Home » » မိုးခေါင်ရေကြီး ပျက်စီးသီးနှံများအတွက် လယ်/ဆည်ထံ မျိုးစေ့အကူအညီတောင်းခံ

မိုးခေါင်ရေကြီး ပျက်စီးသီးနှံများအတွက် လယ်/ဆည်ထံ မျိုးစေ့အကူအညီတောင်းခံ

Written By Unknown on Wednesday, August 21, 2013 | 6:25 PM

မိုးခေါင် ရေကြီးမှုများကြောင့် သီး နှံများ ထိခိုက်ပျက်စီးမှုအပေါ် လယ်/ ဆည်ဝန်ကြီးဌာနက မျိုးစေ့များ အကူ အညီပေးရန် တိုင်းဒေသကြီးနှင့် ပြည် နယ် ၄ ခုတို့က အကူအညီတောင်းခံ ထားသည်။ ပြီးခဲ့သော ဇူလိုင်လကုန်ပိုင်းမှ စကာ ကရင်ပြည်နယ်တွင် ရေစတင် ကြီးပြီး မွန်၊ တနင်္သာရီစသော ဒေသတို့ ၌ပါရေကြီးမှုဖြစ်ပေါ်ခဲ့ရာ လယ်ဧက သိန်းချီ၍ ရေကြီးနစ်မြုပ်မှုခံရပြီး ဧက သောင်းဂဏန်းနှင့်အထက် ထိခိုက်ပျက် ဆီးမှုရှိခဲ့ရာ ကရင်ပြည်နယ်နှင့် တနင်္သာ ရီတိုင်းဒေသကြီးတို့က မျိုးစေ့များကို လယ်/ဆည်ဝန်ကြီးဌာနထံမှ အကူအ ညီတောင်းခံထားသည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထို့အတူ မိုးခေါင်၍ အောင်ရေ မရရှိမှုကြောင့် မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လယ် ထောင်နှင့်ချီကာ ပျက်စီးမှုရှိသဖြင့် ထိုဒေသတို့ကပါ မျိုးစေ့အကူအ ညီရရှိရန် တောင်းခံထားကြောင်း ၎င်းဦးစီးဌာနမှ ထပ်မံသိရသည်။

မျိုးစေ့ဌာန ညွှန်ကြားရေးမှူး ဒေါက်တာရဲတင့်ထွန်းက ''မန္တလေးနဲ့ စစ်ကိုင်းကတော့ ပဲမျိုးစုံနဲ့နေကြာမျိုးစေ့ တွေကိုတောင်းခံထားတာရှိသလို ကရင် နဲ့ တနင်္သာရီက ဒေသနဲ့ကိုက်ညီတဲ့ စပါးမျိုးစေ့ကို တောင်းထားတယ်''ဟု ပြောသည်။

စစ်ကိုင်းနှင့်မန္တလေးတိုင်းဒေသ ကြီးသို့ မျိုးစေ့များ စတင်ပေးပို့သွားရန် စီစဉ်နေပြီး စပါးမျိုးစေ့တို့ကိုလည်း ကရင်နှင့် တနင်္သာရီသို့ ပေးပို့ရန် လုပ် ဆောင်နေကြောင်း ၎င်းထံမှ သိရသည်။ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးချစ်လှိုင်က''တောင်သူတွေ စိုက်ပျိုး ရေးမှာ အခက်အခဲမရှိစေဖို့ ထုတ်ပေး ရမှာဖြစ်တဲ့အတွက် ပြည်နယ်အစိုးရက လည်း စီစဉ်နေသလို
ပိုပြည့်စုံအောင် လို့ သက်ဆိုင်ရာဝန်ကြီးဌာနကိုလည်း အကူအညီတောင်းခံထားပါတယ်''ဟု ပြောသည်။

လယ်/ဆည်တာဝန်ရှိသူတစ်ဦး က ရေကြီးမှုခံခဲ့ရပြီး ဧက ထောင်ဂဏန်း လောက်သာ ထိခိုက်ပျက်စီးမှုရှိသည့် မွန်ပြည်နယ်ကမူ မျိုးစေ့အကူအညီ မ တောင်းခံဘဲ သိုလှောင်ထားသည့်မျိုးစေ့ ဖြင့်သာ လုပ်ဆောင်မည်ဟု ဆိုသည်။ ယခင်နှစ်က မိုးသည်းထန်စွာ ရွာ သွန်းမှုကြောင့် ဧက သိန်းချီကာ ထိခိုက် ပျက်စီးမှုရှိခဲ့ဖူးသော်လည်း ယခုနှစ်က ယခင်နှစ်ထက် ထိခိုက်မှုလျော့နည်းခဲ့ သည်။

Popular Myanmar News Journal