Home » » တရုတ်မှာ လစာကောင်းလို့ မြန်မာတွေ သွားရောက်အလုပ်လုပ်ကြ

တရုတ်မှာ လစာကောင်းလို့ မြန်မာတွေ သွားရောက်အလုပ်လုပ်ကြ

Written By Unknown on Tuesday, August 13, 2013 | 9:43 AM

တရုတ် နိုင်ငံက အလုပ်သမားလစာ နှုန်းတွေ ကောင်းတဲ့အတွက် မြန်မာနဲ့ ဗီယက်နမ် နိုင်ငံက အလုပ်သမားတွေဟာ Shenzhen မြို့ကို တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင် နေကြတယ်လို့... သိရပါတယ်။

တရုတ်နိုင်ငံက စီးပွါးရေးအခြေ အနေထိုင်းလာတာကြောင့်၊ လူထုငွေသုံးစွဲရေးတိုးပြီး စီးပွါးရေ အခြေအနေ မြှင့်တင်တဲ့ ဆောင်ရွက်ချက် အနေနဲ့ တရုတ်အာဏာပိုင်တွေက အလုပ်သမား လစာတွေကို တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံတွင်းမှာ ၂၀၁၀ နဲ့ ၂၀၁၂ ခုနှစ်အတွင်း တရား မဝင် ဝင်ရောက်လာတဲ့ အလုပ်သမားတွေဟာ မြန်မာနဲ့ ဗီယက်နမ် နိုင်ငံက ဖြစ်ကြတယ်လို့ ဆိုပါတယ်။

တရုတ် နိုင်ငံမှာ သက်ကြီးရွယ်အိုတွေ ပိုပြီး များလာ နေတာနဲ့အမျှ၊ အလုပ်သမား အဖြစ် အလုပ်လုပ် နိုင်တဲ့ ဦးရေ လျော့ပါးနေပြီး ဖြစ်ပါတယ်။

တရုတ် နိုင်ငံက သာမန် အလုပ်သမား လစာဟာ တလကို ၄၀၅ ဒေါ်လာနဲ့ညီမျှ ပြီး တရားမဝင် အလုပ်သမားတွေကတော့ တလကို ဒေါ်လာ ၃၃၀ လောက်နဲ့ ညီမျှတဲ့ လစာကို ရပါတယ်။

တရုတ် နိုင်ငံက လစာနဲ့ အိမ်နီးချင်း နိုင်ငံက လစာတွေ ကွာဟ မှုများလာတဲ့အမျှ အိမ်နီးချင်း နိုင်ငံက အလုပ်သမားတွေဟာ တရုတ် နိုင်ငံကို ခိုးဝင်ပြီး အလုပ်လုပ်ကြတဲ့ အဖြစ်တွေ များလာ မယ်လို့ ဆို ပါတယ်။

အလုပ်ရှင်တွေကလဲ တရားမဝင် အလုပ်သမားတွေ အတွက် ဈေးသက်သာတာတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေး စရာမလိုတဲ့ အပြင်၊ ပင်စင်လစာ ခံစားခွင့်ပေးစရာ မလိုတော့ ပိုပြီး အခွင့် အရေးကောင်းယူ နေကြတယ်လို့ သိရပါတယ်။

ဗီယက်နမ် နိုင်ငံက အလုပ်သမားတွေဟာ ပျှမ်းမျှလစာ ၅၅ ဒေါ်လာ ရရှိပြီး မြန်မာ အလုပ်သမားတွေကတော့ ပျှမ်းမျှလစာ ဒေါ်လာ ၆၀ လောက် ရတယ်လို့ သိရပါတယ်။

ABC Radio Australia