Home » » လှူဒါန်းသည့် ထမင်းစားမိရာမှ အလယ်တန်းကျောင်းသား ၆၀ခန့် သင်္ဃန်း ညီနောင် တွင် အစာ အဆိပ်သင့်

လှူဒါန်းသည့် ထမင်းစားမိရာမှ အလယ်တန်းကျောင်းသား ၆၀ခန့် သင်္ဃန်း ညီနောင် တွင် အစာ အဆိပ်သင့်

Written By Unknown on Tuesday, August 6, 2013 | 6:16 PM

ရန်ကုန် ၊ သြဂုတ် ၅
မြဝတီမြို့ နယ် သင်္ဃန်းညီနောင်ကျေးရွာ ရှိအလယ်တန်းကျောင်းတစ်ခု တွင် လာရောက်လှူဒါန်းသည့် ထမင်းများကိုစားမိရာမှ ကျောင်း သား ၆ဝခန့်အစာ အဆိပ်သင့်မှု ယနေ့နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၅ရက် နေ့လယ် ၁၁နာရီဝန်းကျင်ခန့် တွင် မြဝတီမြို့နယ် သင်္ဃန်းညီ နောင်ကျေးရွာရှိ အမှတ်(၁) အ ခြေခံပညာအလယ်တန်းကျောင်း တွင် ကျောင်းသားများအား ငါး သေတ္တာနှင့် ခရမ်းချဉ်သီးရော ချက်ထားသည့် ဟင်းဖြင့် ထမင်း ကျွေးရာမှ ကျောင်းသားများသည် အစာအဆိပ်သင့်ပြီး မူးဝေအော့ အန်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်အစိုးရအ ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက''အခု ကျွန်တော်တို့ ဆီကို ဖြစ်စဉ် မှတ် တမ်းပို့ပေးဖို့လုပ်နေ ကျတယ်။ ဖော့ဘူးနဲ့ဝေတဲ့ ငါးသေတ္တာဟင်း နဲ့ ထမင်းကိုစားမိတဲ့သူတွေဖြစ် တာလို့သိရတယ်''ဟု ဩဂုတ် ၅ ရက် ညနေ ၃နာရီခန့်ကပြောသည်။

မြဝတီမြို့တွင် ကျောင်းများ သို့ စေတနာရှင်များက မကြာခ ဏအလှူဒါန အနေဖြင့် ယခုကဲ့ သို့ ကျွေးမွေးခြင်းများ ယခင်က လည်းရှိခဲ့ကြောင်း၊ ယခုကဲ့သို့ ကျောင်းသားများ အစာအဆိပ် သင့်မှုဖြစ်ပွားခြင်းသည် မြဝတီ မြို့နယ် သင်္ဃန်းညီနောင်ကျောင်း တွင် ပထမဆုံး အကြိမ်ဖြစ်ကြောင်း ဒေသခံများ၏ပြောပြချက် အရ သိရသည်။

အမျိုးသားဒီမိုကရေစီအင် အားစုပါတီမှ ကရင်ပြည်နယ် စည်းရုံးရေးမှူး ဦးအောင်ဝင်းလှိုင် က''မနက်က သင်္ဃန်းညီနောင် မှာ အလယ်တန်းကျောင်း သား ၆ဝဦးခန့် အစာအဆိပ်သင့်တယ် လိုသိရတယ်။ ကျွန်တော်လဲသေ ချာအောင်စုံစမ်းတော့ အမှန်တ ကယ်ဖြစ်နေတာသိရတယ်။

ကျွန် တော့်အထင် ငါးသေတ္တာတွေ ဒိတ် လွန်နေတယ်ထင်တယ်''ဟုဆိုသည်။
မြဝတီမြို့ဆေးရုံကကျန်းမာရေးဝန်ထမ်းတစ်ဦးက''ဆရာကြီးကိုယ်တိုင်သင်္ဃန်းညီနောင် မှာ သွားစစ်ဆေးနေတယ်။ ဆရာ ကြီးပြန်လာမှ အခြေအနေအား လုံးကိုသိရမယ်။ အခုထိ ဆေးရုံ ကို အစာအဆိပ်သင့်မှုနဲ့ပတ်သက် ပြီး တစ်ယောက်မှမရောက်လာ သေးဘူး''ဟု ဩဂုတ် ညနေ ၄ နာရီတွင် ပြောသည်။

ယခုဖြစ်စဉ်ကို မြဝတီခရိုင် ကျန်းမာရေးအဖွဲ့က ကွင်းဆင်း စစ်ဆေးမှု များ ပြုလုပ် လျက်ရှိပြီး အစာအဆိပ်သင့်မှုကြောင့် သေဆုံး သူမရှိခဲ့သော် လည်း လိုအပ်သည့် ဆေးဝါးကုသမှုများပေးလျက်ရှိကြောင်း သိရသည်။

စိုင်းဟန် ၊ ကျော်ဇေယျ

Yangon Media Group