ကရိန်နော်သည် ကချင်ပြည်နယ် သမိုင်းတွင် အထင်ကရ နေရာတစ်ခု အဖြစ်သတ်မှတ်ထားသည့် အလှတရား တို့၏မြေပြင် ဖြစ်သည်။ ဧရာဝတီ မြစ်ကြီးသည် ၎င်း၏ ပခုံးထက်၌ မညောင်းမညာ တသွင်သွင် စီးဆင်းခြင်းသည် ကချင်ပြည်နယ်၏ အလှနှင့် လူမျိုးစု တစ်ခု၏သစ္စာတရား ကို ဖော်ကျူးထားသည်။ ရာဇဝတ်သားပမာ နောက်ပြန် မလှည့်ရဲသည့်ဟန်ဖြင့် မြစ်ရေတို့က မည်သည့်အကွေ့ အကောက်တို့ကိုမဆိုရင်ဆိုင်မည့် သဘောဖြင့် ထပ်ကာထပ်ကာ စီးဆင်းမြဲ ဖြစ်သည်။
ကရိန်နော်လူမျိုးစု ခေါင်းဆောင် သည် မိမိ၏ လူမျိုးစုများအပြင် တိုင်း ရင်းသားပေါင်းစု လာရောက်အပန်း ဖြေ ရန် လွန်ခဲ့သည့် နှစ်ပေါင်း ငါးဆယ်ခန့် က စ၍ ဧရာဝတီမြစ်ကမ်းမြေနေရာ တစ်ခု၏ အလှပန်းချီကို အပန်းဖြေ စခန်းတစ်ခုအဖြစ် အသက်သွင်းပုံဖော် ထားခဲ့ခြင်း ဖြစ်သည်။ကရိန်နော်လူမျိုးစု ခေါင်းဆောင်သည် လွှတ်တော် အမတ် တစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင် ခဲ့ကြောင်း ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။
''မြစ်ဆုံကို သွားလည် ဖို့ခက် တော့ ကရိန်နော်မှာပဲ အပန်းဖြေကြ တယ်။ ကချင်ပြည်နယ်ရဲ့ အထင်ကရ နေရာတစ်ခုအပြင် အပန်းဖြေဖို့ကောင်း တဲ့နေရာတစ်ခုပါ''ဟု ၎င်းနေထိုင်ရာ ဒေသ၏ အလှကိုဖော်ကျူးသည်။ကရိန်နော် အပန်းဖြေစခန်းသည် မြန်မာပြည်ရှိ အပန်းဖြေကမ်းခြေများ ကဲ့သို့ ဟိုတယ်၊ ဘန်ဂလိုများမရှိ။ အရိပ် ရ သစ်ပင်အောက်တွင် ကလေးငယ်များ ကစားမည့် သံကြိုးတုပ် ကားတာယာ သို့မဟုတ် ခေတ်ပေါ် ပုခက်များ၊ အဖွဲ့ အစည်းလိုက်ထိုင်ရန် မြေစိုက်စားပွဲ များ၊ စုံတွဲထိုင် ထိုင်ခုံလေးများ ရှိသည်။သစ်ရိပ်ဝါးရိပ်တို့က
လူပေါင်းများစွာ၏ အသက်သွေးကြော ဧရာဝတီ၏ကမ်းစပ် အလှကို ဖန်းတီးပေးထားသည်။
ကရိန် နော်၏ မုခ်ဦးအဝင်သည် မြို့ကြီးများ ၏ အပန်းဖြေပန်းခြံများကို ဥပေက္ခာပြု ထားသည့်စာတမ်း ရှိသည်။ ကလေးတစ်ဦးလျှင် ၅ဝ ကျပ်နှင့် လူကြီး တစ်ဦးလျှင် ကျပ် ၁ဝဝ၊ သို့သော် ဗီဒီယို ကင်မရာတစ်လုံးရိုက်ခွင့်ရရန် ဝင်ကြေး ကျပ် ၅ဝဝဝ နှင့် ရိုးရိုး ကင်မရာတစ်လုံးလျှင်ကျပ် ၂ဝဝဝကိုတော့ ဘောက်ချာမဲ့ ဖြင့်ဂိတ်စောင့် ထံသို့အခွန်ငွေပေးဆောင် ရမည် ဖြစ်သည်။ ဧရာဝတီနှင့်ကချင်၏ အလှတရား သည် ဖျက်ဆီး၍ မကုန်သေး။ သို့သော် မည်သည့်အရာမျှ တည်မြဲခြင်းမရှိသည် အတွက် သူသည် တစ်ချိန်ချိန်တော့ ပျက်စီးမည် ဖြစ်သည်။
လတ်တလော တွင် ကရိန်နော်သည် လူတို့၏ သား ကောင်လား၊ မုဆိုးလားတော့မသေချာ ပါ။ အမဲလိုက်နေကြသည် မှာတော့ သေချာ၏။ လက်ရှိ သားကောင်သည် ဥပဒေနှင့်အညီ နှစ်ကိုယ်တူ လိင်ပိုင်း ဆိုင်ရာ ဆက်သွယ် နှီးနှောခွင့် ရှိသည့် ၁၄ နှစ် အထက် လူငယ်စုံတွဲများ ဖြစ် သည် ။ ၎င်းတို့အတွက် စံပျော်ရာဘုံ ဌာနအဖြစ် နှစ်ကိုယ်စာ ကျောခင်း၍ ရသည့်
မိုးလုံလေလုံ တဲလေးများကို ပုဂ္ဂလိက မြေပိုင်ရှင်က ဖန်တီးပေးထားသည်။
''တဲတွေက ခိုင်ပါတယ်။ သေသေ ချာချာ ဆောက်ပေးထားတာပါ။ သစ် သားနဲ့ ဆောက်ထားတဲ့ တဲလည်းရှိပါ တယ်'' ဟု ဂိတ်ပေါက်အဝင်တွင် ဝင် ကြေး ကောက်ခံသော အသက် ၂ဝ ဝန်းကျင် လူငယ်တစ်ဦးက ဝါးနှင့် ဆောက်ထားသောသက်ငယ်မိုးတဲအိမ် လေးများကို ညွှန်ပြရင်း ပြောသည်။ ယင်းတဲလေးများသည် ဒေသခံနှင့် ခရီးသွားဧည့်များအတွက် အချစ်၏
နိဗ္ဗာန်ဘုံအဖြစ် အသုံးချ၍ရသည်။ တစ်နေ့တာ၊ တစ်ပတ်စာ၊ တစ်လစာ တစ်နှစ်စာ အစရှိသော အလွမ်းသယ်လာသည့် နှလုံးသားများ ကို ဆေးကြော ပေးဖို့ရန် ငွေကုန်ကြေးကျ သက်သာလှ ကြောင်း အထက်ပါ ဂိတ်စောင့် လူငယ် ၏ ပြောစကားက အတည်ပြုသည်။ ၎င်း၏ စကားသံသည် မြင်တွေ့နေကြ ပြည်ပမှ ဝင်ရောက်လာသည့် သာမန် ဗီဒီယိုဇာတ်လမ်း တစ်ခုပမာ။
''တစ်နာရီကို ၁ဝဝဝ ပဲ။ အခန်းနံ ပါတ်တွေအလိုက် ကျွန်တော်ဘောက်ချာ ဖြတ်ပေးတယ်။ ဘယ်သူမှလည်း သူတို့ ပိတ်ထားတဲ့တံခါးက ခန်းဆီးလိုက်ကာ ကို သွားမဖွင့်ကြဘူး။
တစ်နေကုန်အောင် ကြိုက်သလောက်နေလို့ရတယ်။ ဒါပေမဲ့ နာရီအလိုက် ပိုက်ဆံရှင်းရတာ ပေါ့''ဟု ၎င်းက ထပ်လောင်းပြောသည်။ လူမျိုးဘာသာ မခွဲခြားပါ။ကရိန် နော်သည် ၎င်း၏ ရင်ခွင် မှေးစက် အနားယူခွင့်ရှိသည်။ ကရိန်နော် အပန်း ဖြေ စခန်းနေရာသို့ မြစ်ကြီးနား မြို့ပတ် ဝန်းကျင်နှင့် မြစ်ကြီးနား တက္ကသိုလ်မှ ကျောင်းသားနှင့် ကျောင်းသူများလာ
ရောက်လေ့ရှိပြီး လူလတ်ပိုင်း အိမ် ထောင်သည်များ၊ အိမ်ထောင်သည် ဘဝကို နုပျိုဆန်းသစ်ချင်သည့် အသက်ကြီးပိုင်းများ လာရောက်လေ့ရှိကြောင်း မန်ခိန်ရပ်ကွက်နေ အသက်
၃ဝနှစ် အရွယ်ရှိ ကုမ္ပဏီကားမောင်းသူ တစ်ဦး က ပြောသည်။
''အရင်ကညဘက်တွေကို ဘော်ဒါ တွေ အတွဲလိုက် လာကြတယ်။ ချိန်းပြီးရောက်တာနဲ့ တစ်ညလုံးသောက်စား ကြတာပေါ့။ မိုးမလင်းသေးခင်တော့ လိုက်ပြီးအော်ရတယ်။ အသံကြားရာ
အရပ်ကစုရပ်ပေါ့ဗျာ'' ဟု ၎င်းက အိမ် ထောင်မကျမီ နှစ်များအတွင်း ကုန်လွန် ဖြတ်သန်းခဲ့သည့် အတွေ့အကြုံတစ်ခု ကို ပြန်ပြောင်းပြောသည်။
အများအားဖြင့် ဒေသခံ လူငယ် အချို့သည် စီးတော်ယာဉ် ဆိုင်ကယ်ကို အဓိကထားပြီး အသံလမ်းကြောင်း စီးဆင်း ဆက်သွယ်မှုကို ခေတ်ပေါ် တယ်လီဖုန်းများမှ အချက်ပေးကာ ကရိန်နော်၏ ရင်ခွင်ဆီသို့သာ
နာရီပိုင်း အနားယူရန် ရောက်လာကြကြောင်း ဂိတ်စောင့် လူငယ်က ဆိုပြန်သည်။
''တချို့ အတွဲတွေကလည်း တစ် ယောက်မလာသေးရင် မဝင်ဘူး။ ဂိတ် နားမှာပဲစောင့်နေကြ၊ ကျောင်းသားတွေ လားတော့ မသိဘူး။ လူငယ်တွေ များပါ တယ်'' ဟု သူ၏ နေ့စဉ် မြင်တွေ့နေကြ မြင်ကွင်းကို ဖွင့်လှစ်ပြသသည်။ ကရိန်နော်အပန်းဖြေ စခန်းဟု အမည်၏ အောက်တွင် စုံတွဲများ အ တွက် အခန်းငယ် ၂ဝ နီးပါးရှိပြီး တစ်ရက်လျှင် ပုံမှန်
ဝင်ကြေးကောက်ခံမှု ငါးသောင်းခန့်ရသည့်အပြင် စားသောက် ဖွယ်ရာ အချို့ကိုပါ ရောင်းချပေးထား ကြောင်း ဂိတ်စောင့်က ဂိတ်အဝင်တွင် ကြွေကျနေသည့် သစ်ရွက်ခြောက်များ ကို
မတ်ရပ်တံမြက်စည်းဖြင့် သိမ်းဆည်းရင်း ရှင်းပြသည်။
''ဟိုလို ဒီလိုမနေဖို့တော့ တားမြစ် ထားတာ မရှိပါဘူး။ အချိန်တန်ရင် အိမ် ပြန်သွားကြတာပါပဲ'' ဟု ၎င်းက သူ၏ ဂိတ်စောင့်ဘဝ အတွေ့အကြုံကို ပြောသည်။ ကရိန်နော်၏ ကမ်းစပ်ပိုင်းရှိ ဧရာဝတီသည် စီးဆင်းမြဲ စီးဆင်းသည်။ကမ်းစပ်၌ အဝတ်လျှော်သူအချို့နှင့် ကိုယ်လက် သန့်စင်သူများ ရှိသည်။ တစ်နိုင်တစ်ပိုင် ဝမ်းရေးဖြေရှင်းမှုအတွက် ငါးမျှားသူများ ရှိသည်။ သို့သော် မည် သူတစ်ဦးတစ်ယောက်မျှ အပန်းဖြေ စုံတွဲများ၏ အာဟာရကို ဖျက်ဆီးခြင်း မရှိဟု စုံတွဲတစ်တွဲက ပြောသည်။
''ဒီမှာက လွတ်လပ်တယ်။ ကမ်း စပ်ထဲ ဆင်းပြီးစကားပြောလို့ ရတယ်။ဘယ်သူမှ အနှောင့် အယှက်ပေးတာ မရှိပါဘူး'' ဟု အသက် ၁၈ နှစ် အရွယ် ရှိ တက္ကသိုလ်ကျောင်းသား တစ်ဦးက ၎င်း၏ ချစ်သူမိန်းခလေးကို လက်တွဲ ထားရင်း မြစ်ကမ်းစပ်တွင် ပြောသည်။သူတို့နှစ်ဦးသည် ဒေသခံ ပထမနှစ် တက္ကသိုလ် ကျောင်းသားများ ဖြစ် ကြောင်း သိရသည်။
ကရိန်နော်နှင့် ပတ်သက်သော ပြဿနာများသည် များစွာ။ သို့သော် တည်ဆဲဥပဒေအရ လက်ဝယ် ဖမ်းဆီး နိုင်ခြင်း မရှိသလို လက်နက်ကိုင်များ ဖြစ်သည့် ကချင်တိုင်းရင်းသား လက် နက်ကိုင်
ကေအိုင်အေနှင့် အစိုးရတို့၏ ခြားထားသည့် စည်းမျဉ်းကြားမှ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းအချို့ကို လုပ်ကိုင်လျက် ရှိကြောင်း ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက
၎င်း၏ ဒေသရှိ အချို့သောအချက်အလက် များကို ပြောသည်။
''ဗြောက်(သေနတ်)တွေ ကိုင်တဲ့ သူတွေ၊ လူတွေ လာတာရှိသလို မူးယစ် ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ သူ တွေ ရှိတယ်ဆိုတာ ကျွန်မ သိရပါ တယ်'' ဟု ၎င်းကဆိုသည်။
ထိုကဲ့သို့သော အကြောင်းအရာ များကို အပန်းဖြေလာရောက်ကြသော ဒေသခံတချို့က မသိလို၊ စိတ်ဝင်စား ဟန်မပြသလို ပိုနေမြဲ ကျားနေမြဲသာ မိမိတို့လိုရာခရီးအရောက်နှင်ကြ
သည်ဟုဆိုသည်။ လူများစုနှင့်သက်ဆိုင်သော အပန်းဖြေစခန်းတွင် စည်းကမ်းသတ် မှတ်ချက်များလိုပြီး ပြည်နယ်၏ ဂုဏ် သိက္ခာနှင့်
လူမျိုးတစ်စု၏ဂုဏ်အရှိန်အဝါကိုထိန်းသိမ်းရန်လိုနေပြီဖြစ်ကြောင်း ဒေါ်ဒွဲဘူက သူ၏အမြင်ကို ပြောသည်။
''စုံတွဲကိစ္စတွေရော ကျန်တဲ့ကိစ္စ တွေပါ စည်းကမ်းသတ်မှတ်ချက်တွေ ကို စာကပ်ဖို့ကျွန်မပြောပါတယ်။ ဏကဘူငခ ဧရိယာ ဆိုတော့ ပိုင်ရှင်က ဖမ်းဖို့ဆီးဖို့ မလွယ်ဘူးလေ။
အရပ်သားချင်း ဖမ်းလို့မှမရတာ'' ဟု ၎င်းက ပြောသည်။ ယင်းကိစ္စများအတွက် ၎င်းကိုယ်တိုင် ရောက်ဖြစ်သည့် အချိန်များတွင် စည်း ကမ်းချက်ထုတ်ရန် ပြောဖြစ်သည်ဟု သူမက ထပ်လောင်းဆိုသည်။ သို့သော် လူမှုရေးကိစ္စကို အားပြုမည် ဆိုပါက စီးပွားရေးလုပ်ငန်းကို ထိခိုက်လာမည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း ၎င်းက ပြောသည်။
''စည်းကမ်းချက်တွေနဲ့ဆိုရင် သူတို့ရဲ့ ဝင်ငွေနဲ့ အခွန်ဆောင်ရမယ့် ကိစ္စတွေအတွက် အဆင်မပြေဘူးလို့ ပြောလာတယ်လေ။ လူတွေလည်းလာ တော့မှာမဟုတ်ဘူးတဲ့၊ သူတို့လည်း
စိတ်ညစ်နေကြတယ်'' ဟု ဒေါ်ဒွဲဘူက ဒေသခံကရိန်နော် လူမျိုးစုတို့၏ စီးပွား ရေးကိုငဲ့ကွက်သောသဘောဖြင့် တစ်ဆင့် စကားဖြင့် ဖွင့်ဟပြောဆိုသည်။ ကရိန်နော် လူမျိုးစု ခေါင်းဆောင်
သည် အပန်းဖြေ နေရာတစ်ခုအဖြစ် သို့ ဖန်တီးခဲ့သည့်နောက်ပိုင်း သားစဉ်မြေး ဆက်များက ဘိုးဘွားပိုင် အမွေအနှစ် တစ်ခုအဖြစ်ဆက်လက်လုပ်ကိုင်လာခဲ့ ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါ ခေါင်းဆောင်၏ ဇနီးမှာ သက်ရှိထင်ရှား နေထိုင်ဆဲ ဖြစ်ပြီး နိုင်ငံရေးပင်စင်ဖြင့် မျိုးရိုးစဉ်ဆက်ပိုင် မိမိတို့ မြေနေရာ အတွက် တစ်နှစ်လျှင် အခွန်ငွေ ကျပ် ငွေ သိန်း
၃ဝ ခန့် နိုင်ငံတော်ထံ ပေး ဆောင်နေရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူထံမှသိရသည်။
''ကေအိုင်အေနဲ့ အစိုးရကြားဖြစ် နေတဲ့ အချိန်မှာ အစိုးရပိုင် ဖြစ်သွား တယ်။ ကျွန်မလည်း ဒီမြေနေရာ ကိစ္စ အတွက် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်အထိ စာတင်ပြီး ပို့ပေးပါတယ်။
ခု တစ်ဝက်ကတပ်မတော်အပန်းဖြေ စခန်း ဖြစ်နေတယ်။ ခု Public အပန်းဖြေ တာက စည်ပင်ကိုအခွန်ဆောင်ပြီး တစ် ဆင့်ပြန်လုပ်နေရတာပါ''ဟု ၎င်းက မြေ ယာကိစ္စနှင့်ပတ်သက်၍ လုပ်ဆောင်ပေး နေရသည့်အခြေအနေကို ရှင်းပြသည်။
ကချင်ပြည်နယ်၌ နေထိုင်သည့် တိုင်းရင်းသားလူမျိုးတို့အတွက် ယဉ် ကျေးမှုသည် အဓိကကျသည်။ ထို့ပြင် အဆိုပါ ယဉ်ကျေးမှူကို စွန်းထင်းစေ သည့် အကြောင်းအရာများ မရှိစေလို။
ယင်းသို့ဆိုလျှင် အဆိုပါ ယဉ်ကျေးမှု အတွက် ထိန်းသိမ်းရန်လိုသည်။ ထို့ ကြောင့် ၎င်းအနေဖြင့်လည်း ထိန်းသိမ်း သွားမည့် လုပ်ငန်းစဉ်များကို လွှတ် တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် တာဝန်ရှိကြောင်း ၎င်းက''ကျွန်မလည်း နည်းလမ်းရှာနေပါတယ်'' ဟုပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ် စစ် ဘေးကြောင့် တိုင်းရင်းသား အများစု သည် ဒုက္ခသည် စခန်းများတွင် ရှင်သန် မည့်အသက်ငွေ့ကို ဖြစ်သလို ရှူရှိုက်နေ ဆဲ။ စစ်ဘေးရှောင်ကျောင်းသား က လေးငယ်များမြို့နှင့် နီးစပ်ရာ ကျောင်း များတွင် ပညာ၏ ခရီးလမ်းကို မိမိဘဝ အတွက် မသိကျိုးကျွန် လှမ်းလျှောက် နေဆဲဖြစ်ကြောင်း မြစ်ကြီးနားမြို့၊ မန်ခိန်အထက်တန်းကျောင်းမှ ကော်မတီ ဝင်တစ်ဦးက ပြောသည်။
''ကျောင်းမှာ စစ်ဘေးရှောင် ကျောင်းသား ၇၈ ဦးရှိတယ်။ ကျန်တဲ့ ကျောင်းတွေမှာလည်း ရှိနေတယ်။ ဖြစ် သလို
လုပ်နေရတဲ့ အခြေအနေတွေ ရှိ နေသေးပါတယ်'' ဟု ဆိုသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်မှ ကျောင်းသား အများစု သည် ကရိန်နော် အပန်းဖြေစခန်းသို့ မရောက်ဖူးသူ မရှိသလောက်ရှား၍ အချို့လူငယ်များသည် မူးယစ်ဆေးဝါး သုံးစွဲမှုများရှိနေကြောင်း တက္ကသိုလ် ကျောင်းသားလူငယ်တစ်ဦး၏ ပြောပြ ချက်အရ သိရသည်။''ညဘက် လမ်းဘေးတွေမှာ ဆိုင် ကယ်နဲ့ အုပ်စုတွေကသိပ်မရိုးဘူး။ အ များစုကလည်း သိပ်ပြီး ဂရုစိုက်တာ မဟုတ်ဘူးလေ။ လမ်းတွေ့ရင် ရှောင် သွားကြတာပဲ''ဟု အသက် ၂ဝ အရွယ် ခန့်ရှိသော တက္ကသိုလ်ကျောင်းသူ တစ် ဦးက ပြောပြသည်။
ထို့ပြင် ၎င်းက ''ကရိန်နော်က ဘိတစ်ခုလို ဖြစ်နေတာ'' ဟု သူ၏ အမြင်ကို ထပ်လောင်းပြောသည်။ မြစ်ကြီးနား တက္ကသိုလ်သည် ပြီးခဲ့သည့် ၂ဝ၁ဝ ခုနှစ်တွင် မူးယစ်ဆေး ဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် သုံး စွဲခြင်းအများဆုံးဟု သတ်မှတ်ခံရခြင်း နှင့် ပတ်သက်၍ယခုလ ဆန်းပိုင်းတွင် ယင်းတက္ကသိုလ်၌ ကချင်ပြည်နယ် မြစ် ကြီးနားတက္ကသိုလ်
ကချင်ကျောင်းသား များအဖွဲ့(JLH Ram Hkye) အဖွဲ့များ မှလူငယ်အသိပညာပေး မူးယစ်ဆေးဝါး ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ကြောင်း၎င်းက ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် နှစ်အတွင်းက ကျန်းမာရေး ဝန်ကြီးဌာန၏ ကောက်ခံ ခဲ့သော စစ်တမ်းများအရ မြန်မာနိုင်ငံ တွင် မူးယစ်ဆေးဝါး အပါအဝင် လိင်မှ တစ်ဆင့် ကူးစက်မှုများကြောင့် HIV ဗိုင်းရပ်စ်ပိုး ကူးစက်မှုအများဆုံး နယ် မြေများမှာ မြန်မာနိုင်ငံအရှေ့ပိုင်း ထိုင်း -မြန်မာနယ်စပ်၊ ရှမ်းပြည်နယ် မြောက် ပိုင်း၊ တနင်္သာရီတိုင်းအရှေ့ပိုင်း နယ်စပ်
နှင့်ကချင်ပြည်နယ်တို့ဖြစ်ကြောင်း သိရ သည်။ ဧရာဝတီသည် စီးဆင်းနေမြဲ ဖြစ် သည်။
သို့သော် ကရိန်နော်၏ ကမ်း စပ်နှင့် သဲသောင်ပြင်များကျောက်စိုင် ကျောက်ခဲများ၊ နူးညံ့မှုများ၊
သိမ်မွေ့မှု များနှင့် ယဉ်ကျေးမှုတို့ကိုလည်း သူ မြင် မည်မဟုတ်သကဲ့သို့ ခက်ထန်ကြမ်းတမ်း သော မူးယစ်ဆေးဝါးနှင့် လိင်ကိစ္စများ ကိုလည်း လျစ်လျူရှုထားမည်ဖြစ်သည်။ သို့သော် ကချင်တိုင်းရင်းသားတို့၏ ဦးခိုက်ရာ မနောကွင်းကိုမူကရိန်နော်၏ ယဉ်ကျေးမှုက မျက်ကွယ်ပြုသွားနိုင်သည်။
အောင်ထက်(NYK)
Popular Myanmar News Journal