Home » » ပြည်မြို့ မှာ ပုဒ်မ ၁၈ ဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်

ပြည်မြို့ မှာ ပုဒ်မ ၁၈ ဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်

Written By Unknown on Friday, August 30, 2013 | 4:56 AM

၂၉၊၈၊၂၀၁၃

“ ပုဒ်မ(၁၈)ဖျက်သိမ်း ရန်ဆန္ဒပြသူ(၅)ယောက်ကို-ပုဒ်မ(၁၈)နှင့်အရေးယူခြင်း” ၂၉.၈.၂၀၁၃-ရက်နေ့က၊ ပြည်မြို့တွင် -ပုဒ်မ(၁၈)ကို ဖျက်သိမ်းပေးရန်အတွက်-ဆန္ဒပြပွဲတခုပြုလုပ်ခဲ့ပါသည်။

ထိုဆန္ဒပြပွဲကို-လူ(၂၀)ကျော်ခန့်ပါဝင်ပြီးမနက်ခင်း(၉း၁၅)နာရီတွင်-ရုံးလမ်းမှစတင်ခဲ့ပြီး-လမ်းမတော်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ဦးဝင်းမြလမ်း-တို့မှတဆင့်၊ ရွှေတချောင်းလမ်းထိပ်တွင်၊ ရဲများ၊မြို့နယ်ရဲမှုး၊ ခရိုင်ရဲမှုး၊ မြို့နယ်အုပ်ချုပ်ရေးမှုး-တို့ အင်အား(၃၀)ခန့်နှင့် တားစီးခဲ့ပါသည်။

“ ပုဒ်မ(၁၈)အလိုမရှိ” “ ပုဒ်မ(၁၈)ဖျက်သိမ်းပေး ”၊ “ပုဒ်မ(၁၈)စွတ်စွဲခံရသူများချက်ချင်းလွှတ်၊” “မြို့နယ်အုပ်ချုပ်ရေးမှုး/ခရိုင်အုပ်ချုပ်ရေးမှုးတွေကို တို့မဲပေးထားတာမဟုတ် ” -စသော ဗီနှိုင်း စများကိုင်ဆောင်ပြီး-ဗွီနှိုင်းပါစာသားများကို-ကျွေးကျော်သံများအဖြစ်ကျွေးကျော်ခဲ့ကြပါသည်။

လွန်ခဲ့သောရက်(၂၇)ရက်နေ့တွင်ရန်ကုန်တွင်လဲ ထိုကိစ္စအတွက်ဆန္ဒထုပ်ဖေါ်ခဲ့ကြပြီး-အခုပွဲအတွက်-ခွင့်ပြုမိန့်တစုံတရာတောင်းဆိုခဲ့ကြခြင်းမရှိပါ၊မြန်မာနိုင်ငံရဲ့ အသက်သွေးကျောပင်မဖြစ်တဲ့-ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုကိုင်ပြီး-အခြေခံဥပဒေပါအတိုင်း-လက်နှက်တစုံတရာမပါပဲငြိမ်ူချမ်းစွာ-စုဝေးစီတန်းလမ်းလျှောက်ခြင်းပဲဖြစ်ပါတယ် ဘယ်တရားဥပဒေကိုမှဖေါက်ဖျက်ကျုးလွန်တာမရှိပါဘူး၊အခြေခံဥပဒေကို-ပြည်ထဲရေးဋ္ဌာနကသာဖေါက်ဖျက်ကျုးလွန်တာဖြစ်ပါတယ်၊-အခြေခံဥပဒေကို-ကျော်လွန်ပြီးနည်းဥပဒေ-ဆိုပြီး-အခြေခံဥပဒေပါ-တွေကို-ဆန့်ကျင်ဖေါက်ဖျက်နေတာဖြစ်တယ်-ဒါတွေကို-ပြည်ထဲရေးဋ္ဌာနကပဲရေးစွဲပြီးအတည်ပြုထားတာဖြစ်တယ် ၊နိုင်ငံသားအခွင့်အရေးတွေကို-တဖက်လှည့်နဲ-နိုပ်ကွပ်ထားတာဖြစ်တယ်-ဆန္ဒပြထာကိုခွင့်တင်တော့လဲမပေး-မပေးပြီးနောက်-ပုဒ်မ(၁၈)နဲ့အရေးယူတရားစွဲ-ဒီ ဥပဒေ ကလုံးဝကို-မရှိသင်တာ၊မဖြစ်သင့်တာ-ဒါကြောင့် အခုကျွန်တော်တို့ဆန္ဒပြဖို့အခွင့်တင်စရာမလိုဘူး-မနေ့က ည(၈)နာရီက-ကျွန်တော်ကိုခေါ်ပြီးညှိတယ်-ချိမ်းချောက်တာပေါ့ဗျာ- မလုပ်နဲ့-လုပ်ရင်အရေးယူခံရမယ်၊ဘာဖြစ်မယ်ညာဖြစ်ဆိုပြီးခေါ်ပြောတယ်၊ကျွန်တော်ကလဲ-အခြေခံ ဥပဒေ-အပိုဒ်(၃၅၄)(က/ခ)တို့ကိုထောက်ပြရှင်းပြတယ်-မလိုအပ်ဖူးလို့ပြန်ပြောလိုက်တယ်-လို့ထိုပွဲကို ဦးဆောင်သူ-ကိုမျိုးသူထွဋ်-က ပြောပြပါတယ်။

လမ်းတွင်အမှတ်(၂)ရဲစခန်းမှုးဦးဆောင်သော-ရဲတပ်ဖွဲ့က(၅)နေရာလောက်မှာအဆင့်ဆင့်တားခဲ့ကြပါတယ်- စခန်းမှုးက-ခွင့်ပြုမိန့်တစုံတရာမရှိသည့်အတွက်-အရေးယူရမည်။ဖြစ်သဖြင့်၎င်း၊လမ်းသွားလာတွေ စိတ်အနျောက်အယှက်ဖြစ်စေတာကတကြောင်း၊အခုလို-ဘာသာရေးအထိကရုံးတွေနေရာအနှံမှာဇြစ်ပွားနေချိန်ဖြစ်သဖြင့်-အခုလိုမျိုးကိုခွင့်မပြုနိုင်ကြောင်း-ဖြစ်လဲမဖြစ်သင့်ကြောင်း တို့ကိုရှင်းပြပြီးဝင်ရောက်ဟန့်တားခဲ့ပါသည် ဟု-စခန်းမှုးက-ပြောပြပါသည်။

မနက်ခင်း(၁၀)နာရီတွင်-ရွှေတချောင်လမ်းနှင့်၊ရွှေကျောင်းကြီးလမ်းအရောက်တွင်-မြို့နယ်အာဏာပိုင်အဖွဲ့၊ရဲအင်အား(၃၀) ခန့်တို့နှင့် အတင်းတာဆီးသောကြောင့် ဆန္ဒပြပွဲကိုထိုနေရာမှာပဲ-ရပ်တံ့ခဲ့ကြပါသည်။နောက်ဆက်တွဲအနေနှင့်-(၁၁)နာရီခန့်တွင်-အမှတ်(၂)ရဲစခန်းမှ-တရားမ၀င်ဆန္ဒပြမှုအတွက်-အမှုဖွင့်အရေးယူခံရန်-ရဲစခန်း သို့လာရောက်ဖို့အတွက်-ကိုမျိုးသူထွဋ်၊ကိုခင်ဦး၊ကိုဖိုးကျော်၊ကိုပိုက်တင်၊ကို ဖိုးဝင်း -ခေါ်ယူထားကြောင်း-အမှတ်(၂)စခန်းမှုးက-သူတို့(၅)ယောက်ကို-တရာမ၀င်ဆန္ဒပြမှုအတွက်တရားလိုပြုလုပ်ပြီး -ပုဒ်မ(၁၈)နှင့်အမှုဖွင့်မည်ဖြစ်ကြောင်း-စခန်းမှုးကြီးထံမှသိရှိရပါသည်။

ပြည်သားလေး

Pyay City