Home » » ဦးပိန်တံတား ပျက်စီးနေ၍ ဧည့်သည်များအတွက် စိုးရိမ်နေရ

ဦးပိန်တံတား ပျက်စီးနေ၍ ဧည့်သည်များအတွက် စိုးရိမ်နေရ

Written By Unknown on Thursday, August 29, 2013 | 1:15 PM

နိုင်ငံခြားသားများ စိတ်ဝင်စားမှုအများ ဆုံးဖြစ်သော မန္တလေးမှ ဦးပိန်တံတား ကြီး၏ နေရာအချို့၌
အခန်းများ ပျက်စီး ချို့ယွင်းနေသည့်အတွက် လာရောက် ကြသော ခရီးသွားဧည့်သည်များ
တံတားပေါ် လမ်းလျှောက်ရာတွင် ၎င်းတို့အတွက် စိုးရိမ်နေကြရကြောင်း သိရသည်။

"အကုန်လုံးတော့ မဟုတ်ဘူးပေါ့။ တချို့နေရာလေးတွေက အခြေအနေ တော်တော်လေး ဆိုး
တယ်။ တံတားပေါ် မှာလမ်းလျှောက်ရတာ တံတားက လှုပ်နေတယ်။ တစ်နေရာဆိုရင် တိုင်တွေ
က မြောက်ဘက်ကို ယိုင်နေပြီ။ စနစ်တကျ ထိန်းသိမ်းဖို့တော့ လိုအပ် နေပါတယ်။ ပြုပြင်တဲ့နေ
ရာမှာလည်း ရှေးလက်ရာတွေတော့ မပျောက်စေ ချင်ဘူးပေါ့"ဟု ဦးပိန်တံတားသို့ အပန်း ဖြေ
ညနေရှုခင်းလာကြည့်သော မန္တလေးမြို့မှ အင်ဂျင်နီယာတစ်ဦး ဖြစ်သူ အသက် ၄၅ နှစ်အရွယ်
ဦးခင်ဇော်က ပြောသည်။

ဦးပိန်တံတားသည် အမရပူရမြို့ ဘက်ရှိ တောင်မင်းကြီးဘုရားနှင့် တောင်သမန်အင်း အရှေ့ဘက်
ရှိ တောင်သမန်ရွာတို့ကို ဆက်သွယ်ထား သည့် ကျွန်းတိုင်များဖြင့် တည်ဆောက် ထားသော တံတားကြီးတစ်စင်းဖြစ်ကြောင်း၊ ရေရှည်တည်တန့်စေရန် ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးဌာနက
တံတားပေါ်တွင် စက်ဘီးမစီးရန် ကြေညာချက် ထုတ်ပြန်ထားသော် လည်း အချို့မှာ စက်ဘီးစီးပြီး
ဖြတ်သန်း သွားလာနေကြဆဲပင် ဖြစ်ကြောင်း သိရသည်။

"ရှေးဟောင်း အမွေအနှစ်ဆိုတာ ထိန်းသိမ်းဖို့ ကောင်းပါတယ်။ စက်ဘီး မစီးဖို့ ပြောထားပေမယ့်
စီးနေကြဆဲပဲ။ ဒါတွေကို အမှန်တကယ် အရေးယူသင့် ပါတယ်။ သင်္ကြန်တွင်းဆိုရင် လာကြတဲ့
သူတွေများတယ်။ ဟိုတစ်နှစ်ကဆိုရင် တံတားကျိုးကျလို့ ပြန်ဆောက်ရတယ်။ ကွန်ကရစ်တွေနဲ့
ဆောက်လိုက်တော့ တံတားရဲ့ အရသာက ပျက်သွားတာပေါ့။ နိုင်ငံခြားသားတွေအတွက်လည်း
စိတ်ဝင်စားမှု နည်းနည်းလျော့သွားတာ ပေါ့။ မပြင်ခင်ကတည်းက သေသေ ချာချာ စဉ်းစားပြီးပြု
ပြင်ခဲ့သင့်တာ။ အခုပျက်စီးနေတာတွေကို ပြင်မယ် ဆိုရင်လည်း ရှေးဟောင်းရိုးရာ မပျက် ပြုပြင်
စေချင်ပါတယ်"ဟု ဦးပိန် တံတားသို့ နိုင်ငံခြားသား ဧည့်သည် များကို လိုက်ပါပို့ဆောင်ပေးနေ
သော ဧည့်လမ်းညွှန်တစ်ဦး က မြန်မာတိုင်း(မ်)ကို ပြောသည်။

ဦးပိန်တံတားကြီးကို ထိရောက် သည့် ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်နိုင် ရေးအတွက် ပြည်ထောင်
စုအစိုးရက ချမှတ်ပေးသော ဘတ်ဂျက်ပေါ်တွင် မူတည်နေကြောင်းလည်း သိရှိရ သည်။

"ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှု တွေကတော့ လုပ်ရမှာပါ။ ပြောမယ်ဆိုရင်တော့ ဦးပိန်တံတား
တစ်ခုတည်း မဟုတ်ပါဘူး။ တစ်ပြည်လုံးမှာ ပြုပြင် စရာတွေ အများကြီးပဲ။ အစိုးရက ချပေး တဲ့
ဘတ်ဂျက်ကလည်း မလောက်ငှဘူး။ ချင့်ချိန်ပြီး ပြန်သုံးနေရတယ်"ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၊
ဒုတိယ၀န်ကြီး ဦးသန်းဆွေက မန္တလေးအခြေစိုက် မြနန္ဒာဂျာနယ်၌ ဖြေကြားထားသည်။

တောင်သမန်အင်းမှာ ယခုဆိုလျှင် ပိတ်လိုက်ပြီဖြစ်သည့်အတွက် ၁၂ ရာသီ ရေများ ရှိနေခြင်း
ကြောင့် ပြုပြင် ရန် အခက်အခဲများလည်းရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဦးပိန်တံတားကြီးကို သက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် မြို့စာရေး ဦးပိန်က စတင်တည်ဆောက်ခဲ့ပြီး
၁၂၁၃ ခုနှစ် တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ တံတားကြီး၏ ပေအရှည်မှာ ၇ ဒသမ ၈ ဖာလုံရှိပြီး
ကျွန်းတိုင်အလုံးပေါင်း ၁,၀၈၆ လုံး၊ အခန်းအရေအတွက် ၄၈၂ ခန်း၊ တံတားပေါ်တွင် ဇရပ် လေး
ဆောင် နှင့်ဖောင်ကြောင်း ကိုးခုထိရှိကြောင်း သမိုင်းမှတ်တမ်းများအရသိရသည်။

စည်သူလွင် (မြန်မာတိုင်းမ်)