Home » » ရွှေပြည်သာရှိရပ်ကွက်အချို့ ရေလွှမ်းမိုးမှု ငါးရက်ကြာသည့်တိုင် ပြန်မကျသေး

ရွှေပြည်သာရှိရပ်ကွက်အချို့ ရေလွှမ်းမိုးမှု ငါးရက်ကြာသည့်တိုင် ပြန်မကျသေး

Written By Unknown on Tuesday, August 27, 2013 | 7:32 PM

ရေလွှမ်း မိုးမှုဖြစ်ပွားသည့် ငါးရက်မြောက် နေ့အထိ ရွှေပြည်သာမြို့နယ်ရှိ ရေဘေးဒုက္ခ ကြုံနေရသည့် ရပ် ကွက်များတွင် ရေပြန်လည်ကျ ဆင်းခြင်း မရှိသေးကြောင်း ယ နေ့ နံနက်တွင် ကယ်ဆယ်ရေးစ ခန်း ရောက်ရှိနေသူများ၏ ပြော ကြားမှုများအရ သိရသည်။

ဩဂုတ် ၂၂ ရက်က စတင် ခဲ့သည့် မိုးရွာသွန်းမှုနှင့် ဝါးတစ် ရာချောင်းရေ တိုးလာမှုကြောင့် ရွှေပြည်သာမြို့နယ်၊ လှော်ကား ကျေးရွာအုပ်စုရှိ ရပ်ကွက်ရှစ်ခု တွင် ရေလွှမ်းခဲ့ပြီး အဆိုးဆုံးရပ် ကွက်များတွင် ယာယီကယ်ဆယ် ရေးစခန်းများ ဖွင့်လှစ်ကူညီနေ ပြီး ယနေ့တွင် လူဦးရေအများဆုံး ကယ်ဆယ်ရေးစခန်းဖြစ်သည့် အမှတ် (၁၇)ရပ်ကွက်ရှိ အလယ် တန်းကျောင်းတွင် ရေလွှမ်းခံရ သည့်ဦးရေ ဆက်လက်တိုးနေဆဲ ဖြစ်ကြောင်း ယာယီကယ်ဆယ် ရေးစခန်းမှ တာဝန်ရှိသူများ၏ ယနေ့ ပြောကြားမှုများအရ သိ ရသည်။

''ရပ်ကွက်ရှစ်ခုမှာ အကြီး ဆုံး ကယ်ဆယ်ရေးစခန်းပါ။ အ ရင် သက်ဆိုင်ရာကို တင်ပြထား တာက ဦးရေ ၂၁၀၀ ကျော်ရှိ တယ်။ အခု ဒီနေ့ထပ်တိုးလာတာ ၂၀၀ ကျော်ရှိတယ်''ဟု ဩဂုတ် ၂၆ ရက်တွင် အမှတ်(၁၇) ရပ် ကွက်ရှိ စာသင်ကျောင်း၌ ဖွင့် လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းအခြေအနေကို ကူညီကယ် ဆယ်ပေးနေသူ ဦးတင်ညွန့်က ပြောသည်။

လက်ရှိအချိန်အထိ ရပ် ကွက်တွင်းရှိ လမ်းများနှင့် လူနေ အိမ်ရာပေါင်းများစွာသည် နှစ် ပေအထက် ရေလွှမ်းမိုးမှုကို ခံနေ ရပြီး အချို့အိမ်များသည် လေး ပေနီးပါးအထိ ရေလွှမ်းမှုနှင့်ကြုံ တွေ့နေရကြောင်း ရပ်ကွက်သား များ၏ပြောကြားမှုများနှင့် ကိုယ် တိုင်မြင်တွေ့မှုများအရသိရသည်။

''၂၂ ရက်ကတည်းက ဒီ ကို ရောက်နေတာ။ နောက်နှစ် ရက်လောက်ပဲ လက်ခံမယ်လို့ ပြောတယ်။ ဒီမှာနေရတာ စား ဖို့ အဆင်ပြေပေမယ့် နေဖို့က တော့ ကျပ်ကျပ်ညပ်ညပ်ပဲ''ဟု အမှတ် (၁၇)ရပ်ကွက် အမှတ် (၆) အလယ်တန်းကျောင်းရှိ ယာ ယီကယ်ဆယ်ရေးစခန်းမှ အမျိုး သမီးတစ်ဦးက ပြောသည်။
''အိမ်ကမြုပ်နေသေးတယ်။ မိုးကလဲ အခုထိ ရွာနေတုန်းပဲ''ဟုယင်းက ဆက်ပြောသည်။

ယခု ဖွင့်လှစ်ပေးထားသည့် လူဦးရေ ၂၀၀၀ ကျော်ရှိသည့် ယင်းမြို့နယ်၏ အကြီးဆုံးကယ် ဆယ်ရေးစခန်းသည် လာမည့်နှစ် ရက်အတွင်း ကျောင်းပြန်ဖွင့်မည့် အတွက် လက်ရှိရောက်ရှိနေသူ များသည် နေအိမ်များကိုပြန်ကြ ရမည်ဖြစ်ပြီး ယင်းတို့၏ အဓိက အခက်အခဲသည် စားစရာ အ ခက်အခဲဖြစ်ကြောင်း ကယ်ဆယ် ရေးစခန်း ရောက်ရှိနေသူများ ထံမှ သိရသည်။

''ကျောင်းက ပိတ်ထားတာ ကြာပြီ။ နောက်နှစ်ရက်လောက် ပဲ ကျောင်းက လက်ခံမယ်လို့ ပြောတယ်။ မိုးမရွာရင်တော့ ရေက ပြန်ကျသွားမှာပါ။ လမ်း တွေကတော့ မြုပ်နေဦးမယ်''ဟုယာယီ ကယ်ဆယ်ရေးစခန်း တွင် ကူညီပေးနေသူ အရန်မီး သတ်မှ ဦးစိုးဝင်းကပြောသည်။

ဩဂုတ် ၂၂ ရက်မှ စတင် ရေလွှမ်းနေသည့် ရွှေပြည်သာမြို့ နယ်မှ ရပ်ကွက်များမှာ အမှတ် (၁)၊ (၂)၊ (၁၂)၊ (၁၄)၊ (၁၅)၊ (၁၆)၊ (၁၇)နှင့် (၁၈)ရပ်ကွက်များဖြစ် ပြီး အမှတ်(၁၇)ရပ်ကွက်မှာ အ ခြေအနေဆိုးရွားစွာ ကြုံတွေ့နေ ရပြီး လက်ရှိအချိန်အထိ ကျောင်း အချို့မှာ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

သြဂုတ်(၂၇) ၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group