Home » » ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူထားရှိရမည့်နေရာ

ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူထားရှိရမည့်နေရာ

Written By Unknown on Friday, August 9, 2013 | 3:26 PM

ရေနံချောင်း အထက (၁) တွင် သိမ်းဆည်းထားသည့် ဗိုလ်ချုပ်အောင် ဆန်း၏ လက်ရေးမူစာအုပ်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့် ယူဆောင်သွားခြင်းကိစ္စ ဂယက်ရိုက်လျက်ရှိသည်။

(၆၆)နှစ်မြောက် အာဇာနည်နေ့ညတွင် ဦးခင်အောင်မြင့် နတ်မောက်ရှိ ဗိုလ်ချုပ်ငယ်စဉ်ကနေအိမ် (ယခု ပြတိုက်) သို့ သွားရောက် ကြည့်ရှု ပုံနှင့် ဗိုလ်ချုပ်ပညာ သင်ကြားခဲ့သည့် ရေနံချောင်းအထက(၁)သို့ သွားရောက် ခဲ့ပုံများကို မြန်မာ့ရုပ်သံက ထုတ်လွှင့် ပြသသွားသည်။

ရေနံချောင်းအထက (၁) ကျောင်း အုပ်ဆရာမကြီးက ဗိုလ်ချုပ်အောင်ဆန်း ၏လက်ရေးမူစာအုပ်ကို ပြသပုံ၊ ဦးခင် အောင်မြင့်က နိုင်ငံတော်အဆင့် ထိန်း သိမ်းမည်ဟု ပြောဆိုယူဆောင်သွားပုံ များကိုပါ ပြသခဲ့ သည်။ နောက်နေ့ထုတ် သတင်းစာတချို့တွင်မူ ရေနံချောင်း အထက (၁) မှ ကျောင်းအုပ်ဆရာမကြီး က ဗိုလ်ချုပ်၏ လက်ရေးမူစာအုပ်ကို ဦး ခင်အောင်မြင့်အား လှူဒါန်းလိုက်သည် ဟု ဖော်ပြကြသည်။

ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပင် ကျောင်းအုပ်ဆရာမကြီးက လှူဒါန်း လိုက်ခြင်း မဟုတ်ကြောင်း၊ ဗိုလ်ချုပ် လက်ရေးမူစာအုပ်ကို ယူသွားခြင်းအပေါ် ရေနံချောင်းဒေသခံများက မကျေနပ် ကြကြောင်း သတင်းများပါလာသည်။

ထပ်မံ၍ ရေနံချောင်းသား ဆရာ တော်အရှင်ဆန္ဒာဓိကလည်း လက်ရေးမူ စာအုပ်ကိစ္စကို ဝင်ရောက်မိန့်ကြား လာသည်။ လက်ရေးမူစာအုပ်ကို အမျိုး သားလွှတ်တော် ဥက္ကဋ္ဌယူဆောင်သွား ခြင်းအား လုံးဝ သဘောမတူကြောင်း၊ အပြင်းအထန် ဆန့်ကျင်ကန့်ကွက် ကြောင်း ဆရာတော်က ပြောကြားသည် ဟု ဂျာနယ်တစ်စောင်တွင် ဖော်ပြထား သည်။

ဗိုလ်ချုပ်၏ လက်ရေးမူစာအုပ် (၁၉၃၃) သည် နိုင်ငံ၏သမိုင်းဝင် ပစ္စည်းတစ်ခု ဖြစ်ပါသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် သာမန် ပြည်သူတစ် ယောက်မဟုတ်ပါ။ အမျိုးသားခေါင်း
ဆောင်တစ်ယောက် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာ တစ်ယောက် ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက် လာလျှင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကလည်း မပိုင်ဆိုင်ပါ။

လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်လည်း မပိုင်ဆိုင် ပါ။ ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း မပိုင်ဆိုင်ပါ။ ဗိုလ်ချုပ်နှင့်ပတ်သက်သည့် အထောက်အထားမှတ်တမ်း မှန်သမျှ မြန်မာပြည်သူပြည်သားအားလုံးက ပိုင်ပါသည်။ မြန်မာအမျိုး သားတစ်ရပ် လုံးက ပိုင်ပါသည်။

လက်ရှိအသက်ရှင် နေဆဲ ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင် ဆန်းစုကြည်ပင် မပိုင်ဆိုင်ပါ။ နဝတ၊ နအဖတို့၏ လက်သုံး စကားအရ ဗိုလ်ချုပ်၏ လက်ရေးမူကို နိုင်ငံတော်ကသာ ပိုင်ဆိုင်ပါသည်။ ထို့ ကြောင့် ဗိုလ်ချုပ်၏ လက်ရေးမူ ရှိနေ ရမည့် နေရာသည် အမျိုးသားမော်ကွန်း တိုက်ဖြစ်ပါသည်။ အမျိုးသားမော်ကွန်း တိုက်တွင် သာမန်သိမ်းထားရုံထား၍ မရပါ။ အနှစ် (၈ဝ) သက်တမ်းရှိပြီ ဖြစ် သည့် လက်ရေးမူစာအုပ်ကို စာပေ ပစ္စည်းပြုပြင်ထိန်းသိမ်းရေး (Preservation and Conservation) ပြုလုပ်ရပါမည်။ ထိုသို့ ပြုလုပ်ပြီးမှသာ အမျိုးသားမော်ကွန်းတိုက်က ထိန်းသိမ်းထားရပါမည်။

ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေး မူမိတ္တူများကို မူလနေရာ ရေနံချောင်း အထကနှင့်ဦးခင်အောင်မြင့်တို့ ရယူခွင့် ရှိပါသည်။ ကျန် မြန်မာပြည်သူပြည်သား အားလုံး ရယူခွင့်ရှိပါသည်။

အဘယ် ကြောင့်ဆိုသော် ဤလက်ရေးမူသည် စစ်ရေး၊ နိုင်ငံရေးမဟုတ်သော ဘာသာ စကားမှတ်စုဖြစ် သဖြင့် ပြည်သူအားလုံး ရယူခွင့်ရှိပါသည်။ ဗိုလ်ချုပ်လက်ရေး ဖြစ်နေခြင်းက သမိုင်းတန်ဖိုး ရှိနေခြင်း သာ ဖြစ်ပါသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦး ခင်အောင်မြင့် အနေဖြင့်လည်း ရေနံ ချောင်းဒေသခံများ၏ စိတ်ခံစားမှုကို နားလည်ပေးရန် လိုအပ်ပါသည်။ ဗိုလ် ချုပ်၏ လက်ရေးမူကို ယူဆောင်သွား သူသည် ဦးခင်အောင်မြင့် မဟုတ်ဘဲအခြား နအဖ အစိုးရအဖွဲ့ဝင်ဟောင်း စစ်ဗိုလ်တစ်ဦးဦးဖြစ်နေပါကလည်း ရေနံချောင်းဒေသခံများက ဤနည်းနှင်နှင် တုံ့ပြန်ကြမည်သာ ဖြစ်ပါသည်။

နဝတ၊ နအဖလက်ထက် တစ် လျှောက်လုံး ဗိုလ်ချုပ်နှင့်ပတ်သက်၍ ပိတ်ပင်တားမြစ်ခဲ့ခြင်းများအပေါ် မြန်မာ ပြည်သူတို့က နာကြည်းစိတ်၊ မကျေ နပ်စိတ်များရှိခဲ့ကြ၊ ရှိနေကြဆဲ ဖြစ်ပါသည်။ အစိုးရသစ်ဖွဲ့ပြီးနောက်ပိုင်း စစ် ဗိုလ်ဟောင်းများက ချက်ချင်းမူပြောင်း လျက် ''ဗိုလ်ချုပ်၊ ဗိုလ်ချုပ်...'' ဖြစ် လာခြင်းအပေါ် ပြည်သူအများစုက မယုံကြည်ကြပါ။

ယခုလည်း ဗိုလ်ချုပ်လက်ရေးမူ ကို ဥပါယ်တံမျဉ်သုံး၍ ဖျောက်ဖျက်ပစ် ပြီး လက်ရေးမူအတုအစားထိုးကြမည် လားဟူသည့် သံသယက ရေနံချောင်း ဒေသခံများ၌သာမက မြန်မာပြည်သူ များ၌ပါ ရှိနေကြပါသည်။ နှစ်ရှည်လများ ဗိုလ်ချုပ်ကို ပစ် ပယ်လာသူများက နေ့ချင်းညချင်း ဗိုလ် ချုပ်ကို အရေးတယူ လုပ်လာခြင်းအပေါ် သံသယစိတ်နှင့် စောင့်ကြည့်ကြခြင်း၊ ယုံသင့်မယုံသင့် ချင့်ချိန်နေကြခြင်းလည်း ပါဝင်ပါသည်။

တစ်ချိန်က မြန်မာ့တပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်များသည် ဗိုလ် ချုပ်နှင့်ပတ်သက်လာလျှင် အသေးအဖွဲ မှအစ၊ ကြီးမားသော အရာအထိတိုင် စော်ကားခဲ့ကြသည်ဟု မြန်မာပြည်သူ
များက အသည်းစွဲနေကြပါသည်။ ဥပမာ-ငွေစက္ကူပေါ်မှ ဗိုလ်ချုပ်ပုံများ ကိုဖျောက်လျက် ခြင်္သေ့ပုံ၊ ဆင်ပုံများနှင့် အစားထိုးသည်ကိုလည်း မကျေနပ်ကြပါ။ လွတ်လပ်ရေးနေ့နှင့် အာဇာနည်နေ့ (ယခုနှစ် ၂ဝ၁၃ မပါ) ကို ကြက်ပွဲ ငှက်ပွဲပမာ ကျင်းပပြီး၊ တော်လှန်ရေး နေ့ကို ပင် တော်လှန်ရေးနေ့ဟုမသုံးရဲဘဲ တပ်မတော်နေ့ဟု တခမ်းတနား ကျင်းပသည်ကိုလည်း နှစ်မြို့ခြင်း မရှိကြပေ။

လူထုနှင့်ကင်းကွာသောကြောင့် လည်းကောင်း၊ လူထုကို အကြောက် တရားနှင့် ခြောက်ထားခြင်းကြောင့် လည်းကောင်း အစိုးရအဖွဲ့ဝင်ဟောင်း ဗိုလ်ချုပ်များ၊ လက်ရှိအစိုးရတွင် ဆက် တာဝန်ယူနေသော ဗိုလ်ချုပ်ဟောင်းများ က မြန်မာပြည်သူတို့၏ စိတ်ကို နား မလည်ကြပေ။ မြန်မာပြည်သူတို့၏ ခံစားမှုကို နားမလည်ကြပေ။ ''ယခု ဗိုလ်ချုပ်၏ လက်ရေးမူကိစ္စ က မြန်မာပြည်သူများနှင့် ဗိုလ်ချုပ် ဟောင်းများကြားက တစ်ဦးအပေါ် တစ် ဦး မယုံကြည်နိုင်မှု၊ အထူးသဖြင့် ဗိုလ် ချုပ်ဟောင်းများအပေါ်ထား ရှိသော မြန်မာပြည်သူတို့၏ဗိုလ်ချုပ်အောင်ဆန်း နှင့်ပတ်သက်လာလျှင် မယုံကြည်မှု သံသယကို ပြသလိုက်ခြင်းဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ် သက်၍ မသိကျိုးကျွံပြုခဲ့သည့် ပိတ်ပင် တားမြစ်ခဲ့ရသည့် အကြောင်းရင်းများ နဝတ၊ နအဖစစ်ဗိုလ်ကြီးများတွင် ရှိခဲ့ ကောင်းရှိခဲ့ပေမည်။ ပြည်သူရှေ့တွင် ဗိုလ်ချုပ်ကို မပစ်ပယ်ကြောင်း ပြသလို လျှင် စနစ်တကျ နည်းလမ်းတကျ ပြရန်သာရှိပါတော့သည်။

ခင်နှင်းဦး

Popular Myanmar News Journal