Home » » ၀ါးခယ်မမြို့ နယ် မြေစာရင်းဌာနမှ နေ့ စား ၀န်ထမ်းများအား လစားရှင်းမပေး

ဝါးခယ်မမြို့ နယ် မြေစာရင်းဌာနမှ နေ့ စား ၀န်ထမ်းများအား လစားရှင်းမပေး

Written By Unknown on Thursday, August 1, 2013 | 10:40 AM

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြခရိုင် ၀ါးခယ်မမြို့ နယ် အတွင်းရှိ ကြေတိုင်နှင့် မြေစာရင်း ဦးစီဌာနမှ ဆယ်တန်းအောင် နှင့် ဘွဲ့ ရလူငယ်များအား ရွေးပြီး  နေ့ စားအကူ ၀န်ထမ်း အယောက်(၃၀)ကို ခေါ်ယူ
ခန့် ထားပြီး လစားရှင်းမပေးကြောင်း သိရပါတယ်။

အဆိုပါ ၀န်ထမ်းတွေကို ပြီးခဲ့တဲ့ ဇွန်လမှ အောက်တိုဘာလ အထိ တစ်နေ့  တစ်ထောင်ခုနစ်ရာ (၁၇၀၀)ကျပ်ဖြင့် (၆.၆.၂၀၁၃)တွင် တရားဝင်ခေါ်ယူ ခန့် အပ်ခဲ့တာဖြစ်ပါတယ်။

အထက်က စီမံချက်ကာလ ဖြစ်နေသောကြောင့် မပြီးသေးသော အလုပ်များကို စနေ တနေင်္ဂနွေ ပိတ်ရက်မရှိ  နေ့ စားအကူ ၀န်ထမ်းများအား ခေါ်ယူပြီး နေ့ ရောညပါအလုပ် စေခိုင်းခဲ့ပါတယ်။

အလုပ်လုပ်ပြီး  ဇွန်လကုန် လစားတောင်းသောအခါ အစိုးရ မပေးသောကြောင့် မရကြောင်း နောက်လမှ ရမယ်ဆိုပြီး နောက်လ ထိကိုယ့် စာရိတ်ကိုယ်စားပြီး အလုပ်လုပ်ခဲ့ ရပါတယ်။

ဇူလိုင်လအထိ စောင့်သော်လည်း နှစ်လအထိ လစားမရခဲ့ပါဘူး။ နိုင်ငံတော်က မပေးသောကြောင့်ဘတ်ဂျတ် မကျသောကြောင့်  မရကြောင်း တာဝန်ရှိသူတွေ က ပြောပါတယ်။

 နောက်ဆုံး နေ့ စားအကူ ၀န်ထမ်းများက လစာ တောင်းဆိုသောအခါ ၀ါးခယ်မမြို့ နယ် ကြေတိုင်နှင့် မြေစာရင်း ဌာန မှ ဦးစီးမှူး ဦးကျော်ရွှေ ကိုယ်တိုင်(၃၁.၇.၂၀၁၃)နေ့ တွင် နှစ်လပေါင်း လုပ်ခလစာ တစ်ယောက်ကို နှစ်သောင်းပေးပြီ နောက်လ လုပ်ချင်လည်းလုပ် မလုပ်ချင်လည်း နေပိုက်ဆံတော့ မပေးနိုင်ကြောင်း ပြောခဲ့တယ်လို့  လုပ်ခလစာ မရကြတဲ့ ၀န်ထမ်းများက Myanmar News Now ကို ပြောပါတယ်။

by သစ်ထူးလွင်