” ဟု ၎င်းကဆိုသည်။

ရွှေဈေး ဆက်တိုက်တက်နေသည့်အတွက် ပြန်ကျနိုင်ခြင်း ဖြစ်ကြောင်း တိတ်စိန်ရွှေဆိုင် လုပ်ငန်းရှင် ဦးဇော်အောင်က ပြောဆိုသည်။

ယခုတစ်ပတ်အတွင်း ရွှေဈေးကျဆင်းနိုင်ခြေ ရှိသောကြောင့် ဈေးကွက် အတွင်း အရောင်းအဝယ် ပါးနေကြောင်း ရွှေလုပ်ငန်းရှင် များက ပြောကြားသည်။

သြဂုတ်လ၂၁ ရက်နေ့က ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၀၅,၇၀၀၊ ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၃၆၁ ဒေါ်လာ ဖြစ်ကြောင်း ရွှေဘုံသာလမ်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

The Voice Weekly