Home » » ရေလွှမ်းဒဏ်ခံရသည့်ပြည်သူများကိုပွင့်လင်းရာသီအထိ ထောက်ပံ့ပေးရန်လို

ရေလွှမ်းဒဏ်ခံရသည့်ပြည်သူများကိုပွင့်လင်းရာသီအထိ ထောက်ပံ့ပေးရန်လို

Written By Unknown on Tuesday, August 13, 2013 | 4:20 PM

မိုးသည်း ထန်စွာရွာသွန်းခဲ့မှုကြောင့် ရေ လွှမ်းဒဏ်ခံရသူ ပြည်သူများကို လာမည့် ပွင့်လင်းရာသီအထိ ထောက်ပံ့ပေးရန်လိုအပ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ပေါင်း စပ်ညှိနှိုင်းရေးရုံး (UNOCHA) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းက ''ရေလွှမ်းမိုးမှုဒဏ် ကိုခံခဲ့ရတဲ့ တောင်သူတွေရဲ့ဘဝ ပြန်လည်ထူထောင်နိုင်ဖို့အတွက် သူတို့စပါးတွေ ရိတ်သိမ်းပြီးတဲ့ အချိန်ထိ သူတို့ကိုကူညီထောက် ပံ့မှုတွေပေးဖို့ လိုအပ်တယ်'' ဟု ပြောသည်။
ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်၍ မိုးသည်းထန်စွာရွာသွန်း ခဲ့မှုကြောင့် ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာ ဝတီတိုင်းဒေသကြီးတို့တွင် ဩ ဂုတ် ၅ရက်အထိ လူပေါင်း ၂၃၀၀၀ ကျော် ရေလွှမ်းမိုးမှုဒဏ်ကိုခံခဲ့ရ ပြီး ယင်းတို့၏ လယ်ဧကမြောက် များစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
တောင်သူများ၏ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန် လည်နာလန်ထူနိုင်ရန် မျိုးစပါးများ နှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး အ ထောက်အကူပြုပစ္စည်းများကို ကူ ညီထောက်ပံ့ပေးရန်လိုအပ်နေ ကြောင်း သိရသည်။ ယင်းအပြင် အဆိုပါဒေသများမှ ရေလွှမ်းဒဏ် ခံခဲ့ရသည့် ကျေးလက်ဒေသများမှ တောင်သူတချို့ကို စပါးရိတ်သိမ်း ချိန် နိုဝင်ဘာမှ ဒီဇင်ဘာအထိ အ စားအသောက်များ ထောက်ပံ့ပေး ရန်လိုအပ်ကြောင့်းြဥဃံဗ မှ တာဝန်ရှိသူက ဆိုသည်။

ယင်းနှင့်ပတ်သက်၍ ရခိုင် ပြည်နယ် မင်းပြားမြို့နယ်မှ ရေ လွှမ်းဒဏ်ခံရသည့် လယ်ပိုင်ရှင် ဦးသာကျော်က ''ရေလွှမ်းခံရလို့ လယ်တွေရေမြုပ်တယ်။ ဒါကြောင့် ပြန်စိုက်ဖို့ မျိုးစပါးလိုတယ်။ ဒါ ကို ကျွန်တော်တို့မှာ မရှိတာကို အရှိလုပ်ပြီးတော့ အစိုးရက ထုတ် ချေးတဲ့ချေးငွေနဲ့ မျိုးစပါးတွေထပ် ဝယ်နေရတယ်''ဟု ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။

ယင်းရေလွှမ်းမိုးမှုဖြစ်စဉ် ကြောင့် ယခုလ ရ ရက်အထိ ကောက်ခံထားသည့် စာရင်းများ အရ ကရင်ပြည်နယ်ရှိ မြို့နယ် ခြောက်ခုတွင် လူပေါင်း ၄၃၆၅ ဦး ရေလွှမ်းဒဏ်ခံခဲ့ရပြီး ယင်းတို့ကို ကယ်ဆယ်ရေးစခန်း ၂၂ ခု ဖြင့် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။

အလားတူ မွန်ပြည်နယ်ရှိ မြို့နယ်သုံးခုတွင် လူပေါင်း၁၈၅၅ ဦးကို ကယ်ဆယ်ရေး စခန်းသုံးခု တွင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရ ကြောင်း သိရသည်။

ယင်းအပြင် ရခိုင်ပြည်နယ် ရှိ မင်းပြားမြို့နယ်တွင်လည်း လူ ပေါင်း ၃၉ဦးမှာ ရေလွှမ်းဒဏ်ခံခဲ့ ရပြီး ယင်းတို့မှာ ယင်းတို့၏ဆွေ မျိုးများနေအိမ်တွင် ယာယီခိုလှုံခဲ့ ရကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်နှစ်ခုတွင် လူဦးရေ၁၇၀၉ဦးကို လုံခြုံသည့် နေရာများတွင် ထိန်းသိမ်းစောင့် ရှောက်ပေးခဲ့ရကြောင်း UNOCHA မှ ပြုစုထားသည့် စစ်တမ်း အရ သိရသည်။
လူပေါင်း ၂၃၀၀၀ ကျော်ရှိ ခဲ့သည့်အနက် အများစုမှာ မိမိ နေရပ်များသို့ ပြန်လည်ထွက်ခွာ သွားကြပြီဖြစ်သည့်အတွက် ကယ် ဆယ်ရေးစခန်းများတွင် လူပေါင်း ၇၃၀၀ ကျော်သာ ကျန်ရှိတော့ ကြောင်း ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဌာနမှ ဩ ဂုတ် ရ ရက်တွင် ထုတ်ပြန်ထား သည်။

မန်ယုကျော် (ရွှေဝမြေ)၊ သြဂုတ်(၁၂)၊ ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

Yangon Media Group