Home » » ကုလကိုယ်စားလှယ် လားရှိုးမြို့မှ အစ္စလာမ်ခေါင်းဆောင်များနဲ့ ဆွေးနွေး

ကုလကိုယ်စားလှယ် လားရှိုးမြို့မှ အစ္စလာမ်ခေါင်းဆောင်များနဲ့ ဆွေးနွေး

Written By Unknown on Tuesday, August 20, 2013 | 4:53 AM

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Quintana ဟာ မနေ့က ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ လားရှိုးမြို့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလပိုင်းကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး မနေ့က လားရှိုးမြို့ Golden Hill ဟိုတယ်မှာ အစ္စလာမ် ဘာသာရေးခေါင်းဆောင် ၉ ဦးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ဦးဇော်မင်းနိုင်က ပြောပါတယ်။

“ဒီကိစ္စမှာ စစ်တပ်ကပါသလား ဒါမှမဟုတ် ရဲကပါသလား ဒါမှမဟုတ် ဘုန်းတော်ကြီးတွေပါသလား အဲဒါတွေမေးပါတယ်၊ ဒီမြို့ပေါ်မှာ တကယ်တမ်း အကြမ်းဖက် ဖျက်ဆီးတဲ့အချိန်မှာ သင်္ကန်းတော့စည်းထားတာတွေ့တယ်၊ ဒါပေမယ့် အဲဒါတွေ ဘုန်းကြီးအစစ်မဖြစ်နိုင်ဘူး ဆိုတဲ့အကြောင်းကိုပဲ ကျနော်တို့ပြောပါတယ်၊ သူက ကုလသမဂ္ဂကို လူ့အခွင့်အရေးကိစ္စတင်တဲ့အချိန်မှာ ဒီအကြောင်းအရာတွေအကုန်လုံးကို ပြည့်စုံအောင်တင်မယ့်အကြောင်း ပြောပါတယ်”

မစ္စတာ ကင်တားနားဟာ လားရှိုးမြို့က မထွက်ခွာခင် ဒေသခံ တအောင်းအမျိုးသားများအဖွဲ့၊ တအောင်းအမျိုးသမီးများအဖွဲ့တို့နဲ့ လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

RFA Burmese