Home » » တောင်ငူက လယ်သမားတွေ ကချင်ပြည်နယ် လိုင်ဇာအထိ စတင် လမ်းလျှောက်ကြပြီ

တောင်ငူက လယ်သမားတွေ ကချင်ပြည်နယ် လိုင်ဇာအထိ စတင် လမ်းလျှောက်ကြပြီ

Written By Unknown on Thursday, August 15, 2013 | 11:47 AM

ယုံကြည်ချက်၊ ခံယူချက်ကိုယ်စီ အသီးသီး ရင်ဝယ်ပိုက်၍ နိုင်ငံတစ်ဝှမ်းလုံးရှိ လယ်ယာမြေများ လက်လွတ် ဆုံးရှုံးရကာ တရားစွဲဆိုခံနေကြရသော တောင်သူလယ်သမားများကို ကိုယ်စားပြု၍ လယ်သမားများတို့ ၏ ရင်တွင်းမှ ဆန္ဒများအား ဖေါ်ထုတ်ပြသသည့် အနေဖြင့် တောင်ငူမြို့မှ ဦးခင်ဇော် ဦးဆောင်သော တောင်သူလယ်သမား(၁၅)ယောက်တို့ သည် မူလစီစဉ်ထားသည့်အတိုင်း ကချင်ပြည်နယ် လိုင်ဇာမြို့ အထိ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်ဆန္ဒဖေါ်ထုတ်ခြင်း ခရီးစဉ်အား စတင်သည့်အနေဖြင့် (၁၄၊၈၊၂၀၁၃)ရက်နေ့နံနက်(၉း၀၀)နာရီ အချိန်တွင် တောင်ငူမြို့ ရန်ကုန်  - မန္တလေး အဝေးပြေးလမ်း ပန်းခြံကွေ့ရှိ ဘုရင့်နောင်ကြေးရုပ်ကြီးရှေ့မှ စတင်ထွက်ခွါ ခဲ့ကြပြီဖြစ်သည်။

"လိုင်ဇာအထိ လမ်းလျှောက်ကြမှာပါ၊ တိုင်းနဲ့ ပြည်နယ်(၁၄)ခုမှာ လယ်ယာမြေ ကိစ္စအတွက် တရားစွဲဆိုခံနေရတဲ့ လယ်သမားတွေကို ကိုယ်စားပြုတဲ့ လယ်သမား(၁၄)ယောက်နဲ့ ဦးဆောင်သူ ကျွန်တော်ပါ(၁၅)ယောက် လမ်းလျှောက်ကြမှာပါ၊ မူလက(၉၊၈၊၂၀၁၃)ရက်နေ့မှာ ခရီးစဉ်ကို စတင်ဖို့  ဖြစ်ပေမဲ့တောင်ငူမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းက ခေါ်ယူပြီး ကျွန်တော်တို့ ရဲ့ အစီအစဉ်အတွက် တရားဝင်စာတင် ခိုင်းခဲ့တာကြောင့် ရက်ကိုနောက်ရွှေ့ ပြီး တရားဝင် စာတင်ခွင့်ပြုမိန့် တောင်းခဲ့တဲ့အခါ ပုံစံ(၈)နဲ့မြို့နယ်မှူးက (၇၊၈၊၂၀၁၃)ရက်နေ့ မှာပယ်ခဲ့ပါတယ်၊ ဒါနဲ့ တိုင်းကို အယူခံဆက်တက်တော့ တိုင်းကလည်း ပုံစံ(၁၀)နဲ့ ကျွန်တော်တို့ ရဲ့ခွင့်ပြုဖို့တင်ပြလွှာကို ဆက်ပယ်ပါတယ်။ ဒါကြောင့်(၁၃၊၈၊၂၀၁၃)ရက်နေ့ ကို ခရီးစဉ်စတင်ဖို့ ကျွန်တော်တို့ပြင်ဆင်ကြတော့ မြို့နယ်ရဲတပ်ဖွဲ့ မှူးက တစ်ခါထပ်ခေါ်ပြီး ပုံစံတွေပြန်တင်ခိုင်းလို့ (၁၂၊၈။၂၀၁၃)ရက်နေ့မှာ တင်ပေးခဲ့ပါတယ်၊ ညနေ(၄း၀၀)နာရီမှာ ခွင့်ပြုမိန့်ပြန်ချပေးလို့ ကျွန်တော်တို့ ဒီနေ့ မှာ ခရီးစတင်တာပါ၊ အလံတင်ထားတဲ့ကားက မြို့နယ်ရဲတပ်ဖွဲ့မှူးက စီစဉ်ပေးတာပါ။ ကျွန်တော်တို့ အဖွဲ့မှာ သံဃာတော်တစ်ပါး ပါပေမဲ့ လမ်းလျှောက်ခွင့်ပြုတဲ့အထဲမှာ မပါဝင်တာကြောင့် ကားပေါ်ကပဲ လိုက်ပါတယ်။ ဆရာတော်နဲ့ ဆို(၁၆)ဦးပါဟု လမ်းလျှောက်ဆန္ဒဖေါ်ထုတ်သူများ အဖွဲ့ ခေါင်းဆောင်ဦးခင်ဇော်မှ ပြောကြားခဲ့သည်။

by Myanmar News Now