Home » » စအိုကင်ဆာကလေးငယ် မန္တလေး ဆေးရုံတွင် အခမဲ့ ခွဲစိတ်မည်

စအိုကင်ဆာကလေးငယ် မန္တလေး ဆေးရုံတွင် အခမဲ့ ခွဲစိတ်မည်

Written By Unknown on Tuesday, August 20, 2013 | 2:02 PM

ရန်ကုန်၊ သြဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး ခုတင် ၅၅၀ ဆံ့ ကလေး ဆေးရုံကြီးတွင် တက်ရောက် ကုသလျက်ရှိသော စအိုကင်ဆာ ဖြစ်နေသော တစ်လသား အရွယ် ယောက်ျားလေးကို ဆရာဝန်ကြီးများက အခမဲ့ ခွဲစိတ် ကုသပေး မည် ဖြစ်ကြောင်း ကလေးငယ် ကျန်းမားရေးအတွက် ကူညီနေသော One to One Myanmar ကူညီရေးအဖွဲ့မှ ဦးနေမျိုးမောင်မောင်က ပြောကြားသည်။

ကလေးငယ်မှာ အမြန်ဆုံး ခွဲစိတ်ရန် လိုသော်လည်း အသည်းရောင် အသားဝါ ဖြစ်ပွားနေခြင်းကြောင့် မေ့ဆေးပေး၍ မရသဖြင့် ခွဲစိတ်ရန် ဆိုင်းငံ့ထားရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဆေးရုံကြီးသို့ လွန်ခဲ့သည့် ငါးရက်ခန့်က ရောက်လာသော ကလေးငယ်သည် ပအို့ဝ် တိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွားခဲ့ပြီး ခွဲစိတ် ကုသ အောင်မြင်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိကြောင်း ဆရာဝန်တစ်ဦး ၏ ပြောကြားချက်ကို ၎င်းက ပြန်လည် ပြောဆိုသည်။

ယခုနှစ်အတွင်း တစ်ကိုယ်လုံး မီးစွဲလောင်ခံရသော ကလေးငယ် တစ်ဦး၏ သတင်း အင်တာနက် စာမျက်နှာနှင့် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့မှုကြောင့် အနုပညာရှင်များနှင့် ထင်ရှားသည့် ပြည်တွင်း လူမှုရေး အဖွဲ့ အစည်းများက ကူညီခဲ့ဖူးသည်။

ယခု စအိုကင်ဆာ ဖြစ်နေသော ကလေးငယ်၏ သတင်းသည်လည်း လူမှု ကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့ရာ လူမှုရေး လှုပ်ငန်းများတွင် တက်ကြွစွာ လှုပ်ရှားနေသည့် အလှမယ် နန်းခင်ဇေယျာကလည်း ကူညီမှုများ ပေးသွား မည်ဟု ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

The Voice Weekly