Home » » ၂၀၁၃ ခုနှစ်တွင် အာဆီယံနိုင်ငံများက ချီးမြှင့်မည့် ထင်ရှားကျော်ကြားသော ကဗျာဆရာဆုကို မြန်မာနိုင်ငံက မောင်စိန်ဝင်း (ပုတီးကုန်း)ကရရှိ

၂၀၁၃ ခုနှစ်တွင် အာဆီယံနိုင်ငံများက ချီးမြှင့်မည့် ထင်ရှားကျော်ကြားသော ကဗျာဆရာဆုကို မြန်မာနိုင်ငံက မောင်စိန်ဝင်း (ပုတီးကုန်း)ကရရှိ

Written By Unknown on Monday, August 12, 2013 | 3:59 PM

နှစ်စဉ်အာဆီယံနိုင်ငံများက ထင်ရှား ကျော်ကြားသော စာရေး ဆရာများကို ဆုများ ပေးအပ်ချီးမြှင့် လျှက်ရှိရာတွင် ယခုလာမည့် ၂၀၁၃ ခုနှစ် ထင်ရှား ကျော်ကြားသော ကဗျာဆရာဆုကို မြန်မာနိုင်ငံ စာရေးဆရာ အသင်း(ဗဟို)၏ ရွေးချယ်မှုနှင့် မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသော ကဗျာဆရာ အဖြစ် စာရေးဆရာ ကဗျာဆရာမောင်စိန်ဝင်း (ပုတီးကုန်း) က ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဆုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် တက်ရောက်လက်ခံ ရယူရမည်ဖြစ်ပြီး ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) သည် ယခုလို ဆုပြန်လည်ရွေးချယ်သည့် အချိန်တွင်ကဗျာနှင့် ပထမဆုံး ရရှိသူဖြစ်ကြောင်း သိရသည်။

ယခင် မြန်မာနိုင်ငံ က စာရေးဆရာများကို ရွေးချယ်ခဲ့ရာမှ နှစ်အတန်ကြာ ရွေးချယ်ခြင်းကို ရပ်နားထားခဲ့ပြီး ယခုနှစ်တွင် ပြန်လည်ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလို ရွေးချယ်ရာတွင် မြန်မာနိုင်ငံ စာရေး ဆရာအသင်းက ၃ နှစ်တာ ကာလအတွင်း ကဗျာလုံးချင်းစာအုပ် ထုတ်ဝေခဲ့ပြီး ကဗျာရေးသားသူများ အနက်မှ ဗဟိုကော်မတီဝင် အားလုံး၏ ဆန္ဒနှင့် ယခုလို ရွေးချယ်ခြင်း ဖြစ်သည်။

ကဗျာဆရာ မောင်စိန်ဝင်း ပုတီးကုန်းသည် ကဗျာလုံးချင်း (၁၀) အုပ်ထုတ်ဝေထားပြီး ဝတ္တုစာအုပ်ပေါင်းများစွာကို လည်းရေးသား ထုတ်ဝေနေသူဖြစ်ကာ စာဖတ်ပရိသတ်များ၏ နှစ်သက် အားပေးမှုကို ရရှိနေသော စာရေးဆရာ တစ်ယောက် ဖြစ်ကြောင်း သိရသည်။

SkyNet TV Browser